သူငယ်ချင်း တစ်ယောက်က ဖိတ်စာပို့လာတယ် ။ သီတင်းကျွတ်မို့မထူးဆန်းဘူးလို့မထင်နဲ့ သူပို့တဲ့ဖိတ်စာ က မင်္ဂလာဆောင်ဖိတ်စာမဟုတ်ဘူးဗျ ။ ကဲ .. . ထင်ထားတာနည်းနည်းတော့လွဲသွားတယ်မို့လား ။ သူပို့တဲ့ဖိတ်စာ က သူ့ကလေး (၅) နှစ် ပြည့်အလှူ လေးလုပ်မလို့ဆိုပဲ။
ဒီကလေးအဖေနဲ့ ကျွန်တော်နဲ့ က တစ်ယောက်ဖင်လှန် ပြီး တစ်ယောက် က တံတွေးနဲ့ထွေးခဲ့ကြတဲ့ ရောင်းရင်းတွေပေါ့ဗျာ။ တက္ကသိုလ် ထိတောင် အတူတူပါပဲ ။ ကျောင်းလဲပြီးရော သူ့ရည်းစားနဲ့ မယူလို့မရဘူးဆိုပဲ ။ ( မဟုတ်တာမတွေးပါနဲ့ ) ကောင်မလေးက တောင်ပေါ်သူဆိုတော့ ဝေးမှာဆိုးလို့ပါတဲ့။ ဒီလိုနဲ့ ညားကြရောပေါ့ဗျာ ( မင်္ဂလာဆောင်ကြခြင်းကိုသာဆိုလိုသည်ဟု အထူးရှင်းပြရန်မလို ဟု ထင်ပါသည်။ )
ငယ်ငယ်နဲ့အိမ်ထောင်ပြုလိုက်တော့ သူလည်း ရုန်းကန်ရတာ မလွယ်ပါဘူး ။ ကျွန်တော် တောင် သူ့ကို နွား လို့ပြောဖူးသေးတယ်။ ( ဟော ... ခင်ဗျား မဟုတ်တာ တွေးပြန်ပြီ ) ကျွန်တော် ရှင်းပြပါ့မယ်။ ကျွန်တော် က သူ့ကိုမေးတယ် ။ သူငယ်ချင်း အဆင်ပြေလားဆိုတော့ သူက ဒီလိုပါပဲ ရုန်းရကန်ရတာပဲ လို့ ပြောလို့ ကျွန်တော်က သူ့ကို နွား လို့ပြောတာပါ။ လူကြီးမင်း စဉ်းစားကြည့်လေ ရုန်းတယ် ၊ ကန်တယ် ဆိုတာ နွားပဲလေ ။ ကျွဲရော လို့ ကပ်မလို့လား ။ ကပ်လို့ရပါတယ် ။ ကျွဲ က ရုန်းပါတယ် ။ ဒါပေမယ့် မကန်ဘူး ဗျ ။ ဒါကြောင့် လူကြီး ၊ လူငယ် ၊ အရွယ်တူ တွေ စကားပြောရင်း နဲ့ ဆရာကြီး လေသံထည့်ပြီး .. အင်း... ရုန်းရကန်ရတာ မလွယ်ပါဘူး... လို့ကြားရင် ကျွန်တော် ခွက် က အော်တို ပြဲပြီးဘေးနှစ်ဖက်ကို ကားတက်သွားတတ်တယ် ။ မြန်မာမှုပြုထားတာတော့ ပြုံးတယ်ပေါ့ဗျာ။
အိမ်ထောင်ပြုတယ်ဆိုတာ စဉ်းစားလေရှုပ်လေပဲ ဒီကြားထဲမှာ သူငယ်ချင်းတစ်ယောက်နဲ့ ခေါင်းစဉ်လေး နှစ်ခုကို စဉ်းစားပြီး သူ့အမြင် ကိုယ့်အမြင်လေးတွေကို ပြောကြည့်ကြတယ်။ ခေါင်းစဉ်လေးကတော့
Sex without Love
Love without Sex
ပါ ။ ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ဒီကောင်တော်တော် ယုတ်ကန်း နေတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မိတ်ဆွေ လက်တွေ့ မဟုတ်တောင်မှ Sex အကြောင်းကို စိတ်ကူးမယဉ်ဖူးတဲ့လူ ဆိုတာ တော်တော် ရှားမယ်နော ( တော်တော် ဆိုတာ Cover ယူတာပါ။ တကယ်ဆို မရှိဘူးလို့ အပိတ် ရေးမလို့ပါ )
ဆွေးနွေးဖြစ်တာတွေကိုတော့ အသေးစိတ်ချမရေးတော့ပါဘူး။ ကိုယ့်ဖာသာကိုယ်ဆက်တွေးကြပေါ့ဗျာ။ နောက်ထပ်ဆက်သွားတာက
