နေရိပ်မှာ ခိုလှုံဖို့
နေပူကို ဖြတ်သန်းရဲရဦးမယ်…
စာသင်ဖို့
စာတတ်ထားရဦးမယ်….
စာရေးဖို့
စာဖတ်ထားရဦးမယ်…
သေနတ်မပစ်ခင်
ကျည်အရင်ရှာထားရဦးမယ်…
ဒါနမပြုခင်
ဓန အရင်ရှာရဦးမယ်…
မေတ္တာမပေးခင်
မေတ္တာအကြောင်းနားလည်ရဦးမယ်…
လွတ်လပ်ဖို့
လက်လွှတ်တတ်ရဦးမယ်….
အသေမြတ်ဖို့
ရှင်တတ်ရဦးမယ်…
အင်း…
ပေးဆပ်ဖို့
ရယူနိုင်စွမ်း ရှိရဦးမယ်လေ…
စေတနာ
01/08/2009 (23း07)
5 comments:
ရင်ကိုတိုက်ရိုက်ထိမှန်နိုင်သော
စကားလုံးရိုးရိုးများနှင့်
ထိရောက်အောင်
ရေးသွားတာများ
လှလိုက်တာဗျာ
ဟင်း... အမေသိရင်
ဒီကဗျာကို ချွေးမတော်ချင်စိတ်ပေါက်သွားမယ်
မှန်ကန်လွန်းတဲ့ လိုအပ်ချက်လေးတွေပါလား။
ကောင်းတယ် မောင်စေတနာရေ....
ကြီးတော် ဖတ်သွားတယ်နော်။
လိုအပ်ချက်များ အားလုံးပြည့်စုံပါစေ
လာလည်ဖတ်သွားပါတယ်...
စာလေးတွေ ရိုးရှင်းသလို....
စိတ်ဓါတ်လေးတွေလည်း ရိုးရှင်းဖြူစင်တစ်ယောက်ဖြစ်မယ်ထင်မိပါတယ်...
Good day I was fortunate to seek your website in baidu
your subject is outstanding
I get a lot in your topic really thanks very much
btw the theme of you website is really magnificentsuper
where can find it
Post a Comment