လေပွေ ပဲ လာ လာ
ဝုန်းတိုင်းကြဲ ပြီး
မုန်တိုင်းကြီး ပဲ ဖြစ်စေဦးတော့
ငါ့လိုတိမ်ငယ် ကလေးကတော့
လွင့်မျော ဖို့အသင့်ပါ
မင်းသွားမယ့်
ဦးတည်ရာဟာ
ငါ့ရဲ့လမ်းကြောင်းဖြစ်ပြီး

မင်းခြေကုန်လက်ပန်းကျမယ့် နေရာဟာ
ငါ့ရဲ့ပန်းတိုင်ပဲပေါ့
မင်းဘက်က သာ သယ်ဆောင်သွားပါ
မင့်ရှေ့ကနေ
အပြေးသွားဖို့
ငါအဆင်သင့်ပဲ
လေပြေ ၊ လေပွေ နဲ့ မုန်တိုင်း
ကြိုက်သလို ၀ုန်းတိုင်းကြဲ ပြီးလာခဲ့
ကျွန်တော် ကတော့ လွင့်မျော ဖို့အသင့်ပါပဲ ။
ဘ၀ဆိုတဲ့ လေပြေ၊ လေပွေ၊ မုန်တိုင်းတို့ ကြားမှာ လွင့်မျော နေသော တိမ်ငယ်လေးများသို့. . . .
လေးစားစွာဖြင့်
နေစိုးနိုင်
7 comments:
ကြိုက်တယ်ကိုနိုင်၊ ကောင်းကင်ပြာကြီးထဲ ကိုနိုင်ဆိုတဲ့ တိမ်လေးနဲ့ပြန်ဆုံချင်သေးတယ်
လေတိုက်ခံရတာချင်းအတူတူ...
လေယူရာ လွင့်ပါးတဲ့....
မိုးတိမ်မိုးသား လုပ်မလား....
လေအားကို သုံးတတ်
လိုရာအရပ်ဆီ ခရီးနှင်မယ့်...
ရွက်လှေရှင် လုပ်မလား.....
စဉ်းစားရွေးချယ်ကြတာပေါ့.......
လွင်မင်းခန့် 
ကောင်းကင်ကြီးထဲမှာ
လေနှင်ရာတိမ်ကလေးအဖြစ်တဲ
ရွက်လှေလေးလို တဖုံ
အမျိုးမျိုးစုံအောင် လွင့်မယ်
အဲ... တခါတလေတော့ လေကိုအန်တုတဲ့ လေတံခွန် ကလေးအဖြစ်နဲ့ပေါ့
လေလွမ့်တိမ်ငယ်တဲ့ .. ကဗျာလေးကိုလဖတ်သွားပါတယ် ကိုနေစိုးနိုင်
ကောင်းတယ်ဗျာ။
ရေးသားခံစားမှု အရမ်းကောင်း
စေတနာ
ကိုစိုးနိုင်ရေ မုန်တိုင်းတော့ကြောက်တယ်း)
လေနှင်ရာလွင့်ချင်တဲ့ကိုစိုးနိုင် ဘယ်ကိုများလွင့်ပါမှာပါလိမ့်???
ကဗျာလေးကောင်းပါတယ် ဆက်ရေးပါဦး
ခင်တဲ့
နှင်းဆီနက်
Post a Comment