မွေးရာပါ အကြေကောက်လေးတဲ့ လား…….
ဘယ်လောက်တောင် ရိုးသားပြီး….
ခန်းနားလိုက်တဲ့ နာမည်လေး ပါလဲ………
အဲဒီ အကြေကောက်လေး မွေးနေ့ …အတွက်….
ကို…ဒီကဗျာလေး….
လက်ဆောင်ပေးလိုက်တယ်နော်……
ကိုယ်ချင်းစာမိတဲ့ ….မင့် ရဲ . အလွမ်းတွေ အတွက်ပေါ့ …..
မသစ်ပေမယ့် …
လျှောက်လှမ်းခဲ့ ရတဲ့  လမ်းအဟောင်းတွေ…..
မချစ်ပေမယ့် ….
အောင့်နမ်းခဲ့ ရတဲ့  အနမ်းအကြောင်းတွေ…….
ချစ်သူလေးရေ…..
မစားချင်ခဲ့ တဲ့  အနှံတွေ……
မကြားချင်ခဲ့ တဲ့  အသံတွေ….
မကြည့် ချင်ခဲ့ တဲ့  အခန်းတွေ….
မသိချင်ခဲ့ တဲ့  အလွမ်းတွေ….
ခုများလေ……
မတရား….အသားကျ…..
ကိုယ့် ကိုကိုယ်….
လိမ်ညာနေလိုက်ရတာကွယ်…..
မြက်ကလေးတွေကတော့  နုပါရဲ့ ……
ဒါပေမယ့် …….
နှလုံးသားနဲ့ ..မိုင် ၂၀၀၀ ကျော်ဝေးတဲ့ နေရာ….
ဒါ…….
ရေကြည်ရာတဲ့ လား…
ရေကြည်ရာတဲ့ လား..ကွယ်……
LMK
ယခုလို အမှတ်တရလက်ဆောင် ကဗျာရေးပေးသော ကဗျာဆရာ လွင်မင်းခန့် ကို အကြေကောက်ကလေး ကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
နေစိုးနိုင်
ယခုလို အမှတ်တရလက်ဆောင် ကဗျာရေးပေးသော ကဗျာဆရာ လွင်မင်းခန့် ကို အကြေကောက်ကလေး ကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
နေစိုးနိုင်
1 comment:
ရေးတက်လိုက်တာများနော် ။
အရမ်းကို အားကျရပါတယ်။ :)
Post a Comment