Monday, May 4, 2009

တွေ့ဆုံခြင်း မှတ်တိုင်

တချို့တွေ က အပေါ်ကိုတက်နေကြတယ်
တချို့တွေ က အောက်ကို ဆင်းနေကြတယ်
ထိုလှေခါး နှစ်စင်းရဲ့ဘေး
ကွင်ပြင်လေးထဲမှာ ပေါ့

လူသား နှစ်ယောက်
လက်တစ်ဖက် ကို ကိုယ်စီ မြှောက်လို့
အပြုံးတွေ ကြား က
မ၀ံ့မရဲ စကားသံတွေပြိုင်တူ ထွက်လာတယ်

နေစိုးနိုင် ... လား
လွင်မင်းခန့် လား တဲ့

သူ့ စာတွေ ကို မြင်ဘူး ၊ သူ့စိတ်ကူး တွေ ကို အကောင်ထည် မှန်းဆ ကြည့်နိုင်ခဲ့ ပေမယ့်
လူကိုယ်တိုင် အရှင်လတ်လတ် တွေ့လိုက်ရတော့ လွင်မင်းခန့်ဆိုတာ ဘယ်လိုပုံလဲ သိချင်လား....

ပြောပြဘူး...

နောက်တစ်ယောက် က စေတနာ ပါးစပ်ပါရွာရောက် ဆိုတဲ့ စကား လက်ကိုင်ထားပြီး ရောက်အောင်လာနိုင်ခဲ့ တဲ့ တစ်ယောက် ။ ရွာမှာ ချိန်းထားတာ တော့ မဟုတ်ပါဘူး ။ သူရောက်တာလဲ ရွာ ကိုမဟုတ်ပါဘူး ။ ချိန်းထားတဲ့ နေရာ ထက် ၁ လက်မ လောက် ပဲ လွဲပါတယ်( မြေပုံထဲမှာ) ။

ရယ်စရာတွေ ပြော ကြ .. .
စားကြ ..
သောက်ကြ ( pepsi )

ပျော်စရာကောင်းလှပါတယ်။ နောက်များလည်း ကြုံချင်သေးရဲ့ ။ အဲ .. ဘယ်သူ ဒကာခံ လည်း လို့တော့ မေးနဲ့ ပြောဘူး...

လေးစားစွာဖြင့်
နေစိုးနိုင်


--
Nay Soe Naing
www.naysoenaing.com

7 comments:

Anonymous said...

ဟားဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကောင်းလိုက်တဲ့ ရိုက်ချက်


စေတနာ

Anonymous said...

ဟုတ်ပ

LMK

နေစိုးနိုင် said...

မဟုတ်ရပါဘူး ဗျာ
အမှတ်တရလေးမို့
မှတ်တမ်းတင်ထားတာပါ

khinmarlaraung said...

ဟေ့ဟေ့....ဝေ့ဝေ့....နာလိုဘူးဝေ့။။။။
သိတောင်မသိလိုက်ဘူး။.....သူတို့ တွေကြည့်
စားကြသောက်ကြနဲ့ ။။။။:(

Anonymous said...

ဟား..ဟား...နေစိုးနိုင် နဲ့  စေတနာတို့ ရေ...နောက်တစ်ခါဆို တို့  စင်္ကာပူမှာ ချိန်းကြစို့ ...


LMK

နေစိုးနိုင် said...

ရတယ် အစ်ကို ခင်မာလာ က ကမ္ဘာပတ် မယ့် ကောင်မလေး သူ ဒူဘိုင်းလာလိမ့်မယ်

နေစိုးနိုင် said...

ရတယ် အစ်ကို ခင်မာလာ က ကမ္ဘာပတ် မယ့် ကောင်မလေး သူ ဒူဘိုင်းလာလိမ့်မယ်