Monday, August 31, 2009

သံယောဇဉ်ကောက်သင်းကောက်

တချိန်က
သီးနှံအပြည့်နဲ့ ဒီကွင်းပြင်
ရင့်မှည့်ကာ တာဝန်ကုန်တော့
ပိုင်ရှင်က လာရိတ်သိမ်း
အခုတော့ လွင်တီးခေါင်ပေါ့
ပိုင်ရှင်ကျန်ခဲ့ လက်ကျန်အချို့
ငါ့အဖို့ကျန်လောက်ကောင်းပါရဲ့
 
မျက်စိတဆုံးလှမ်းအကြည့်
လိုင်းမမိတဲ့ရေဒီယိုရဲ့
ဂဂျီဂဂျီမြည်သံကတမှောင့်
ရင်ဘက်အောင့်လှချေရဲ့ကွာ
 
ဖိနပ်ပေါက်လို့ ခါးကနာ
ကြည့်လှည့်ပါကျုပ်အဖြစ်
အပြစ်ဆို ဘယ်သူကို ပုံရပါ့
ပြော.. ပြောချင်တော့ဘူး
 
ကွင်းပြင်ကိုဖြတ်ခါလျှောက်
လွမ်းဘူတာမှာ တထောက်နားကာပေါ့
ဘ၀ ဆိုတဲ့ နေညိုညို
သူမပြို ခင် ချိန်ရှိတုန်း
ချိန်ဖြုန်းလိုတော့ဘူး
 
ဒီကွင်းပြင် ဟိုတ၀ိုက်
တစ်ပင်ကျန် နှစ်ပင်တွေ့လိုငြား နဲ့
ဇွဲအပြည့်နဲ့ မာန်ကိုတင်း
ကောက်ဟဲ့ ... ကောက်သင်း ....
 
သူများတွေရိတ်သိမ်းသွားကြတဲ့ ကွင်းပြင်ကြီးထဲက သံယောဇဉ်ကလေး တပင်တလေများ တွေ့လိုတွေ့ငြား မျှော်လင့်ချက်များစွာဖြင့် ကောက်သင်းကောက်နေကြသော ဘ၀ သမား သံယောဇဉ် ကောက်သင်းသမားများသို့..
လေးစားစွာဖြင့်
နေစိုးနိုင်

--
Nay Soe Naing
www.naysoenaing.com

3 comments:

Angel Shaper said...

စိတ်မကောင်းပါဘူး။ ရန်သူမရှိတော့ တစ်ရတယ်။ ဟဟားးးးး
ကောက်သင်းသမားများ ကောက်နိုင်သင်းနိုင်ပါစေဗျာ။

flowerpoem said...

ကောက်သင်းလိုက်ကောက်ရတော့မယ် ကိုနေစိုးနိုင်ရေ

leomark said...

ရွာကို တောင်သတိရလာတယ်ဗျာ ..