ရှိသမျှ အကိုး အကားတွေနဲ့ 
မိုးခါးရေ သောက်ရတော့မယ့် ခေတ်ထဲ
ရိုးသားမှုကိုပဲ ကိုးကွယ်ထား
သစ္စာတရားဆိုတာက
သူ့ဘ၀ရဲ့မိုးကောင်းကင်
ငွေတောင်တွေကို လိုချင်ရင် သိမ်းပိုက်ဖို့က
ဘယ်လောက်မှ မခက်တာသိပေမယ့်
သူမျက်စိကျိန်းသတဲ့.....လေ။
သူတစ်ယောက်ထဲ....
ရောင့်ရဲမှုကိုပဲစားသုံး
အခွင့်အရေးဆိုတာ သူ့ဘ၀အတွက်တော့
မစားကောင်းတဲ့ အသီးတစ်လုံး
အဲဒီ ၀ိသမ ရွှေတောင်တွေကိုမှ
ဖြိုဖြိုချချင်ခဲ့တဲ့ ငတုံး
အဲ......နောက်ဆုံးတော့
အချစ်ဆုံးဆိုတာတွေနဲ့ ကျောချင်းကပ်လိုက်ရတာ
ဒါ . . . တကယ့်ဖြစ်ရပ်
တစ်ခန်းရပ် ပြဇာတ်ကနေတာမဟုတ်
ဒါပေမယ့်ပေါ့.....
ဇာတ်သိမ်းပိုင်းတော့ ဖြစ်ခဲ့တယ် . . .။ ။
အောင်စည်ဟိန်း
2 comments:
တစ်ခွန်းပဲပြောမယ်
ကွက်တိ ပဲ
အဲဒီ ၀ိသမ ရွှေတောင်တွေကိုမှ
ဖြိုချချင်တဲ့ သူရဲကောင်းမျိုးတွေ
အများကြီးရှိစေချင် လိုက်တာဗျာ....
LMK
Post a Comment