Tuesday, April 14, 2009

ခေတ်သစ် သင်္ကြန်

သင်္ကြန်ဆိုသည်မှာ

အပူသက်သာအောင် .... ရေပက်ခြင်း ..... သို့သော် မပူလျှင်လည်းပဲ ရေပိုက်နှင့် ထိုးနေပါသေးသည်။

သင်္ကြန်တွင်းမှာ ကုသိုလ် လုပ်ကြတယ် ... သို့သော် ငါးပါးသီလ ချိုး ဖောက်ဖို့ အကောင်းဆုံးအချိန်(လိုင်စင်ရ)

ညီရင်းနှမ ပမာ စောင့်ရှောက်ကြတယ် .... သို့သော် ခုတွေ့ ၊ ခုကြိုက် ၊ ခု လိုက် ၊ ခု.... ဆိုသလိုဖြစ်နေပြီ

မြန်မာ့ရိုးရာ ယဉ်ကျေးမှူ ဖြစ်သည် . . . တစ်နေကုန်ရှာ ကြည့်မှ နည်းနည်း တော့ တွေ့မယ် ( မ`ဏ္ဍပ် ပေါ်မှာ ကနေတဲ့ သူတွေ ထဲမှာ ) ရေပက်ခံတဲ့လူတွေကတော့ သိတယ်မို့လား

သင်္ကြန်ဆိုတာ ကို ဗုံတွေတီး ပြီး ရေခွက် ကလေးတွေနှင့် ပြန်ပက် ကြဖို့မဟုတ်ပါ။ သို့သော် သင်္ကြန် ဆိုသည်မှာ

- အရက်သောက်ခွင့် လိုင်စင် ရထားခြင်း
- ခုတွေ့ ၊ ခုကြိုက် ဇာတ်လမ်း ရှာလို့ ကောင်းခြင်း ( သီးချင်း ကြည့်ပါလား တနှစ်တစ်ယောက်မို့ မောင့် ကို လေ စွန့်ခွာတာလား တဲ့)
- မောင်နှမ စိတ်နဲ့ ရေကာပေးခြင်း ဟု အကြောင်းပြကာ ယောက်က်ျား လေးများ မှာ ကောင်မလေး များကို ရင်ခွင်ကြား တရားဝင်ထားခွင့်ရခြင်း ( မောင်နှမ တကယ်မတော်လျှင် မောင်နှမစိတ် တကယ်မရှိနိုင်ပါ ဒီအချိန်မှာ)၊ အဆင်ပြေ .. ပြေသလိုပေါ့ဗျာ ။ ပြောပြဖို့မလိုပါဘူး .. အားလုံးသိနေကြတာပဲ။
- အရှက် အကြောက် ကို ထည့်တွက်စရာမလိုတဲ့ အချိန်

ငါလည်း ငါထင်ရာ ငါလုပ် ... မင်းလည်း မင်းလုပ်ချင်ရာ လုပ် ... အချင်းချင်း ဆရာမလုပ်နဲ့ အုပ် ထည့်လိုက်မယ်။ သင်္ကြန်ကို လွမ်းတဲ့ သူငယ်ချင်း ... မင်းအတွက် ငါရေးပေးလိုက်တယ် ...

ဒါကြီးကို အဟုတ်လုပ်
ဒါကြီးကို အဟုတ်ထင်
သရုပ်ဝင်အောင် ပုံသွင်း
မင်းပဲလွမ်းတော့ သူငယ်ချင်းရေ ...

ငါကတော့ မလွမ်းတာ
ငါလွမ်းတာ မြန်မာပြည်
ငါချစ်တာ ငါ့လူမျိုး
ပိတောက်ပန်းလောက် ကို တော့
ပန်းတိုင်း ကို ငါချစ်ပါရဲ့
စာမဖွဲ့ပါနဲ့ သူငယ်ချင်းရယ်. . .

ဗယုတ်ဗယက် နဲ့ သရုပ်ပျက်
အဟုတ်ထွက်လို့ ချကာပြ
ဒါလား ကွ .. မြန်မာပြည်

မသင့်တာ ကို အကုန်လုပ်
မဟုတ်တာ ကို ဂုဏ်တွေယူ
ဒါကိုပဲ အဟုတ်ထင်
သရုပ်ဝင်အောင်အသက်သွင်း .
မင်းပဲလွမ်းတော့ သူငယ်ချင်းရေ . . .


( အလကား ဗျို့ နေစိုးနိုင် ဆိုတဲ့ ကောင် သင်္ကြန်မလည် ရလို့ သင်္ကြန် လည်ရတဲ့ လူတွေ ကို မနာလိုဖြစ်နေတာ ။ ဒူဘိုင်းမှာ ပိတောက်ပန်း မရှိပါ .. သင်္ကြန်တော့ရှိပါသည် )


လေးစားစွာဖြင့်
နေစိုးနိုင်

No comments: