ရေးရမှန်းမသိဘူးဖြစ်နေတယ်။ သူများကိုယ့်ကို အဲဒီလို လာပြောရင်တော့
အဲဒီဘာမှ မရှိတဲ့ အကြောင်းလေး ချရေးလိုက်ရင်ပဲ စာတစ်ပုဒ်တော့ ရတာပေါ့
လို့ ခပ်ပေါ့ပေါ့ (ခပ်ပေါပေါ )လေး နှစ်သိမ့်ပေးဘူးတယ်။
ကိုယ်တိုင်ကြုံနေတော့မှ တော်တော် ဆိုးရွားမှန်းသိလိုက်ရတယ်ဗျ။
ကျွန်တော် တို့ ဘလော့ဂါ အသိုင်းအ၀ိုင်း မှာ ကိုယ့်ဆီမှာ
စာအသစ်လေးတွေတင်တဲ့ အခါ ခင်တဲ့သူငယ်ချင်းတွေကို စာလာဖတ်ဖို့ဖိတ်ရတာပေါ့ ။
တကယ့် စာကောင်းပေကောင်းတွေ ရေးနေကြတဲ့ ဘဘော့ဂါ အကြီးစားကြီးတွေက တော့
မလိုဘူးပေါ့ဗျာ ။ ကျွန်တော် တို့လို ကဗျာမပီ ..စာမပီ ( စံလင်း
သီချင်းနှင့် ဆင်ဆင်တူသည်) ရေးထားတဲ့ ဘလော့မျိုးကြတော့ Self Promotion
လေးဘာလေး ဆင်းသင့်ဆင်းရတာပေါ့ ဗျာ .. ခေတ်ကလည်း ဒီလိုခေတ်ပဲမို့လား ..
စာတစ်ကြောင်း ၄င်း ဆယ်ခါပါ ဆိုသလို သီချင်းတစ်ပုဒ်မှာ နာမည် အသင်္ချေ
ပါနေတာကို ။ ကျွန်တော်တို့လား အားကျပေသပေါ့ဗျာ။( ကျွန်တော့် နာမည်က ဘာညာ
..သာရကာ ပါ...)
အဲပြောချင်တာက ပြည်ပမှာနေတုန်းကတော့ ပြဿနာ ရှိပေါင်ဗျာ ။ သွားချင်တဲ့နေရာ
ရွှတ်ကနဲ၊ ရွှတ်ကနဲ ချောဆီထည့်ထားတဲ့ အတိုင်းပဲ ( စက် ဟုသာ
မှတ်စေလိုပါသည်ခင်ဗျာ) ကျွန်တော်ချစ်ပါတဲ့ဆိုတဲ့ မြေရောက်တော့မှပဲ
ဟိုလမ်းကသွား ဆူးခြုံနဲ့ ဒီလမ်းကသွား အီးပုံ နဲ့ ( E ပုံနော်
ကျွန်တော့်ကို ညစ်ပတ်တယ်ပြောနဲ့ သူကျတော့ လက်နဲ့ကိုင်ပြီး
သူများရေးတဲ့စာကိုလာပြီး ညစ်ပတ်တယ်မပြောနဲ့) ဆိုသလိုပါပဲဗျာ ။
သူငယ်ချင်းတစ်ယောက်က ဒီဆိုက် ကလေးနဲ့ ကျော်လိုက် ဆိုပြန် Access Denied
ဆိုပြန် နောက် တစ်ခုလာပြန် Denied ပြန်နဲ့ မလွယ်ပါဘူးဗျာ။ တော်တော်
တော်တည့် လူတွေဗျာ ချီးကျူးပါရဲ့ ဒီလူတွေ ၀မ်းပိတ်ဆေးရောင်းစားရင်
စီးပွားများဖြစ်မလားမသိဘူး။( ဆိုင်ဘူးထင်တယ်နော်)
ကဲပြောချင်တာက ကျွန်တော့်ဘလော့လေးကို လာလည်ကြတဲ့ ဘလော့ဂါသူငယ်ချင်း
အပေါင်းကို အိမ်ပြန်လည်မပေးနိုင်သေးတဲ့အတွက် တောင်းပန်တဲ့စာပါဗျာ
ကျွန်တော့် ဘလော့ဂါညီမလေး ဖြူစင်ကြယ် အပါအ၀င်
သူငယ်ချင်းတော်တော်များများ ကိုတောင် Friend List မှာ ထည့်ဖို့
