ပညာရှိ သတိဖြစ်ခဲ
စကားပုံတစ်ခုကို ကိုင်ဆွဲလို့ 
မိုက်ရဲကြတဲ့ ပညာရှိတွေအကြောင်း
လ ရောင်ဖြာ ကောင်းကင်က
ကြယ်စင်တွေကို ငေးမောရင်း
ငါ တွေးတောခဲ့ ဖူးတယ်....
ပညာ နဲ့ သတိ
ဘယ်သူတန်ဖိုးပိုရှိသလဲလို့ပေါ့…
မြတ်လေးနဲ့  ဆောင်တော်ကူး
ဆိတ်ဖလူး တို့  သင်းထုံမွှေး
တို့ နေတဲ့ လမ်းကလေးတစ်ဘက်
တောင်ကုန်းလေးရဲ့  အထက်မှာ..
ငါ....
ညပေါင်းများစွာ အဖြေရှာမရ...။
တစ်ညခင်းပေါ့
လမင်းလည်းမသာ ကြယ်စင်ဖြာမထွက်
အရှာခက်ပြီပေါ့ ထိုင်နေကျနေရာ
စမ်းတဝါးသာ ရှေ့ တိုးရင်း
လင်း...ကနဲရလိုက်တာက
ငါရှာနေရတဲ့ အဖြေ..........။
သိပ်ကောင်းတဲ့ ဒီမျက်လုံး
ဘယ်လိုမှ သုံးမရ
မှောင်လွန်းလှတဲ့ ဒီတစ်ညမှာ.....
သတိအလင်းနဲ့  ပညာမျက်စိ
ဒီနှစ်မျိုး မတွဲမိသရွေ့ 
ဘယ်အရာမျိုးမှ တွေ့ နိုင်မှာမဟုတ်
အခုတော့ ငါ အဖြေထုတ် နိုင်ခဲ့ပြီ...........။ ။
နှင်း
2009.hninn@gmail.com
3 comments:
ကဗျာလေးက ကောင်းလိုက်တာ နှင်းရေ....
“သတိအလင်းနဲ့  ပညာမျက်စိ ဒီနှစ်မျိုး မတွဲမိသရွေ့  ဘယ်အရာမျိုးမှ တွေ့ နိုင်မှာမဟုတ် အခုတော့ ငါ အဖြေထုတ် နိုင်ခဲ့ပြီ.“...တဲ့
ထုတ်နိုင်လိုက်တဲ့ အဖြေကို လက်တွေ့  အသုံးချနိုင်ကြပါစေကွယ်....
လွင်မင်းခန့် 
လှိုက်လှိုက်လှဲလှဲ လေးစားရတဲ့အတွေး ဖြစ်ပါကြောင်း
စေတနာ
အမြဲတမ်းအလင်းရောင်လေးထဲမှာပဲနေကြစို့ရဲ့
နှင်း
Post a Comment