Thursday, March 5, 2009

သံသယ

ကွယ်လွန်သူ အတွက် အမှူမှန်ပေါ်သွားပြီ ဆိုတော့ ၀မ်းသာမိပါတယ်။ သို့သော် မပျော်နိုင်ပါ။ ကွယ်လွန်သူ အသက်ပြန်မရှင်နိုင်တော့သည် ကတကြောင်း ၊ အမှူ ပေါ်မှာ ဖြစ်ပေါ်လာသော ကျွန်တော်၏ ကိုယ်ပိုင် သံသယ တို့ ကြောင့်ဖြစ်ပါတယ်။

အထူးသဖြင့် ထိုသံသယ တို့ဟာ ကျွန်တော်အား မပျော်အောင် ဖန်တီးနေကြတာ ဖြစ်ပါတယ်

တရားခံဖြောင့်ချက်အား အကျဉ်းချုံးပြန်စဉ်းစား ကြည့်လျှင်...

သူတို့ချင်း သဘောထားချင်း မတိုက်ဆိုင်မှူ မှ အစပြု ၍ လည်ပင်းညှစ် ၍ တွင်းထဲပစ်ချ သည်အထိဖြစ်ပွားခဲ့ရပါသည်။ တွင်းထဲသို့ တွန်းချချိန်မှာ ကွယ်လွန်သူ ၏ ဘောင်းဘီ ကျွတ်ပါလာခဲ့ ပါသည်။ ဟု ထွက်ဆိုသွားပါသည်။

ကျွန်တော်၏ သံသယ မှာကား . . .
အမှူမှန်မပေါ်မီ တရက်အလိုတွင် တရားနာ အမျှဝေ ခြင်း ကိစ္စ အတွက် နှင့် ဒူဘိုင်းရောက် မြန်မာ ဘလော့ဂါ အစ်ကိုကြီးတစ်ယောက်အား လူချင်းသွားတွေ့ရန်ချိန်းဆိုထားသောကြောင့် အလောင်းတွေ့ရာ တွင်း ကို သွားရောက်ကြည့်ရှူ့ ခဲ့ကြပါတယ် ။ ( ကျွန်တော် ၊ သူငယ်ချင်း တစ်ယောက် နှင့် ဘလောဂါ အစ်ကို စုစုပေါင်း ၃ ယောက် )
အလောင်းတွေ့သည်ဟူသော တွင်းမှာ ၆ ပေကျော် ခန့် ရှည်လျှားပါတယ်။ တွင်း အဖုံးအား သံပြားဖြင့် ဖုံးပိတ်ထားပြီး အဖုံးမှာ ၂ ပေ ပတ်လည်ခန့် ရှိ၍ ၃ ပြား ဆက်ခင်း ထားပါတယ်။ သံထူပြားများ ဖြစ်ပါတယ်။ အဖုံး ကို ဖွင့်နိုင်ရန် လက်ကိုင် မပါသောကြောင့် ချိတ်နှင့် မ ၍ ဖွင့်ရသော အမျိုးအစား ဖြစ်ပါတယ်။ ထို့ကြောင့် ထိုနေ့မှာပင် ကျွန်တော်တို့ ၃ ဦးစလုံး အမှူမှာ တရားခံတစ်ယောက်တည်း မဖြစ်နိုင်ကြောင်း ကို တူညီစွာ စဉ်းစားမိပြီး ထင်မြင်ချက်တွေ ပေးခဲ့မိပါသေးတယ်။