ဒီကနေကြိုးစားတာ ဘယ်လိုမှရပေါင်ဗျာ။ တခြားသူငယ်ချင်းတွေဆီလည်း
လည်ချင်ပေမယ့် ။ လမ်းမှာက ဆူးခြုံတွေရော အီးပုံတွေရောပြည့်လို့ ။
လိုရာကိုခရီးမပေါက်တော့ဘူး။
ဟိုနေ့ကဆို သူငယ်ချင်းတစ်ယောက်က သူ့ဆိုက်လာပါဦးဆိုတော့
ကလစ်လုပ်လိုက်တာပေါ့ ပြီးတော့ စိတ်ထဲမှာတော့ လာဦးမယ် Access Denied
ဆိုပြီး ထင်နေတာ ပြီးမှ သူ့အကောင့် က co.cc ဖြစ်နေတာကိုး
ပျော်လိုက်တာဆိုတာလေ။ မပြောတတ်လို့မပြောတော့ဘူး (
အဲဒါလူလည်လုပ်နည်းပေါ့ဗျာ)
ကဲသူငယ်ချင်းဘလော့ဂါအပေါင်းတို့ အသင်တို့ထံပြန်လာမလည်နိုင်သော
နေစိုးနိုင် အားခွင့်လွှတ်ကြပါကုန်
ကဲသူငယ်ချင်းဘလော့ဂါအပေါင်းတို့ အသင်တို့ထံ ပျက်ကွက်သွားသော တဂ်
ပိုစ့်များအားလုံးအတွက် နားလည်ပေးကြပါကုန် ( တဂ်မှန်းမသိလို့)
ကဲသူငယ်ချင်းဘလောဂါအပေါင်းတို့ အသင်တို ဘလော့စရာများကိုသာ ဆက်လက်ဘလော့ ကြပါကုန်
ကျွန်ုပ်လည်း ဘလော့လိုက်ပါဦးမည်။
ကဲ အသင်စာဖတ် သူမိတ် ဆွေ အခုလို ကျွန်တော့် သူငယ်ချင်းတွေကို
တောင်းပန်ထားတဲ့ စာကို တခုတ်တရ ဖတ်ပေးတဲ့အတွက်
ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
စာကောင်းကောင်းမရေးနိုင်သည်ကို ခွင့်လွှတ်ကြပါကုန်
လေးစားစွာဖြင့်
နေစိုးနိုင်
--
Nay Soe Naing
www.naysoenaing.com
3 comments:
သူငယ်ချင်း ဗီကေးရှင်းလား။ပျော်ပါစေဗျာ။
ကိုချမ်း ငပေါ.. ကိုနိုင်ကြီးက မကေးရှင်းဘူး။
အမေ့ကို မိန်းမတောင်းခိုင်းဖို့ အပူကပ်နေတာ အဟိ။
ချစ်လို့စတာဗျ။ တကယ်ဆိုလဲ သိတော့ဘူး။။ ဟဲဟဲ
ခွင့်လွှတ်သင့်ပါတယ်လေ။ သူက ဆူးခြုံ၊ အီးပုံ အဲ E တောတွေ ဖြတ်လာရတော့ နားလည်ခွင့်လွှတ်ရပေမပေါ့။
အားလုံးပဲ ခွင့်လွှတ်တယ်ဟုတ်စ့်။
ရက်စ်တဲ့ခင်ဗျာ။ အသင် မောင်နေစိုးနိုင် မဲနိုင်ကြောင်းးးး ဟိဟိ။
အဆင်ပြေသလိုသာ လုပ်ပါ ကိုနိုင်ကြီးရေ...
အောင်မြင်ပျော်ရွှင်လို့  ဆူးပုံ၊ အီးပုံ အခက်အခဲမရှိ ကျော်လွှားနိုင်ပါစေဗျာ။။။။။
ချမ်းလင်းနေ ရေ ကျွန်တော် မြန်မာပြည်ကို အပြီးပြန်လာတာပါဗျာ
အိန်ကျယ် ( ဂျယ် မဟုတ်ပါ အိမ်မှာကျယ်လို့ပါ) ကျေးဇူးတင်ပါတယ်
Post a Comment