Thursday, April 16, 2009

သင်္ကြန်အမှတ်တရ









အဝေးရောက်နေတော့ သင်္ကြန်ဆိုပြီး ဘာတွေ ညာတွေ ထွေထွေထူးထူးလုပ်မနေတော့ဘူး ။ သူငယ်ချင်းတွေ ရေသွားကူး ကြမယ် ဆိုပြီး Al manzar park ကို သွားပြီး ရေကူးကြတယ်လေ။ အကြိုနေ့ကပေါ့။ အဆောင်က နေစထွက် တုန်းကတည်း က မိုးကစရွာနေတာ ။ သွားရကောင်းမလား ၊ မသွားရကောင်းမလား နဲ့ ဖြစ်နေကြတာ နောက်ဆုံးတော့ သွားမယ်ဆိုပြီးတော့ ထွက်လာလိုက်တာ ပန်းခြံထဲ ရောက်တော့ မိုးက အဆက်မပြတ် ကို သည်းသည်း မည်းမည်း ရွာတော့တာဗျို့ ။ ဒါနဲ့ ဂစ်တာတီး သီချင်းဆို ကနေကြတာပေါ့။ အချင်းချင်း နောက်လိုက်ပြောင်လိုက်နဲ့ ။ ဖြစ်ချင်တော့ ဒီနှစ်သင်္ကြန်မှာ အရက်မသောက်တော့ ဘူး ဆိုပြီး အဆောင်က နေ အအေးဗူး တွေ စားစရာတွေ ပဲ ၀ယ်သွားကြတာလေ။ ဟိုလည်းရောက်ရော မိုးတွေ က စွတ် ရွာနေတော့ အအေးလည်း မသောက်နိုင်တော့ဘူး ။ အချင်းချင်း လုပ်ကြံနေကြတာလား လို့ နောက်ကြပါတယ်။ ဒီလိုနဲ့ မိုးစဲသွားတော့ ဓာတ်ပုံလျှောက်ရိုက်တယ်။ လူပါတဲ့ ပုံရော လူမ ပါတဲ့ ပုံရော စုံလို့ ။ မိုးတိတ် သွားတော့ ကမ်းခြေဖက် ဆင်းပြီး ရေကူးဖို့ စောင့်နေကြတာပေါ့ဗျာ။ နေ ကလေးက လည်း ပြူတစ်ပြူတစ် ဖြစ်နေတယ်လေ။ ခဏနေတော့ အားရပါးရ ကဲ ကြတာပေါ့။ လက်ချင်း ချိတ်ပြီး အသားကုန် အော်ရင်း ပင်လယ်ထဲ ပြေးဆင်းတာ အားလုံး ၀ိုင်း ကြည့်နေကြတယ်။ ဂရုမစိုက်ပါဘူး။ ဓာတ်ပုံလေးတွေ နမူနာပြလိုက်ပါတယ်။ ရုပ်ဆိုးတို့၏ အရက်ကင်း တဲ့ သင်္ကြန် အမှတ်တရပေါ့ ။

လေးစားစွာဖြင့်
နေစိုးနိုင်

1 comment:

ညီ said...

အပျော်တွေကူးစက်ပါတယ်။ “ရုပ်ဆိုးတို့သင်္ကြန်”ဆိုတာ ထက် “သူတော်ကောင်းတို့သင်္ကြန်”လို့ပဲခေါ်ချင်တယ်