နောက်တရက်အရောက်မှာ အမှူမှန်ပေါ်ပါတယ်။ တရားခံဖြောင့်ချက်ကို ရဲက ယုံပေမယ့် ကျွန်တော်မယုံနိုင်ခဲ့ပါ။ ကျွန်တော်နည်းတူ သူငယ်ချင်း နှင့် ဘလော့ဂါ အစ်ကိုကြီးလည်း ယုံနိုင်ကြမည် မထင်ပါ။ လူသတ်ဖို့ကို ထားပါတော့ အားနွဲ့သူ မိန်းခလေး တစ်ယောက်အား လည်ပင်းညှစ်သတ်မယ်ဆို သတ်နိုင်စရာပင်။ သို့သော် ၄င်း တွင်း အဖုံးကို တရားခံတစ်ယောက်တည်း ဖွင့်နိုင်သည်ဆိုသော အချက်မှာ ကျွန်တော့်အဖို့ သံသယ ၀င်စရာ ( ၁ ) အချက် ဖြစ်ပါသည်။

တရားခံဖြောင့်ချက်တွင် သူမအား တွင်းထဲတွန်းချ ချိန်တွင် သူမ ၏ ဘောင်းဘီ ကျွတ်ပါလာခဲ့ပါသည် ။ ဟု ထွက်ဆိုပါသည်။ ကျွန်တော် စဉ်းစားမိသည်မှာ ဘောင်းဘီကို မိန်းခလေး ဘောင်းဘီ မဆိုဘိ ယောက်ျားလေး ဘောင်းဘီကို ပဲ ဆွဲချွတ်ကြည့်စေချင်ပါသည်။ ( ခါးပတ် မပါဘူးပဲထားပါ ) ဒီနေရာမှာ မိန်းမသားတို့ရဲ့ ခန္ဓာကိုယ် အချိုးအစား ဟာ ယောက်ျား တွေနဲ့ မတူဘူး ဆိုတဲ့ အချက်ကို ထည့်သွင်း စဉ်းစားစေချင်ပါတယ်။ ထိုကြောင့် ဘောင်းဘီ ကိစ္စသည် ကျွန်တော်၏ သံသယ ( ၂ ) ဖြစ်ပါသည်။

တရားခံဟာ လူသတ်မိသွားခဲ့တယ် အလောင်းဖျောက်ဖို့ သေဆုံးသူ နေထိုင်သော အဆောင်နှင့် ပေ ၁၀၀ လောက် အကွာမှာပင် အလောင်းဖျောက်ဖို့ကြိုးစားရာမှာ တစ်ယောက်တည်း ဒီလောက်သွေးအေးနိုင်လိမ့်မည် မထင်ပါ။ ဒါကတော့ သံသယ (၃) ။

နောက်ဆုံး နှင့် အကြီးမားဆုံးသံသယ ကတော့..
ဒူဘိုင်းမြို့ဟာ ခရီးသွားလာရေးလုပ်ငန်း ကို အဓိကထားသော မြို့ဖြစ်ပါတယ်။ ထို့ကြောင့် ၄င်းတို့ အနေနှင့် ဧည့်သည်အား ၄င်းတို့ နိုင်ငံမှာ မည်မျှ လုံခြုံမှူ ရှိကြောင်း ကို အဓိက ထား၍ ကြော်ငြာ ရပါမည်။ ယခု ဖြစ်သွား ပုံမှာ လူသွားလမ်းမဘေးမှာ အလောင်းပြန်တွေ့တာ ဆိုတော့ ဒီအမှူ ကို မဖော်နိုင် ဘူး ဆိုတဲ့ အဖြစ် ကို တော့ ဒူဘိုင်း အစိုးရ အနေနှင့် လုံးဝ (လုံးဝ) အဖြစ်ခံမည် မဟုတ်ပါ။ တကယ်လို့ ဖြစ်ခဲ့လျှင် ၄င်းတို့ စီးပွားရေးကို ထိခိုက်တော့ပါသည်။ (လုံခြုံမှူမရှိဘူး ဆိုတဲ့သတင်းထွက်သွားရင် ဘယ် ခရီးသည်က လာလည်မှာလဲ )ထို့ကြောင့် တရားခံအား မရ အရ များ ထုတ်ဖော်ပစ်လိုက်လေရော့သလား ။ ( သေသူသည် သူ့နိုင်ငံသူမဟုတ် ၊ သတ်သူသည်လည်း သူ့နိုင်ငံသားမဟုတ် သောကြောင့် ကြားက သူနိုင်ငံ သိက္ခာ ကျ မခံလို လေသလား ) ဒါက သံသယ ( ၄ ) ပါ။

