Friday, October 30, 2009

2012 မှာ ကမ္ဘာကြီးပျက်ခဲ့လျှင်. . .



--

ကိုယ်တိုင်တော့ ဒီလိုခေါင်းစဉ်မျိုး မစဉ်းစားဖူးပါဘူး ။ ဟော .. အခု မနှင်း ( နှင်းနဲ့မာယာ ) က တဂ်ထားတယ်တဲ့ဗျာ ။ ပြီးရှိသေးတယ် သူက ရေးထား သေးတယ် သူ့ကိုခင်ရင် ရေးပေးပါတဲ့ ။ ချုပ်တာပေါ့ဗျာ ။ မရေးပေးရင်ဘဲ သူ့ကို မခင်သလိုလို ဘာလိုလို လူလည်လုပ်နည်းတစ်မျိုးပဲထင်ပါရဲ့။ ဒါနဲ့ပဲ ကျောက်တုံးကို အရည်ညှစ်သလို ညှစ်ပြီးရေးလိုက်ရပါတယ် ( ဦးနှောက် ကို ညှစ်တာနော် ) 

 

ကဲဗျာ ပုဂ္ဂိုလ်အပေါင်း ပြောသလိုပဲ ၂၀၁၂ မှာ ကမ္ဘာကြီးသာ ပျက်မယ်ဆိုခဲ့လျှင် . . .

ထို့ထက်ပို၍ အဲဒီအချိန်အထိ ကျွန်တော် အသက် ရှင်လျှက်ရှိနေဦးမည် ဆိုခဲ့လျှင် . . .

ယခုကဲ့သို့ စိတ်ကူးယဉ်ထားပါသည်။

 

အုတ်အော်သောင်းနင်း နဲ့ ရေကြီးတဲ့နေရာကြီး မီးတောက်တဲ့နေရာတောက် သစ္စာဖောက်ချင်းဆိုတာ ဘာမှန်းမသိတော့တဲ့ ကာလကြီးမှာ ငါ ဘယ်သူနဲ့ အတူရှိနေချင်သလဲ ဆိုတော့ အဖြေကမရေရာဘူး ။ ဟိုလူနဲ့လိုလို ဒီလူနဲ့လိုလို ဘာမှန်းလဲမသိဘူးဗျ ။ နေစိုးနိုင် လို့ နာမ တပ်ထားတဲ့ ခန္ဓာကိုယ်ကြီးနဲ့ အတူ ရှိနေဖို့တော့သေချာပါတယ် ။

 

ဒီလိုနဲ့ ပဲ ကမ္ဘာကြီးမှာ လူတွေက ဘာမှမဖြစ်ရသေးခင် ၂၀၀၈ -၂၀၀၉ လောက် ကတည်းက ဟိုပြောဒီပြော တစ်ယောက်တစ်ပေါက် လျှောက်ပြော လာကြ တာဆိုတော့ အခု ( ၂၀၁၂ ) ဆိုတော့ ဟိုလူပြောဟုတ်နိုးနိုး ၊ ဒီလူပြောဟုတ်နိုးနိုး မယုံတ၀က် ယုံအခက် ဆိုတဲ့ ကာလ ကို ၃ ၊ ၄ နှစ်လောက်ဖြတ်သန်းလာခဲ့တော့ အေးဆေးပါပဲ တကယ်ပျက်လို့ သေမယ်ဆိုလည်း အဆ .. အေးဆေးပဲ ဆိုတဲ့ မထူးဇာတ်ခင်းချင်တဲ့ ခံစားချက်ကလေးကို ခံစားနေမိမှာပါ။

 

မိုးကြိုးပစ်မှ ထန်းလက် ကာ တဲ့ ငါ ဘာကို လုပ်တော့မလဲ ။ ဘာတွေပြင်ဆင်သွားမှာလဲ ဆိုပြီး စဉ်းစား ကြည့်လိုက်တော့ အသက်ရှင်ချင်ရင် အသက်ရှု ရမယ် ။ အသက်ရှုနေရင် မသေဘူးပေါ့။ ဒါဆိုရင် အသက်ရှုတတ်ဖို့ လေ့ကျင့်ထားမယ်။

 

ဒီလို အဖြစ်ဆိုး (အများသတ်မှတ်ချက်) နဲ့ ကြုံရတာ ၀မ်းနည်းမိမှာလားကြောက်နေမှာလား ဆိုတော့ ထူးပြီးဝမ်းနည်းမှာမဟုတ်ဘူး ။ ဘာလို့လဲဆိုတော့ အဖော်တွေအများကြီးလေ (ပုတ်သင်ညို မဟုတ်ပါ ) အားလုံးပျော်ပျော်ပါးပါးကြီးပေါ့။ ၀မ်းမနည်းရင် မင်း ပျော်နေလားလို့ မေးခဲ့ရင် လည်း မပျော်ဘူး လို့ပြောမှာပဲ ။ ဘာလို့လဲဆိုတော့ ပျော်ခြင်း ၊ ၀မ်းနည်းခြင်း ၊ကြောက်ခြင်း  ဆိုတာကို သတိမရလောက်အောင်ကို ပူလောင်တဲ့ သောက ဗျာပါဒ တွေလည်း ရှိနေမှာကိုး။

 

ကိုယ်နဲ့အတူရှိနေချင်တာကတော့ မီးဒဏ် ၊ ရေဒဏ် ခံနိုင်တဲ့ Hard disk လေးတစ်လုံး နဲ့ ဘာတွေရေးထားမလဲဆိုတော့ အခု ပေးဆပ်သူဆိုတဲ့ ဘလော့  လေး ကို Back up လုပ်ထားမိမယ်။

 

ဘာတွေတွေးနေမိမလဲ ဆိုတော့ အော် .. အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတာ တကယ်ပါလား ဟ။

 

တော်ပါသေးရဲ့ မြန်မာပြည်မှာလူဖြစ်လို့ ( ကြံဖန်ဂုဏ်ယူခြင်း )

 

သူများတွေလည်း ငါ့လိုပဲ ။ ငါလည်း သူများလိုပဲ  ဆိုပြီး ဖြေသိမ့်မိမယ်။

 

ဥဒါန်းတစ်ခု ကျူးရင့်ပါဦး ဆိုခဲ့လျှင်တော့

 

ကမ္ဘာပေါ်မှာ သူများနိုင်ငံများနည်း တူ ဘာတခုမှာ မတူခဲ့လေသမျှ ဒီနေရာမှာ တူပြီကွ .. အဲဒါ မြန်မာ …. ဆိုပြီး ကျူးရင့်လိုက်မယ် ။ ( ဘာရမလဲ မြန်မာ ကွ)

 

နောက်မျိုးဆက်အတွက် မှာတမ်းလေး ကတော့ …

ကိုယ့်လူတို့ရေ … ငါက မယုံလို့ လျှောက်ရေးထားခဲ့ တာ .. တကယ်သေတာ ဟ ..

သွေးပြောတာလဲ ယုံကွာ … ဘေးပြောတာ လဲ ယုံသင့်ရင်ယုံကွ…

ဘယ်သူပြောပြော ချင့်ချိန် ယုံကွာ … အေးဒါပါပဲ . . . လစ်ပြီ …


Remark for this post : I am neither a believer nor....

 

သွားလေသူကြီး

နေစိုးနိုင်



4 comments:

နှင်းနဲ့မာယာ said...

ယုံတာတော့ ယုံပါဘူး....
သူငယ်ချင်း ဘလော့ဂါတွေ ပျင်းနေမှာစိုးလို့
ခင်မင်စွာနဲ့ အိမ်စာ ပေးတာပါနော်..
ရေးပေးတာတော့ ကျေးဇူးနော်...

အော် ဒါနဲ့ လမ်းကြုံရင် တို့ဘလော့လေးကိုပါ
Backup လုပ်ပေးထားနော်
အလုပ်အပ်ထားပါတယ် ၂၀၁၂ အတွက်...

နှင်း

flowerpoem said...

ကိုနေစိုးနိုင် . . . တဂ်စာလာစားပါတယ် အဲဟုတ်ပါဘူး လာဖတ်ပါတယ် :P

leomark said...

ကိုနေစိုးနိုင် ခမျာ သနားပါတယ်။။။ ဖြစ်ညှစ်ရေးထားရတဲ့ အပြင် အလုပ်ပါ အအပ်ခံရသေး .. အဟီး..

ရေတမာ said...

ကိုနေစိုးနိုင်ဆိုတဲ့ လူကို မြင်ရတယ်