ကျွန်တော့် ဘ၀ ရဲ့ အခန်းက`ဏ္ဍမှာ အရေးပါတဲ့ ကောင်မလေးတစ်ယောက် မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ
နောင်နှစ် နောင်နှစ် တွေမှာ ဒီထက် ဒီထက် ပိုပြီး ပျော်ရွှင်စရာ ကောင်းတဲ့ မွေးနေ့ပေါင်းမြောက်များစွာကို
သူမ က ချစ်သော ၊ သူမ ကို ချစ်သော သူ တို့ နှင့် အတူ ကျင်းပနိုင်ပါစေ။
ကောင်မလေးရေ မွေးနေ့တစ်ခုကို ကျင်းပလိုက်တယ်ဆိုတာ ကိုယ့် အသက်တစ်နှစ်ကြီးသွားပြီဆိုတာ ကို အများသိအောင်ကြေငြာ တာနဲ့တူတယ် ။ လာမယ့် နှစ် အသစ် ဆိုတာ လွန်ခဲ့တဲ နှစ် က ရခဲ့တဲ့ အတွေ့အကြုံတွေ သင်ခန်းစာ တွေ ကို နင်းပြီးတော့ နောက်တခါ မွေးနေ့ မကျင်းပမီ တနှစ်တာ တိုက်ပွဲဝင်ခြင်းတမျိုးပါပဲ။
လွန်ခဲ့တဲ့နှစ်တုန်းက လည်း ဒီစိတ်ဓာတ် နဲ့ ဒီပုံစံပဲ ဒီနှစ်လည်း ဒီစိတ်ဓာတ်နဲ့ ဒီပုံစံပဲ ဘာမှပြောင်းလဲမှူ မရှိဘူး ဆိုရင် မွေးနေ့ရောက်လာတယ်ဆိုတာ သေဖို့ တစ်နှစ်စောလာ တာက လွဲလို့ ဘာအဓိပ္ပါယ်ရှိမှာလဲ။ အရင်နှစ်က အသက် ထက်တစ်နှစ်ကြီးတော့မယ်ဆိုတော့ တစ်နှစ် စာပိုပြီး ရင့်ကျက်လာဖို့လိုမယ်။
မနှစ်က အသက်အရွယ်မှာ မလုပ်နိုင်ခဲ့တဲ့ အရာတွေ ကို ဒီနှစ်အောင်မြင်အောင်လုပ်မယ်လို့မွေးနေ့မှာ သစ္စာဆိုလိုက် ...
ဒါဆိုရင် မွေးနေ့ကျင်းပတယ်ဆိုတာ ပိုပြီး အဓိပ္ပါယ်ရှိလာမယ် . . .
ကိုယ်တိုင်လည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီး ရင့်ကျက်တည်ငြိမ်တဲ့လူဖြစ်လာမယ် . . .
ကိုယ်လေးစားတဲ့ စာရေးဆရာတစ်ယောက်ပြောဖူးတယ် ။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က ကိုယ့်ကို လာပြီး .. မင်း အရင်ကလိုပဲ .. ဘာမှမပြောင်းလဲဘူး ... လို့ ပြောရင် ကိုယ့်ကို စော်ကားတာပဲတဲ့ ။ အဓိပ္ပါယ်က မင်း အသက်သာ ကြီးလာတယ် ဘာမှတိုးတက်မှူ မရှိဘူး လို့ ပြောလိုက်သလိုပဲတဲ့။
ဒါကြောင့် မွေးရာပါ အကြေကောက်ကလေး ရေ . . .
မွေးနေ့ကို ပျော်ရွှင်စွာကျင်းပပါ
ရင့်ကျက်ဖို့ ပြင်ဆင်ပါ
ခွန်အားတွေမွေးထားပါ
ရှေ့ဆက်ဖို့ ကြိုးစားပါ
ခြေလှမ်းတွေမယိုင်စေနဲ့
အရေးကြီးဆုံးက တော့
မိဘကျေးဇူး သတိရပါ ... နောက်ဆုံးမှာ မှ
ကိုယ့် ကို သတိရနေပါ ...
မွေးရာပါ အကြေကောက်ကလေး မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ ။
ကိုနိုင်

4 comments:
နေစိုးနိုင်ရေ.....
မင်းရဲ့ ...မွေးရာပါ အကြေကောက် မင်းသမီးလေး အတွက်..ငါလည်း..အကောင်းဆုံး ဆုတွေ...တောင်းပေးလိုက် ပါတယ်................
LMK
ကျေးဇူးပါ ဗျာ
:)....Wooo..So Cool....အစ်ကိုနေစိုးနိုင်ရေ။။။
မွေးရာပါ အကြေကောက်လေးတဲ့..
တကယ် ထူးဆန်းတဲ့ အခေါ်အဝေါ်လေး။
သူမလေးရဲ့ မွေးနေ့ ကို ညီမကလည်း ဒီနေရာလေးကနေ လေးလေးနက်နက် ဆုတောင်းပေးတယ်နော်။
အကြေကောက်လေးရဲ့ ဘဝရည်မှန်းရာ ပန်းတိုင်ကို
ချစ်သော ချစ်သူများနှင့် အေးချမ်းစွာ အရောက်သွား
နိုင်ပါစေလို့ ။ :)
ညီမလေး ကျေးဇူးအရမ်းတင်ပါတယ်
Post a Comment