အကူအကပ်မပါ…
ဘဝကို ကိုယ့်အင်အားနဲ့ ကိုယ်တည်ဆောက်
ဒီလမ်းကိုလျှောက်လှမ်းရတာ
ကြမ်းတော့ကြမ်းတယ်…
ဒါပေမယ့်…ဇွဲမာန်ကိုတင်း
တို့တွေ…ဆက်လျှောက်ကြရမယ်သူငယ်ချင်း။
သိက္ခါဆိုတာ တံဆိပ်ပါသလို
လူမြင်သူမြင် ကပ်ထားလို့မရပေမယ့်
မင်းလည်းသိ၊ ငါလည်းသိ
မင်းတို့၊ ငါတို့မှာ…
ကိုယ်ပိုင်သိက္ခါ ရှိ၊…မရှိ
ဆင်ခြင်တုံတရားနဲ့ ညှိနိုင်၏။
မုန်တိုင်းထန်တဲ့ ဒီရေဆန်လမ်းမှာ
ဘယ်ဝဲဂယက်မွှေမွှေ
ဘယ်လေပွေရမ်းရမ်း
ဘယ်လှိုင်းကြမ်းနှောင့်နှောင့်…
ငါတို့ရဲ့ သိက္ခါလှေမမှောက်ဘဲ
ပန်းတိုင်ဆီအရောက်ချီကြစို့ရဲ့။ ။
နှင်း
(ရိုးသားစွာ ကိုယ်ပိုင်သိက္ခါစောင့်ထိန်းကာ ကြိုး ကြိုးစားစား အလုပ်လုပ်နေကြသော သူငယ်ချင်းများအတွက်)
5 comments:
သိက္ခာဆိုတာ တံဆိပ်မပါသလို၊ လူမြင်သူမြင် ကပ်ထားလို့မရပေမဲ့ ကိုယ်ပိုင်သိက္ခာရှိ မရှိ ဆင်ခြင်တုံတရားနဲ့ ညှိနိုင်၏။
မှန်ကန်လေးနက်လိုက်တာ မနှင်းရယ်.....
ဘယ်ဝဲဂယက်၊ ဘယ်လေပွေ၊ ဘယ်လှိုင်းကြမ်း လာလာ သိက္ခာလှေလေး မမှောက်ပဲ ပန်းတိုင်ဆီအရောက်ချီမတဲ့လား။
အရမ်းကောင်းတယ်လို့ ပြောရုံကလွဲရင် ဘာမှ ထပ်ကွန့်ပြီး မမန့်တတ်တော့ပါဘူး။ သိက္ခာလှေလေးများ အမှောက်မခံပဲ ကြံ့ခိုင်စွာနဲ့ ပန်းတိုင်ဆီ အရောက်ချီနိုင်ကြပါစေ။
မနှင်းရေ ကဗျာက ကောင်းလိုက်တာဗျာ။
အားမာန်အပြည့်နဲ ပြောနေသလိုပဲ
ဖတ်ရင်းနဲ့ကို ဘဝအတွက် အားတွေ မာန်တွေ ရသွားတယ်။အရောက်ချီကြမယ် ပန်းတိုင်ဆီ..........။
သိက္ခာဆိုတာ
တံဆိပ်မပါပေမယ့်
လိပ်ပြာလုံစေတဲ့တရားပါ နှင်းရေ
လေးစားလျှက်
စေတနာ
သိက္ဓာလှေတဲ့
ဟုတ်ကဲ့
လှိုင်း၊ လေပွေနဲ့ ၀ဲဂယက်မှာ
ဖွဲ စိတ်ဓာတ် သန်သန်မာမာနဲ့
ပန်းတိုင်မပျောက်အောင်
ပြီးတော့
သိက္ဓလှေမအောင်အောင်တဲ့
နှေင်းရေ
ညီမလေး တွေးသမျှကိုဖြင့်
လေးစားမိပါကြောင်း
အောင်စည်ဟိန်း
မနှင်းရေးခဲ့သမျှထဲမှာ ဒီတစ်ပုဒ်ကတော့ဖြင့်
ကျွန်တော် အကြိုက်ဆုံးဖြစ်ပါကြောင်း
မှတ်တမ်းတင်ပါတယ်ဗျာ
ဖတ်မိတဲ့သူ ကို
တစုံတရာပေးစွမ်းနိုင်တဲ့ ကဗျာဖြစ်ကြောင်း
Post a Comment