Tuesday, May 19, 2009

လေလွင့်တိမ်ငယ်

လေပြေ ပဲ ဖြစ်ဖြစ်
လေပွေ ပဲ လာ လာ

ဝုန်းတိုင်းကြဲ ပြီး
မုန်တိုင်းကြီး ပဲ ဖြစ်စေဦးတော့

ငါ့လိုတိမ်ငယ် ကလေးကတော့
လွင့်မျော ဖို့အသင့်ပါ

မင်းသွားမယ့်
ဦးတည်ရာဟာ
ငါ့ရဲ့လမ်းကြောင်းဖြစ်ပြီး

မင်းခြေကုန်လက်ပန်းကျမယ့် နေရာဟာ
ငါ့ရဲ့ပန်းတိုင်ပဲပေါ့

မင်းဘက်က သာ သယ်ဆောင်သွားပါ
မင့်ရှေ့ကနေ
အပြေးသွားဖို့
ငါအဆင်သင့်ပဲ

လေပြေ ၊ လေပွေ နဲ့ မုန်တိုင်း
ကြိုက်သလို ၀ုန်းတိုင်းကြဲ ပြီးလာခဲ့
ကျွန်တော် ကတော့ လွင့်မျော ဖို့အသင့်ပါပဲ ။


ဘ၀ဆိုတဲ့ လေပြေ၊ လေပွေ၊ မုန်တိုင်းတို့ ကြားမှာ လွင့်မျော နေသော တိမ်ငယ်လေးများသို့. . . .


လေးစားစွာဖြင့်

နေစိုးနိုင်

7 comments:

ညီ said...

ကြိုက်တယ်ကိုနိုင်၊ ကောင်းကင်ပြာကြီးထဲ ကိုနိုင်ဆိုတဲ့ တိမ်လေးနဲ့ပြန်ဆုံချင်သေးတယ်

Anonymous said...

လေတိုက်ခံရတာချင်းအတူတူ...
လေယူရာ လွင့်ပါးတဲ့....
မိုးတိမ်မိုးသား လုပ်မလား....
လေအားကို သုံးတတ်
လိုရာအရပ်ဆီ ခရီးနှင်မယ့်...
ရွက်လှေရှင် လုပ်မလား.....
စဉ်းစားရွေးချယ်ကြတာပေါ့.......

လွင်မင်းခန့် 

နေစိုးနိုင် said...

ကောင်းကင်ကြီးထဲမှာ
လေနှင်ရာတိမ်ကလေးအဖြစ်တဲ
ရွက်လှေလေးလို တဖုံ

အမျိုးမျိုးစုံအောင် လွင့်မယ်

အဲ... တခါတလေတော့ လေကိုအန်တုတဲ့ လေတံခွန် ကလေးအဖြစ်နဲ့ပေါ့

flowerpoem said...

လေလွမ့်တိမ်ငယ်တဲ့ .. ကဗျာလေးကိုလဖတ်သွားပါတယ် ကိုနေစိုးနိုင်

ခမ်းကီး said...

ကောင်းတယ်ဗျာ။

Anonymous said...

ရေးသားခံစားမှု အရမ်းကောင်း

စေတနာ

နှင်းဆီနက် said...

ကိုစိုးနိုင်ရေ မုန်တိုင်းတော့ကြောက်တယ်း)
လေနှင်ရာလွင့်ချင်တဲ့ကိုစိုးနိုင် ဘယ်ကိုများလွင့်ပါမှာပါလိမ့်???
ကဗျာလေးကောင်းပါတယ် ဆက်ရေးပါဦး

ခင်တဲ့

နှင်းဆီနက်