နွံထဲကသူကို ကယ်တင်ဖို့ 
နွံထဲ လိုက်ဆင်းချင်လို့  ဖြစ်မလား
စဉ်းစားနော်....ညီ.....
အဲဒီလို အချစ်ဆိုတာက လည်း..
...........နွံ............။
ကဲ....ကဲ..........
ကျွံထားတဲ့ ခြေလှမ်းတွေ ပြန်ဆုတ်
ရင်ထဲက သောကအရှုပ်တွေကို ခဏဘေးချ...
အရင်ကလို ချစ်ခြင်းတွေနဲ့ 
လောကကြီးကို ပုံဆက်သွင်း
အင်း..........
မင်းကိုယ်တိုင် ပုံပျက်သွားတာတော့
ထပ်မကြား ရလောက်တော့ပါဘူး...။
လွင်မင်းခန့် (2/6/09)
3 comments:
ကိုလွင်မင်းခန့်ရေ နွံထဲက နွံနစ်ရတာကို ပျော်နေတဲ့ဘ၀တွေအတွက်တော့ စဉ်းစားစရာအတွေးကောင်းလေးတစ်ခုပါဗျာ။
လေးစားပါတယ်ဗျာ။
အစ်ကိုညီ အောင်စည်ဟိန်း
နွံ ကိုကြိုက်လို့ နွံမှာပျော်
တော်သလိုနေလိုက်တော့
ရုန်းထွက်ဖို့တောင်မေ့သွားပါပေါ့
ငါတို့တတွေလက်ကမ်းခိုက်
လှမ်းဆွဲလိုက်ပါသူငယ်ချင်းရယ်
နွံမှာ ကျတဲ့မင်းဘဝ
(မင်းခြေထောက်)နွံမှာမကျွံခင်
(မင်းကိုယ်မှာ) နွံ နံ့မစွဲ ခင်
ရုန်းထွက်ခဲ့ပါသူငယ်ချင်းရယ်
အစ်ကိုကြီး လွင်မင်းခန့်ကိုလေးစားလျှက်
Post a Comment