ဒီလူမျိုးမှာ......
အများအကျိုး သယ်ပိုးဖို့ ရာ...ဝါသနာ မပါဘူး။
ဒါကြောင့်...ဒီလူမျိုးမှာ......
လွတ်လပ်ခြင်းရဲ့ အရသာ ခံစားဖို့ ရာလည်း... ဇာတာ မပါဘူး။
ဒီလူမျိုးမှာ.....
ရှေ့ ကမသွားဝံ့ခဲ့ရင်တောင်
နောက်က မလိုက်ချင်တဲ့
ခပ်ညံ့ညံ့ မာန စုတ်ပဲ့ပဲ့ တွေ ရှိတယ်။
ဒီလူမျိုးမှာ.....
တာဝန်သိစိတ်ပေါ် ဖိတင်ထားတဲ့
လေးလေးလံလံ အတ္တတွေရှိတယ်။
ဒီလူမျိုးမှာ.....
ကိုယ့်ပျက်ကွက်မှု အတွက် ပေးစရာ
ဆင်ခြေ ကုဋေကုဋာ ရှိတယ်။
ဒီလူမျိုးမှာ....
အင်း..........
ပြောရမှာ အားနာတယ်ဗျာ.....။
ဒါပေမယ့်ပေါ့.....
တစ်ချို့ ကျတော့လည်း မှားယွင်းစွာ
ဒီလူမျိုးမှာ......
လူလာဖြစ်ကြ ပြန်ပါတယ်။ ။
လွင်မင်းခန့်  (7/6/09)
3 comments:
ဒီလူမျိုးမှာ စာနာစိတ်ထား
မေတ္တာတရားလည်း ရှိမှာ မဟုတ်ဘူး။
ဒီလူမျိုးဟာ လူလာဖြစ်ခွင့်ရတာကိုက
ကမ္ဘာကြိးအတွက် သောကဖြစ်စရာနော်။
ကိုလွင်မင်းခန့်ရေ
ကျွန်တော်တို့အားလုံးအတွက် တွေးစဆင်ခြင်စရာမို့
ကျေးဇူးပါ။
အောင်စည်ဟိန်း
ဒီလူမျိုးတွေကို သတ်ပစ်လို့တော့
ပျောက်လိမ့်မယ်မထင်ဘူးအကို
လေးစားစွာဖြင့်
စေတနာ
ဟား..ဟား...စေတနာ...သတ်ပစ်ဖို့ မဟုတ်ဘူးလေ... Shape လုပ်ပေးရမှာ....
လွင်မင်းခန့် 
Post a Comment