အင်းဆက် တော့ အင်းဆက်
ဒါပေမယ့်
ပျား နဲ့  ယင်......
တူတယ်တော့ မထင်နဲ ။့
ပန်းရှိရာ ပျားကောင်လိုက်ပေမယ့်
ယင်... ဆိုတာ မစင်ကြိုက်တယ်....။
ဒီတော့ နှမငယ်....
ကိုယ် ဘယ်လို attrective သလဲ
တွက်စစ်ဖို့ တော့ လိုလိမ့်မယ်.....။ ။
လွင်မင်းခန့်  (21/05/09)
5 comments:
သတိထားစရာလေးကို
ဥပမာပေးသွားတာ ကောင်းလိုက်တာ
မေဆုနိုင်
ကဗျာကတော့ တကယ်ကောင်းတယ်။ ၄-၅ ကြောင်းနဲ့ ပြောချင်တာ ရောက်သွားအောင်ပြောနိုင်တယ်နော်။
ဖတ်သူများအပေါ်ထားရှိတဲ့စေတနာ
ရှင်းလင်းရိုးသားတဲ့အတွေး
ထိမိသောအရေးအသားများကြောင့်
လေးစားမိပါတယ်
နှင်း
နှမငယ်ကကော ယင်လား ပျားလား စဉ်းစားဖို့တော့
လိုလိမ့်မယ် ထင်တယ် အကို
လေးစားစွာဖြင့်
စေတနာ
ဟုတ်တယ်အစ်ကိုရေ တစ်ချို့ မိန်းခလေးတွေက အနားမှာ လူဝိုင်းနေတိုင်း ဟုတ်လှပြီ အောက်မေ့နေကြတာ။ ပန်းကလေးတစ်ပွင့်မို့  ပျားလေးတွေဝဲတာလား မစင်ပုံမို့  ယင်အုံတာလား မခွဲခြားတတ်ကြဘူး။ ယင်ဥတွေ အကောင်ပေါက်မှပဲ လောက်တစ်ဖွားဖွားနဲ့  ခြောက်ခြား ကြရတော့တာလေ။ ဒီကဗျာလေးအတွက် ညီမတို့  အားလုံးရဲ့ ကိုယ်စား ကျေးဇူးပါပဲနော်။
ဖြူဝင်းလဲ့
Post a Comment