မြားကုန်လို့ ပြေးတဲ့ အခါ (ခြေထောက်က) မြန်တယ်…..
အတင်းအဖျင်း တစ်စွာစွာနဲ့ 
အချင်းချင်း နွှာတဲ့  အခါ (အသဲက) မာတယ်…….
ရှင်ရှင် လူလူ တစ်ယောက်မငဲ့ ဘဲ
ကိုယ့် အိတ်ထဲ ကောက်ထည့် တဲ့ အခါ (လက်က) မြန်တယ်…..
တစ်လွဲကောင်းနေတဲ့ ဆံပင်တွေကို သ
ပြောင်းသင့် မှန်းသိနေကြပေမယ့်  (ခေါင်းက) မာတယ်…….
ပါလာယာ အစုတ်တစ်ခုနဲ့ ကိုယ့် အိတ်ထဲ ကောက်ထည့် တဲ့ အခါ (လက်က) မြန်တယ်…..
တစ်လွဲကောင်းနေတဲ့ ဆံပင်တွေကို သ
ပြောင်းသင့် မှန်းသိနေကြပေမယ့်  (ခေါင်းက) မာတယ်…….
ဘာလာလာ အတုလုပ်ဖို့ ကြံတဲ့ အခါ (ကလိန်ကကျစ်ဥာဏ်က) မြန်တယ်….
မတရားတာတွေ သိလျက်နဲ့ မျိုသိပ်
တိတ်တိတ်လေးကြိတ်ခံတဲ့ အခါ (စိတ်က) မာတယ်……
..............................မြန်တယ်.....
...............................မာတယ်.....
...............................မာတယ်.....
အေးဗျာ………
အမျိုးကံကမကောင်း
အငြိုးခံပြီး…………
ပုဆိုးလှန်ထောင်းရလွန်းလို့ 
(လွင်မင်းခန့် တစ်ယောက်လည်း…….)
ပေါင်နှစ်ချောင်းလုံးတော့  ညိုလှပြီ………….
လွင်မင်းခန့် (12/03/09)
1 comment:
အမျိုးကံက မကောင်း အငြိုးခံပြီး ပုဆိုးလှံထောင်း
ရလွန်းလို့ (ညိုမင်းခန့် တစ်ယောက်လည်း)ပေါင်နှစ်
ချောင်းလုံးလည်းညိုလှပြီ......တဲ့...
ဘာဖြစ်လဲ အစ်ကိုရာ ပြုံးလိုက်စမ်းပါ ။။။
အနဲဆုံးတော့ မကျိုးသေးဘူးလေ ။။။။ ဟဲဟဲ။။
:P
Post a Comment