“စေတနာ“ဆိုတာ သာမန်လူတစ်ယောက်ပါပဲ ။ ဘဝကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေခဲ့ရ ၊ ဖြတ် ကျော်နေရဆဲ လူတစ်ယောက်ပါ ။အမှားတွေ ပြုလုပ်ခဲ့ ပြုလုပ်ဆဲ လူတစ်ယောက်မို့လို့ သူများတွေကို အလင်းပြဖို့ ဝန်လေးနေခဲ့သူတစ်ယောက်ပါ ။ အဲဒါပေမယ့်…“နေစိုးနိုင်“လို့ ခေါ်တဲ့ ပေးဆပ်သူ ဖြစ်ချင်နေတဲ့ မျိုးချစ်စိတ် ထက်သန်နေတဲ့ ကောင်လေးတစ်ယောက်က “စေတနာ”ကို စာရေးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။
နေစိုးနိုင် နှင့် စေတနာတို့၏ ပထမဆုံး chatting:
သိပ်မကြာမတင်က ဒူဘိုင်းမှာ ရှိတဲ့ နေစိုးနိုင်တို့အလုပ်က ကောင်မလေးတစ်ယောက် ရုပ်ပျက်ဆင်းပျက် သေဆုံးပြီး အမိမြန်မာပြည်ရဲ့ ဂုဏ်ကို ညှိုးနွမ်းစေခဲ့တယ်လေ ။ ဒီအဖြစ် အပျက်က စတင်လို့ စေတနာရဲ့ စိတ်တွေ၊ဦးနှောက်တွေက စေတနာ့ကို မွေးဖွားခဲ့တာမို့လို့ သူ့ကိုကျေးဇူးတင်တတ်ကြမယ်ဆိုရင် မတော်တဆ ဒီကောင်မလေးအကြောင်းတွေးရင် သူမ အပေါ် ဒေါသထွက်ရတဲ့ ဒဏ်ကကင်းလွတ်ပြီး စိတ်အေးချမ်းမှု ရရှိနိုင်ပါတယ် ။
တကယ်တော့ မျိုးချစ်စိတ်ဆိုတာ လူတိုင်းမှာ ရှိပါတယ် ။ မျိုးချစ်စိတ်ဆိုတာ “အတ္တ”က မွေးဖွားလာတာပါ ။“အတ္တ”နဲ့ မကင်းနိုင်ကြသေးတဲ့ လူတိုင်းမှာ မျိုးချစ်စိတ်ရှိပါတယ် ။ အဲဒါပေမယ့် သူတို့ရဲ့ စဉ်းစားညဏ် ၊ ဗဟုသုတ ၊ဘဝအခြေအနေတွေကနေ သူတို့ဖာသာ သူတို့ “နားလည်မှု”တစ်ခုရသွားပြီး အခြားအတ္တတွေက ကြီးစိုးသွားတဲ့အတွက် မျိုးချစ်စိတ်ဆို တဲ့ အတ္တကို ပြုစုပျိုးထောင်ဖို့ မေ့လျော့သွားမိ ကြတာပါ ။ တကယ်တော့ “အပြစ်”ဆိုတာ သံသရာ လွတ်ရာလွတ်ကြောင်း ရှာမှီးနေတဲ့ သူတော်စင်များသော်မှ လွတ်ကင်းဖို့ ခဲယဉ်း ကြတာကလား ။
လူဆိုးဆိုသူတိုင်းမှာ တူညီတဲ့ အချက်တစ်ခု ရှိပါတယ် ။ အဲဒါကတော့ သူတို့ရဲ့ လက်ရှိအခြေ အနေများမှာ သူတို့အတွက် အကောင်းဆုံးဖြစ်မယ်လို့ သူတို့ဦးနှောက်က ဆုံးဖြတ်စေခိုင်း လို့သာ အမှားတွေကို လုပ်မိသွားကြတာပါ ။ သူတို့အတွက် အကျိုးမဲ့လုပ်ရပ်လို့ ထင်ပြီး မှားမိကြတာ မဟုတ်ပါဘူး ။ ထားတတ်ရင် သနားစရာတောင် ကောင်းနေပါသေးတယ် ။ သနားတတ်မယ်ဆိုရင်တော့ အဲဒီထဲမှာ စေတနာတစ်ယောက်လည်း ပါဝင်နေပါရဲ့ ။
ဒီကောင်မလေး ပျောက်ဆုံးချိန်မှ စပြီး သူမနဲ့ပက်သက်လို့ နားစွင့်လေ့လာမိခဲ့ပါတယ် ။ အဲဒီ အချိန်မှာပဲ သူမအပေါ်ထားရှိနေတဲ့ လူတွေရဲ့စိတ်ကို လေ့လာခွင့်ရခဲ့ပါတယ် ။ ဒေါသတရား တွေ (ဒါမှမဟုတ်)တာဝန်မဲ့တဲ့စိတ်တွေ
