Tuesday, May 5, 2009

စေတနာ့အားမာန်

တောင်ရှစ်ခွင် အုံ့ကာဆိုင်း

တကယ်မှိုင်းတဲ့ ကိုတိမ်ညို

အိုလှချည်ကော ငိုရမည်လော…

လောဘအမှောင်

မောဟအမှောင်

ဒေါသအမှောင်တွေကြောင့်

သောကအရောင်တွေ ထွက်ထွက်နေလေတော့

ရတက်ပွေရသည့် မောင်စေတနာ

အဖြေရှာမိ ဒါပေသိ…

အတိဗလာ ဂုဏ်အင်္ဂါနဲ့ရယ်လေ

သို့ပေသော်ငြား

ထားရာဂတိ လားရာကိုသိနိုင်တာမို့

ချို့တဲ့အလင်းရှင် ငွေကြယ်စင်အလား

ထင်ထင်ရှားရှား လမ်းမပြနိုင်သော်ငြား

အများအတွက် မေတ္တာစက်နှင့်

ထက်သည့်သစ္စာ စေတနာကြောင့်

ဘေးဘယာတွေ မွှေးမွှေးနေပါတဲ့

အတွေးဆိုးတွေ ပျောက်နိုင်ကောင်းတာမို့

တစ်တို့ နှစ်တို့ ဖြစ်ပလေ့စေတော့

ကြော့ကြော့မော့မော့ မလျော့ဇွဲနဲ့

ကျဲချင်တိုင်း ကျဲတော့မည်ဗျာ

စေတနာတွေ သဲသဲမဲမဲ

မစဲဘဲကို ရွာတော့မည်ဗျားးးး



စေတနာ

04.05.2009(10း26)

1 comment:

Anonymous said...

ကဲ...နေစိုးနိုင်ရေ...စေတနာမိုးတွေ သည်းသည်းမဲမဲ ရွာတော့မယ်တဲ့...မိုးရွာတုန်း ရေခံထားနော်....

LMK