ထို့ကြောင့် ကွယ်လွန်သူ အတွက် အမှူမှန်ပေါ်သွား ပြီ ဆိုသောကြောင့် ၀မ်းသာပါသည်။ သို့သော် အထက်ဖော်ပြပါ သံသယ များကြောင့် ကျွန်တော်မပျော်နိုင်ပါ။

အကယ်၍များ ခင်ဗျားတို့မှာ ထင်မြင်ချက်ကလေးများ ရှိရင် သိပါရစေခင်ဗျာ။

၁။ တွင်းအဖုံး ကိုဘယ်လိုဖွင့်လဲ
၂။ ဘောင်းဘီ ကျွတ်နိုင် မကျွတ်နိုင်
၃။ လူသတ်ထားတဲ့ တရားခံ ဒီလောက်သွေးအေးအေး လုပ်နိုင်မလုပ်နိုင်
၎။ ဒူဘိုင်း အစိုးရ ၏ သဘောထား အမှန်

စတာတွေကို ပွင့်လင်းစွာ ဆွေးနွေးစေလိုပါတယ်ခင်ဗျား။

အထက်ဖော်ပြပါ သံသယ တို့မှာ ကျွန်တော်၏ ကိုယ်ပိုင် သံသယ များသာ ဖြစ်ပါသောကြောင့် မိတ်ဆွေတို့ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်။

ဒူဘိုင်းမှာ ဒီကိစ္စဖြစ်သွားလို့ ဒူဘိုင်းက မိန်းခလေးတွေ ဆိုတဲ့ ၀ါးလုံးရှည် နှင့် သိမ်း ရမ်း တဲ့ စကားမျိုးကို လည်း မပြောစေချင်ပါခင်ဗျား။ ဒူဘိုင်းမှာပဲ မြန်မာ ပီပီ မြန်မာစိတ်ဓာတ် အပြည့်ဖြင့် နေထိုင် အလုပ်လုပ် နေကြသော အမျိုးကောင်းသမီး များစွာ ရှိကြောင်းသတိ ချပ်စေချင်ပါသည် ခင်ဗျား ။

လေးစားစွာဖြင့်
နေစိုးနိုင်

2 comments:

Htoo Tay Zar said...

ကွယ်လွန်သူ အတွက် စိတ်မကောင်းပါဘူး.. အမှန်တော့ ကိုယ့်လူမျိုး အချင်းချင်း ရိုင်းပင်းကူညီပြီး စုစုစည်းစည်းနေရင် ပိုကောင်းမှာပဲနော်.. ထင်းဆိုတာ အစည်းလိုက်ဆို ချိုးဖို့ မလွယ်ပါဘူး.. ဆုတောင်းပေးပါတယ်..

Anonymous said...

ဘယ်နိုင်ငံ..ဘယ်ဒေသမှာပဲနေနေ ကိုယ့်ကို မြန်မာလူမျိုးဆိုတာ မမေ့ဖို့ရယ်.ကိုယ့်ရဲ့ရည်မှန်းချက်ကို အမြဲအမှတ်ရနေဖို့ရယ်ကို ပြောချင်ပါတယ်..နိုင်ငံခြားကို လာတယ်ဆိုတာ အပျော်လာကြတာမဟုတ်ပါဘူး..ပိုက်ဆံရှာတာ နဲ့ပညာရှာတာဆိုတဲ့ တိုးတက်မှု့တစ်ခုအတွက်လာတာပါ.
အရေးကြီးဆုံးက မြန်မာမိန်းကလေးတစ်ယောက်အနေ
နဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှု့ကို မမေ့ပါနဲ့ဆိုတာ