ရတနာသုံးပါး မရောက်နိုင်တဲ့ဒေသကိုတော့ ရပ်ပြစ်ရှစ်ပါးထဲမှာ ထဲ့ကြပါတယ်။ ခု ဒူဘိုင်းမှာ သံဃာတော်များမရှိဘူး ဒီတော့ မရောက်သင့်သောအရပ်ကို ရောက်နေရသလိုဖြစ်နေတယ်။ အားမငယ်ကြပါနဲ့... သံဃာတော်များမရှိပေမဲ့ မိမိတို့ရဲ့စိတ်ထဲမှာ ရတနာသုံးပါး အာရုံပြုမယ်၊ မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ တရားတော်နဲ့အညီ နေထိုင်မယ်ဆိုရင်တော့ ရပ်ပြစ်ရှစ်ပါးလို့တော့ မဆိုနိုင်တော့ပါဘူး။ ဒီတော့ တရားတော်တွေကို သိအောင်လေ့လာရပါ့မယ်၊ သိပြီးရင် ကိုယ်သိတဲ့အတိုင်း ကျင့်သုံးနေထိုင်ရပါမယ်။
သေးဆုံးသူအတွက် ရည်စူးပြီး ဒါန, သီလ, ဘာဝနာ ကုသိုလ်တွေ ပြုရမယ်။
ကိုယ်ပြုထားတဲ့ ကုသိုလ်တွေကို သေဆုံးလေသူ မ.......... အတွက် အမျှပေးဝေရပါမယ်။
ဒီအလုပ်တွေက ဗုဒ္ဓဘာသာဝင်အစစ်တို့ရဲ့ အလုပ်တွေပါပဲ။
သေသူကို သရဏဂုံတင်ပေးတယ်ဆိုတာ မိရိုးဖလာအပြောတွေပါ။ သေသူကို သရဏဂုံတင်၍မရပါ။ (မှားပါတယ်)
ကျန်ရစ်သူများကို ဆရာတော်များက သရဏဂုံဆောက်တည်ခိုင်းပါတယ်၊ သီလတရားချီးမြှင့်ပါတယ်၊ ပရိတ်ရွတ်ပေးပါတယ်။ တရားဟောပေးပြီးနောက် ယခုပြုလုပ်တဲ့ ကုသိုလ်တွေကို သေဆုံးလေသူများအတွက် အမျှပေးဝေပါတယ်။
များသောအားဖြင့် အစိမ်းသေချည်းပါဘဲ အကျက်သေကတော့ ပန်းပဲမောင်တင့်တယ်တို့လို မီးလောင်သေသူများကို သာခေါ်ဆိုပါတယ်။
ဘုရာဟောသော သေဆုံးခြင်းမှာ လေးမျိုးရှိပါတယ်...
၁။ ကံကုန်၍ သေခြင်း။
၂။ သက်တမ်းကုန်၍ သေခြင်း။
၃။ ကံနှင့် သက်တမ်းကုန်၍ သေခြင်း။
၎။ ကံနှင့် သက်တမ်း မကုန်သေးပဲ ကြားဖြတ်အကြောင်းတစ်ခုခုကြောင့် သေဆုံးရခြင်းတို့ ဖြစ်ကြပါတယ်။
ယခု ဒကာမ မ...... က ကြားဖြတ် အကြောင်းကံ တစ်ခုကြောင့် သေဆုံးခြင်းသာဖြစ်ပါတယ်။
ဒီကံနဲ့သေတိုင်းလဲ မကောင်းသောဘုံသို ရောက်မယ်လို့ တရားသေပြောလို့မရသေးပါ၊ သူတော်ကောင်းကြီးတွေ တချို့လည်း ဒီကံနဲ့သေရတာရှိပါတယ်။
သေဆုံးသူ ပုထုဇဉ်များသွားရမဲ့နေရာကတော့ ၅-ဌာနရှိတယ်။
၁။ လူ့ဘုံ
၂။ နတ်ဘုံ
၃။ ငရဲဘုံ
၎။ တိရစ္ဆာန်ဘုံ
၅။ ပြိတ္တာဘုံ (သရဲ-တစ္ဆေ) ဆိုပြီး ၅-နေရာရှိတယ်။
ဒီလို၅-ဌာနမှာ ရောက်ရှိသွားတဲ့ သူတွေထဲကမှ ပြိတ္တာဘုံရောက်ရှိသွားသူဟာ ကျန်ရစ်သူများ ကုသိုလ်ပြု အမျှဝေရင် ရနိုင်သော အခွင့်အရေး အနည်းငယ်ရှိတဲ့အတွက် ဒါကို မျှော်လင့်ပြီး ပြုလုပ်ကြပါတယ်။ လူနဲ့နတ်များလည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုမယ်ဆိုရင် ရသင့်သလောက် ရရှိနိုင်ပါသေးတယ်။
