Thursday, May 28, 2009

ယခင် ..ယခု .. နောက်

ဒီနေ့မနက် ငါ့အသက်သည်
တစ်နှစ်တိတိ တိုးလာပြီ

ရှေ့မှာရှိတဲ့လမ်း ကို သေချာမမြင်ရပေမယ့်
နောက်မှကျန်ခဲ့တဲ့ ခြေရာတွေကတော့
တော်တော် ကို ရှည်ကျန်ခဲ့ပြီ
ခြေရာတွေကိုပြန်ကြည့်လိုက်တော့

အကွေ့အကောက်တွေ
အတက်အကျတွေ
လဲကျထားတဲ့နေရာတွေ
ပြန်ထလာတဲ့ ခြေရာတွေ
အို ... စုံနေတာပါပဲ. . .

ဘာတွေဖြစ်လာပြီလဲ ဆိုတော့
ဆက်လျှောက်ရမယ့် လမ်းက
ေ၀၀ါးဝါး
အိပ်မက်တွေက တစ်ပိုင်းတစ
လှိုင်းထနေတဲ့ ရင်ခုန်သံ
ကာရံမညီတဲ့ ကဗျာတစ်ပုဒ်လို
ဒါဟာပဲ ဘ၀လားဗျာ

ဘာတွေဖြစ်ချင်လည်း
အရင်နှစ်က ရခဲ့တဲ့နောင်တတွေ
ဒီနှစ်မရချင်တော့ဘူး

အရင်နှစ်က မလုပ်ခဲ့တဲ့ စိတ်ကူးတွေ
ဒီနှစ် အကောင်ထည်ဖော်မယ်

အရင်နှစ်က နေစိုးနိုင်ထက်
တစ်နှစ်ပိုရင့်ကျက်တဲ့ နေစိုးနိုင် ဖြစ်စေရမယ်

ဘာ ဟာ အသေချာဆုံးလဲ
သေဖို့ တစ်နှစ် နီးလာပြီ ။ ။

အသက် ကိုရင်း ၍ လူ့လောက ထဲ အရောက်ခေါ်လာပေးခဲ့သော မိဘနှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ ။

မထင်မှတ်ဘဲ မွေးနေ့သူ သူငယ်ချင်းဖြစ်နေသော မြန်မာပြည်မှ မွေးနေ့တူ သူငယ်ချင်းလေး လဲ ကျန်းမာချမ်းသာပါစေ

လေးစားစွာဖြင့်
နေစိုးနိုင်

4 comments:

ညီ said...

HAPPY BIRTHDAY ကိုနိုင်။ ချစ်တဲ့သူများနဲ့ ပျော်ပျော်ရွင်ရွင် ဆင်နွဲနိုင်ပါစေ။ ညီတို့လည်း အဝေးက ဆုတောင်းပေးနေပါတယ်။ ကိုနိုင် ယခုမွေးနေ့မှစ၍ ၁၂၀တိုင်အောင်အသက်ရှည်ပါစေ။ အကောင်းဆုံးတွေ များများ ပေးဆပ်နိုင်ပါစေ။

Unknown said...

happy birthday ပါ ကိုနေစိုးနိုင်ရေ
ခင်ဗျားချစ်တဲ့ အမိမြေမှာ ခင်ဗျားရဲ့ မွေးနေပွဲကို ဆင်နွှဲနိုင်တာကိုက ခင်ဗျားအတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးတစ်ရပ်လို့ ကျွန်တော် ယုံကြည်နေတယ်ဗျာ။ ခင်ဗျားချစ်တဲ့ အမိမြေရဲ့ အထွဋ် အမြတ်ထားရာ ရွှေတိဂုံဘုရားမှာ ခင်ဗျားမွေးနေ့ အတိအကျ ရောက်နေတာကိုက ပျော်စရာပါဗျာ။
ကောင်းသော ကံဟာ ခင်ဗျားထံကို ရောက်လာမှာ။
ခင်ဗျားရဲ့ အောင်စည်ဟိန်း

Anonymous said...

နေစိုးနိုင်.... ဒီဘဝ ဒီခန္ဓာကိုယ်နဲ့ ပင် တစ်မဂ် တစ်ဖိုလ်ရအောင် ကျင့်ကြံအားထုတ်နိုင်ပြီး အမျိုး ဘာသာ သာသနာကို ဆထက်တစ်ပိုး ချီးမြှောက် ထောက်ပံ့ ပေးဆပ်နိုင်သူ ဖြစ်ပါစေလို့  မွေးနေ့ မှာ ဆန္ဒပြုလိုက်ပါတယ်။

LMK

Anonymous said...

စိတ်ဓာတ်လေးတွေကို အားကျရပါကြောင်း
မွေးနေ့မှာ ပျော်ရွှင်ပါစေ

စာပေညီအကိုဖြစ်တဲ့
စေတနာ