လက်တစ်ဘက်က
လက်နက်စကြာ... မြား..လှံ..
မီးလျှံတွေကို ဖန်ဆင်း . . . ..
လက်တစ်ဘက်က
စောင်းညှင်း တူရိယာ
စမ်းရေစီးသံ တေးသွားအလင်္ကာ
ရေသီတာကို ဖန်ဆင်း . . .
ရာမယန ဇာတ်တော်ထဲက
ဦးရီးတော် မာရဇ္ဇကို အားကျတယ်။
ဆယ်နှစ်ကျော်ကျော် ဒီလိုနဲ့
အနာဂါတ်မဲ့ ၀င်္ကပါထဲမှာ
ယုံကြည်ရာ တစ်ဘက်
ကလောင်တံ တစ်ဘက်နဲ့ မွေ့ လျော်ခဲ့
ဒါပေမယ့်...
သူချစ်တဲ့ အနုပညာနဲ့ 
သူချစ်တဲ့ ထိုဘ၀အတွက်
ဘယ်တော့မှ နောင်တမရခဲ့ . . .။
ဇာတ်သိမ်းခန်း မတော့
သိဟိုဋ်ပြည်ကြီးလည်း မီးလောင်
ရောမမြို့ကြီးလည်း ပျက်သုဉ်း
အိပ်မက်ကမ္ဘာလည်း ပျောက်ဆုံးပေမယ့်
လရောင်အောက်က ကျောက်တုန်းပေါ်မှာ
ဝုန်းဒိုင်းကြဲ တေးဂီတတွေနဲ့
ပန်းတွေ ပွင့်ပြနေခဲ့တာ
သူချစ်တဲ့ အနုပညာ . . . တဲ့ ။ ။
အောင်စည်ဟိန်း
2 comments:
ဇာတ်သိမ်းခန်း မတော့
သိဟိုဋ်ပြည်ကြီးလည်း မီးလောင်
ရောမမြို့ကြီးလည်း ပျက်သုဉ်း
အိပ်မက်ကမ္ဘာလည်း ပျောက်ဆုံးပေမယ့်
လရောင်အောက်က ကျောက်တုန်းပေါ်မှာ
ဝုန်းဒိုင်းကြဲ တေးဂီတတွေနဲ့
ပန်းတွေ ပွင့်ပြနေခဲ့တာ
သူချစ်တဲ့ အနုပညာ . . . တဲ့ ။ ။
ကျွန်တော်တို့ အနုပညာသမားတွေကလည်း မလွယ်ပါလားနော်... လာဖတ်ပါတယ်...
ကဲ...ဦးရီးတော်မာရဇ္ဇကြီးရဲ့  ကျောက်တုံးပေါ်က တေးဂီတတွေကို ပန်းလေးတွေလို စောင့်ခူးဖို့  မျှော်လင့်လျက်......
LMK
Post a Comment