တကယ်လို့ ပြိတ္တာဘုံ (သရဲ-တစ္ဆေ)ဘ၀ ရောက်သွားသူများဟာ၊ ရောက်တဲ့ဘ၀မှာ လယ်လည်းမထွန်နိုင် စပါးလည်းမစိုက်နိုင် အလုပ်လည်းမလုပ်နိုင်တဲ့ ဘ၀ဖြစ်လို့ စားဝတ်နေရေး ငတ်မွတ် ခေါင်းပါးပါတယ်။ အိမ်ကြိုအိမ်ကြားတွေမှာဘဲ ရှာဖွေစားသောက်ရတယ်။ ဒီလိုခက်ခဲသည့်အတွက်ကြောင့် သူတို့တွေနဲ့ နီးစပ်တဲ့သူတွေဆီမှာ အကူအညီတောင်းဖို့ ကိုယ်ထင်ပြကြပါတယ်၊ ဒါကို မြင်တဲ့သူတွေက ကြောက်ပြီး ဘုန်းကြီးတွေပင့် ကမ္မ၀ါစာတွေဖတ်ပြီး မနေနိုင်အောင်လုပ်ကြပြန်တယ်။ တကယ်စဉ်းစားကြည့်တော့ သူတို့ရဲ့ဘ၀ဟာ အင်မတန်မှကို သနားစရာ ကောင်းလှပါတယ်။ ကိုယ်ခြင်းစာစိတ်လေးထားပြီး တွေ့ကြုံခဲ့ရင် မေးကြည့်ပါ မင်းဘာအလိုရှိလို့ပါလဲလို့ ???၊ အဲဒီကြရင် သူအကူအညီ လိုနေကြောင်း စားဝတ်နေရေး ခက်ခဲကြောင်း ကုသိုလ်ပြုပြီး အမျှပေးဝေ ပေးပါရန် တောင်းဆိုပါလိမ့်မယ်။
တချို့ကြတော့ တကယ်မတွေ့ပါဘူး စိတ်ကထင်နေခြင်းသာ၊ ကိုယ်ကထင်နေရင် ထင်ထားတဲ့အတိုင်းဘဲလို ကိုယ်ဟာကို လှည့်စားပြီး ယုံကြည်နေတတ်ကြပါတယ်။(ကိုယ့်သူ
ဒကာ ဒကာမတို့အနေနဲ့ သေဆုံးသူအတွက် မိမိတို့နေထိုင်ရာမှ ဘုရားစင်မှာ ရတနာသုံးပါး အာရုံပြုပြီး ဆွမ်း သစ်သီး ဆီမီး သောက်တော်ရေ ပန်း အစရှိသည်နှင့် မိမိတို့လှူဒါန်းလိုသည်များကို၊ ဘုရားအမှူးရှိသော သံဃာတော်တို့ကို ရည်မှန်းပြီး လှူဒါန်း၍ အမျှဝေပေးလိုက်ပါ၊ ဘာကြောင့် သံဃာတော်ကို ရည်မှန်းရသလဲဆိုရင် ဒီအလှူမျိုးက အကောင်းဆုံး အကျိုးအကြီးမားဆုံးဖြစ်လို့ပါ၊ အရိယာသံဃာဆိုတာ ဘယ်တော့မှ မဖေါက်ပြန်တော့ပါဘူး။ (ပုထုဇဉ်ကတော...)
သေဆုံးသူတွေ ရတာမရတာ သူ၏ကံသာ၊ မိမိကတော့ ကုသိုလ်တွေ ဖြစ်သွားပါတယ်။
ဒါ့ကြောင့် အကြိမ်ကြိမ်အခါခါ ပြုလုပ်နိုင်ပါတယ်။
ကျောင်းမှာ ဒကာလေးတယောက် ရောက်လာလို့ အသုဘအခန်းအနားမှာ အစီအစဉ်အတိုင်း အသံသွင်းပေးလိုက်ပါ့မယ်။ ဖြစ်နိုင်ရင် ဒကာဒကာမတို့လည်း လိုက်ဆိုပြီး သီလယူ အမျှဝေပေးလိုက်ပါ။
ကြောက်တတ်သူများအတွက်ကိုတော့ ကမ္မ၀ါစာ ရွတ်ဖတ်ပေးလိုက်ပါမယ်၊
အဲဒီမှာ နေမရတဲ့ ပြိတ္တာတွေကိုတော့ ကျောင်းမှာလာဖို့ ဖိတ်ကြားလိုက်ပါမယ်။
ဘုန်ကြီးကတော့ သူတို့ကို မကြောက်ပါ၊ တကယ်ကြောက်ရမှာက ကိလေသာ တရားဆိုးတွေပါ...။
ဒကာ ဒကာမအားလုံး အဆင်ပြေပါစေ...
