လွင်မင်းခန့် ဆိုတာ..ဒူဘိုင်းကို စီးပွါးမပျက်ကြခင် လက်မတင်လေး ရောက်လာတဲ့ အင်ဂျင်နီယာ ပေါက်စ တစ်ယောက်ပါ.....အစ်ကိုတော် အစ်မတော် ဘလော့ ဂါတွေကို လေးစားအားကျပြီး...မတောက်တစ်ခေါက် ထ ရေးမိတာပါ....ကိုနေစိုးနိုင် ကျေးဇူးနဲ့...သူ့ဘလော့မှာ ခိုကပ်ရေးခွင့်ရတော့ ...ဝမ်းသာလိုက်တာဗျာ....တကယ်ပါ ..ရိုးရိုးသားသား ပြောရရင်....ကျွန်တော် တိုင်းပြည်နဲ့  လူမျိုးကို ချစ်တယ်....ခုထိတော့ကျွန်တော့် ”မိသားစု” ကဗျာထဲက သားငတေ တစ်ယောက် အဆင့်ပဲ ရှိပါသေးတယ်....ဒါပေမယ့်အဲဒီအဆင့်ကရုံးထွက် တက်နိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေပါတယ်...ပြီးတော့ ...ကျွန်တော့် နာမည်တပ်ထားတဲ့  ကဗျာတွေ စာတွေ အတွက်....ကျွန်တော် တစ်ယောက်ထဲမှာပဲ တာဝန်ရှိပါတယ်...ဆဲချင်လို့ပဲဖြစ်ဖြစ် ကျွန်တော့်ကိုဆက်သွယ်ချင်တယ် ဆိုရင် lmkhant@gmail.com ကို ဆက်သွယ်နိုင်ပါတယ်...
လွင်မင်းခန့်
ဒါကတော့ အားလုံး ကို လွင်မင်းခန့် မိတ်ဆက်တဲ့ စာပါ။ လွင်မင်းခန့်ပြောတဲ့ သူ့အကြောင်းပေါ့။ ကျွန်တော် ပြောတဲ့ လွင်မင်းခန့်အကြောင်း က ဒီလို . . .
နာမည် ... လွင်မင်းခန့်
နေရပ် ... ဒူဘိုင်း
ပုံပန်းသဏ္ဌာန် .... မသိ
အသက် ... မသိ ( သူကတော့ ကျွန်တော့် ကို ကိုနေစိုးနိုင်လို့ခေါ်တယ် .. ကျွန်တော်ကလည်း သူ့ကို အစ်ကို လို့ခေါ်တာပဲ )
အရပ် ... မသိ
ဖုန်းနံပါတ် ... မသိ
အရင် က .... မသိ
ဒီလို မသိတာတွေ အများကြီး ကြား က နေ သူ့ ဆီက နေစာ တစ်စောင် ရောက်လာတယ် ။ ကဗျာတစ်ပုဒ်နဲ့ မယုံမရှိနဲ့ ကျွန်တော် တကယ်ပျော်သွားတာ။ စာကူရေးပေးမယ့်လူ တစ်ယောက် တိုးလာလို့လေ။ နောက်ပြီး သူ့ ကဗျာတွေက လည်း ကျွန်တော့် ခံစားချက်နဲ့ ကိုက်နေတယ်။ သူရေးတဲ့ပုံစံ ကို လည်း ကြိုက်တယ် ။ သူငယ်ချင်း အသစ်ရလို့ လည်းပျော်တယ်။
ဒီထက်သာတဲ့ ခံစားမှူ က တစ်ယောက်နဲ့ တစ်ယောက် မသိကြ ဘဲ နဲ့ တစ်နေရာတည်း မှာ စိတ်တူ၊ ကိုယ်တူ စာတွေ ၊ ကဗျာတွေ ၊ ထင်ရာတွေ ၊ ပေါက်ကရလေးဆယ် လျှောက်ရေးနေကြတာ ကို တွေး ကြည့်ရင် အရမ်းပျော်တယ်။ ဒါကြောင့် ဒူဘိုင်းမှာ အတူနေပေမယ့် ကျွန်တော် ကို လွင်မင်းခန့် ကို တွေ့ဖို့ ကြိုးစားဦးမှာ မဟုတ်ဘူး ။ ဒီ feeling ကို ကြိုက်လို့ ။ နှစ်ယောက်တိုင်ပင်ပြီး ရေးလိုက်ရင် အခု feel မျိုးရှိမှာမဟုတ်တော့ဘူး။
ရသ တမျိုးပေါ့ဗျာ....

4 comments:
ဟုတ်တယ်အစ်ကို ...Idea လေးကောင်းတယ် ။ ဘာမှမ
သိပဲ စာအနုပညာ လေးတွေနဲ့ ပဲ သိရတာ တစ်မျိုး
ပျော်စရာကောင်းသလားလို့  ။။ညီမတော့ ပျော်နေလေရဲ့ ။ဟဲဟဲ ။:)
အေးညီမ
နင့်ကိုတော့ ငါတို့နှစ်ယောက်ရဲ့ အမြဲတမ်း မန့် တဲ့ လူ အဖြစ် ညီမတော်မယ်။
လွင်မင်းခန့်သဘောတူလားတော့မသိဘူး
ငါကတော့ ရာထူးတိုးပေးလိုက်တယ် နင့်ကို
ကျေးဇူးပါ
ကျွန်တော်လည်း သဘောတူပါရဲ့ ကိုနေစိုးနိုင်...
ကျွန်တော်ကမောင်နှမတွေထဲမှာလည်း အကြီးဆုံးဆိုတော့ ညီ ညီမတွေကို ချစ်တတ်ပါတယ်..
ပြီးတော့ အမြင်မတော်တာတွေ့ ရင်လည်း ဆူနေပြောနေကျပေါ့ ..အဲဒီအကျင့် က..ကျွန်တော့် ကဗျာတွေမှာလည်း ပါ ပါ သွားတယ်ထင်ပါ့ ဗျာ..
LMK
:)..ကျေးဇူး အထူးတင်ပါကြောင်း ။ :)
ပျော်ရွှင်မိပါကြောင်း ....:)....ပြောကြားလို ပါသည်ရှင့် ။
Post a Comment