Sex before marriage ပါ ။ ဒါကတော့ ရှင်းပါတယ်။
အရင်ခေတ်ကတော့ ရှင်းပါတယ် ။ သွားမလုပ်နဲ့ ဗူးပေါ်သလိုပေါ်လာ မယ် ဆိုတာ နဲ့တင်လုံလောက်ပါတယ်။ ဒီစကားနဲ့တင် အတိုင်းအတာတစ်ခု ခရီးပေါက်ခဲ့မှာပါ။ အခုများတော့ ပုတ်သင်ညို တစ်ကောင်နဲ့တင် ဒီစကားလုံးက မြောင်းထဲရောက်သွားပြန်ရော။
အရင်ခေတ်ကတော့ ရှင်းပါတယ် ။ သွားမလုပ်နဲ့ ဗူးပေါ်သလိုပေါ်လာ မယ် ဆိုတာ နဲ့တင်လုံလောက်ပါတယ်။ ဒီစကားနဲ့တင် အတိုင်းအတာတစ်ခု ခရီးပေါက်ခဲ့မှာပါ။ အခုများတော့ ပုတ်သင်ညို တစ်ကောင်နဲ့တင် ဒီစကားလုံးက မြောင်းထဲရောက်သွားပြန်ရော။
ဂျွန်ပေါ (ခရစ်ယန်ဘုန်းတော်ကြီး ဟောင်း ) ဟာ ဆိုရင် ဒီ ဦးထုပ် ကိစ္စကို အပြင်းထန် ကန့်ကွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ၊ ဒါပေမယ့်ပေါ့လေ...
ကျွန်တော်ကတော့ ဆိုးတယ် ကောင်းတယ် ဘာကိုမှ ကွန်းမန့်ပေးချင်တာ မဟုတ်ပါဘူး။ ဖြစ်နေတဲ့ ခေတ်အခြေအနေနဲ့ ရေစီးကြောင်း လေးကို လူတိုင်းသိပါတယ် ။ ဒါလေးကို ကျွန်တော့် ဘလော့မှာ မှတ်တမ်းတင်ထားတဲ့သဘောပါပဲ။ ကျွန်တော့် များ အိမ်ထောင်ကျ ၊ ကလေးရလာလို့ ကျွန်တော့် သား အရွယ်ရောက်လာရင် .. သူဖတ်ဖို့ပါ ။ ( ဒီအဖိုးကြီး က ဒါလေးကိုများ ရေးကြီးခွင်ကျယ် လုပ်ပြီး ဘလော့ပေါ်ရေးထားတယ် ) ဆိုတဲ့ ကွန်းမန့်လေး ရမှာကိုလည်း ကြိုတင်သိနေသလိုပဲ။
နီးစပ်တဲ့ အသိုင်းအ၀ိုင်း က လူငယ်တွေ ( အသက် ၁၇ မှ ၂၃ )ကို ဒီခေါင်း စဉ်လေးတွေ ဆွေးနွေးကြည့်တော့ ဒီခေါင်း စဉ်လေးတွေရော ၊ ကျွန်တော် ရော မြောင်းထဲရောက်သွားတယ်။
အော် ... ခေတ် ဆိုတာကြီးက လစ်လိုက်တာ မှုန်နေတာပဲ ... အမှီလိုက်ဖို့မပြောနဲ့... လှမ်းတောင်မမြင်ရတော့ဘူး..
ကဲ.. ရှုပ်ပါတယ်ဗျာ .. မြောင်းထဲသာ ခုန်ချလိုက်တော့ ... ကျွန်တော် ရှိတယ် မြောင်းထဲမှာ ...
လေးစားစွာဖြင့်
နေစိုးနိုင်
6 comments:
ကိုယ်မင်းအရင် ရောက်နေတာ
မင်းလည်းရှိနေတော့တော်သေးတာပေါ့
အဖော်ရှိပေလို့
ဟဟဟဟားးးး
ပျော်ရွှင်ပါစေဗျားးးး
ဟားဟား...မြောင်းထဲက နှစ်ကောင်... လာ..လာ ပြန်တက်ခဲ့ကြ....
မြောင်းဘောင်ပေါ်က ( ရွှံ့ တွေပေ...လို့ ....)
LMK
ဟဟဟားးးးးးးးးးး ကိုလွင်မင်းခန့် ပြောတာ သဘောကျသကွ။
ဟေ့ရောင်တွေ နှစ်ကောင်လုံး တက်လာခဲ့ မြောင်းက ရွှံ့ မကလို့ အမှိုက်တွေပါပြည့်နေတာကွ။ မင်းတို့ ဒါတောင် မသိဘူးလား။ ဟိဟိ
ကိုနိုင်ကြီးရေ....
ကောင်းတယ်ဗျ။ ဒီပိုစ့်လေး သိမ်းထားပေးတယ်နော်။
သဘောအားကြီးကျတယ်
ကောင်းတယ်ဗျို့... ကြိုက်တယ်..၁မှတ်း)
Post a Comment