ဒူဘိုင်းအစိုးရ လုပ်ရပ်လေးကလဲ စိတ်ဝင်စားဖွယ်ကောင်းနေ သေးတော့တယ် ။ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ မတူတဲ့ နည်းစနစ်တစ်ခုပေါ့ဗျာ ။ တာဝန်ရှိစွာနဲ့ အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်ပြန်ပေးခဲ့သလို အလောင်းပေါ်သည်အထိ အမှုကို ဖော်ထုတ်ပေးခဲ့ကြပါတယ် ။ အဲ..အမှုဖော်ထုတ်တဲ့နေရာမှာတော့ အတော့်ကို ပညာသားပါခဲ့တာကလားဗျာ…
ဒူဘိုင်းအစိုးရ အနေနဲ့ စဉ်းစားကြည့်ရအောင်ဗျာ ။ ဒူဘိုင်းဆိုတာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထွန်းကားတဲ့ ယူအေအီးနိုင်ငံရဲ့ မြို့တစ်မြို့ပါပဲ ။ အခြားအဓိက ဝင်ငွေလုပ်ငန်းတွေရှိနေသေး တယ်ဆိုပေမယ့် ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ကိုင်နြေ
ဟုတ်ကဲ့…ဘာပဲပြောပြော လူသားပီသစွာ လုပ်နိုင်သလောက် အကောင်ဆုံး လုပ်ဆောင်ပေး ခဲ့ကြပါတယ် ။ တရားနာကြားခွင့် ၊ အလောင်းကို မြန်မာပြည် ပြန်လည်သယ်ယူခွင့်သာမက စရိတ်စကခံ ပို့ဆောင်ပေးခဲ့ကြတဲ့ စိတ်ဓာတ်တွေ လုပ်ရပ်တွေကို ကြည်ညိုလေးစားလို့ မဆုံးပါ ။ ဒါပေမယ့် …
သေဆုံးသွားပြီဖြစ်တဲ့ မြန်မာမိန်းကလေးအပေါ် အပြစ်ပုံချသလိုဖြစ်သွားခဲ့တာ ။ အပြစ်မရှိဘူး လို့တော့ မဆိုလိုပါ ။ ချိတ်ချိတ်ချင်း ချိတ်တဲ့သဘောပါ ။ သတင်းဦးမှုကို ကောင်းစွာအသုံးချ ပြီး သူတို့နိုင်ငံအတွက် ကာကွယ်ခဲ့ကြပါတယ် ။ စေတနာ ဒီနေရာဆိုလည်း ဒါမျိုးပဲ လုပ်မှာပါ။
လူတိုင်းမှာ မျိုးချစ်စိတ်ရှိပါတယ်လို့ ပြောခဲ့ပြီးပါပကော ။ ဒါပေမယ့် ကိုယ့်မြန်မာ မိန်းကလေး အပြစ်ချည်းပဲ ဖြစ်နေတော့ ဘယ်လိုကာကွယ်နိုင်မလဲ စဉ်းစားမိတာလည်း စေတနာ့ မျိုးချစ် စိတ်ပါပဲလေ…
ဟောတွေ့ပြီ ။ဝတ်လစ်စလစ်တဲ့ ။ directionary တောင် လှန်ရှာရသေးတယ် ။ ဒေါသ အလျောက် သတ်မိတဲ့လူတစ်ယောက် လူသေမိန်းကလေးကို စိမ်ပြေနပြေအဝတ်အစား ချွတ်ဖို့ အချိန်ရပါသလား ။ ဒါမှမဟုတ် မိန်းကလေးအဝတ်အစားတွေက ကျွတ်ကျဖို့ အရမ်း လွယ်နေလို့လား ။ ဒီနိုင်ငံမှာ အလုပ်လုပ်နေတဲ့မိန်းကလေးတိုင်း ဘောင်းဘီဝတ်တာပဲ များပါတယ်လေ ။ ဟုတ်ပြီ ။ဒါအထိုက်အလျောက် ကာကွယ်နိုင်တာပေါ့ ။ အဲသလိုပဲ ငါတို့ အဖေများ ဂုဏ်တင့်လေမှ တို့များ အကာအကွယ်ရမှာပါလား လို့ တွေးမိသေးတယ် ။
ဒီလိုနဲ့ နေစိုးနိုင်ကို invite လုပ် ။ ပြီးတော့ ဒါလေးပြောပြတော့ …
ဟော…ချက်ဆိုနားကွက်က မီးတောက်တဲ့နေစိုးနိုင် ထဟစ်တော့တာပေါ့ ။ ဒါကို ကာကွယ်ရာ မှန်း မသိကြတာတော့ အသည်းနာလိုက်လေလို့ပဲ ပြောလိုက်ချင်ပါတော့တယ် ။ ဒါဟာ နေစိုးနိုင်နဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လမ်း အစဆိုပါတော့ ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ဘဝတက်လမ်းကို လျောက်လှမ်းနိုင်ကြပါစေဗျာ ။
စေတနာ
04.05.2009(00း10)
No comments:
Post a Comment