စိတ်ချမ်းသာပါစေ၊ ဒုက္ခဆင်းရဲကင်းဝေးကြပါစေ။
မကြာမှီ အသံဖိုင် ပို့ပေးလိုက်ပါမည်။
ဦးလောကနာထ
၂.၂၅.၂၀၀၉
သက်တမ်းကုန်လို့ သေခြင်း။ (အာယုက္ခယ)
ကံကုန်လို့ သေခြင်း။ (ကမ္မက္ခယ)
အသက်၊ကံ၂ ခုလုံးကုန်လို့သေခြင်း။ (ဥဘယက္ခယ)
ပြင်ပ ပယောဂကြောင့် သေခြင်း။ ( ဥပစ္ဆေဒက)
ဥပမာ။ ။ဆီမီးခွက်
၁။ ခွက်ထဲက မီးဇာကုန်လို့ မီးငြိမ်းသွားတာဟာ အာယုက္ခယ
၂။ ခွက်ထဲက ဆီကုန်လို့ မီးငြိမ်းသွားတာဟာ ကမ္မက္ခယ
၃။ ခွက်ထဲက မီးဇာရော ၊ ဆီရော ၂ ခုစလုံးကုန်လို့ မီငြိမ်းသွားတာဟာ ဥဘယက္ခယ
၎။ ပြင်ပ ပယောဂ လေတိုကိခတ်လို့ မီးငြိမ်းသွားတာဟာ ဥပစ္ဆေဒက။
လူတိုင်း ထိုသေခြင်း ၄မျိုးထဲက ၁မျိုးမျိုးနဲ့သေကြရမယ်။ မ........ က ဥပစ္ဆေဒကနဲ့ဆိုင်တယ်။
သေခြင်းတရားဆိုတာ ရှောင်လွဲလို့ရသည့်အရာမဟုတ်(
Life is uncertain, but death is certain = ဘ၀ဟာ မသေချာဘူး။ ဒါပေမယ့် တစ်နေ့နေ့ သေကြရမှာတော့ အသေအချာ။
သတ္တ၀ါဖြစ်လာလျှင် ကိုယ်တိုင်မသိတဲ့ အချက် ၅ ခုရှိတယ်
၁။ ဘယ်က လာတယ်ဆိုတာ မသိပါဘူး (ဘယ်ဘ၀ မှလာ သည် )
၂။ ဘယ်နေ့သေမယ် ဆိုတာကို မသိပါဘူး
၃။ ဘယ်နေရာမှာ သေမယ် ဆိုတာမသိပါဘူး
၎။ ဘာရောဂါနဲ့သေမယ် ဆိုတာကိုမသိပါဘူး
၅။ သေပြီး ဘယ် ဘုံ ကိုရောကရမယ်ဆိုတာမသိပါဘူး။
ဆရာတော်မှ ယက္ကန်းသည် မ လေးအားမြတ်စွာဘုရားမေးသော မေးခွန်း နှင့် ယက္ကန်းသည်မလေး ပြန်ဖြေသည့် အဖြေ ကို ကိုးကား၍ တရားဟောခဲ့ပါသည်။
မေ : ချစ်သမီး ဘယ်ကလာသနည်း
ဖြေး မသိပါဘုရား
မေးး ချစ်သမီး ဘယ်ကို သွားမည်နည်း
ဖြေး မသိပါဘုရား
မေးး ချစ်သမီး မသိဘူးလား
ဖြေးး သိပါတယ်ဘုရား
မေးး ချစ်သမီး သိသလား
ဖြေး မသိပါဘူး ဘုရား
လို့ဖြေပါသတဲ့ မြတ်စွာဘုရားရဲ့တရားနာ ပရိတ်သတ်က ဒီအမျိုးသမီးလေးကို နောက်နေတယ်ထင်တာပေါ့
မြတ်စွာဘုရားမေးတဲ့သဘောမှာ
မေ : ချစ်သမီး ဘယ်ကလာသနည်း( ဘယ်ဘ၀ ကလာသနည်း )
ဖြေး မသိပါဘုရား
မေးး ချစ်သမီး ဘယ်ကို သွားမည်နည်း( သေလျှင် ဘယ်ဘ၀ ကို သွားမည်နည်း )
ဖြေး မသိပါဘုရား
မေးး ချစ်သမီး မသိဘူးလား ( တနေ့မှာသေရမယ်ဆိုတာကို မသိဘူးလား)
ဖြေးး သိပါတယ်ဘုရား
မေးး ချစ်သမီး သိသလား (သေပြီးရင်ဘာဆက် ဖြစ်မယ်ဆိုတာ သိသလား )
ဖြေး မသိပါဘူး ဘုရား
ဒါပါပဲ။ မမေ့မလျော့သော သတိတရားနဲ့ ကောင်းစွာ နေထိုင်သွားကြဖို့ တိုက်တွန်းလျက်။
ဦးဇင်း
အားလုံး တရားနှလုံးသွင်းနိုင်ကြပါစေ
လေးစားစွာဖြင့်
နေစိုးနိုင်
No comments:
Post a Comment