Sunday, February 22, 2009

ပုံရိပ်

ခင်ဗျား ကျောက်ကပ် ကို ထုတ်ပစ် ရမယ် မဟုတ်ရင် အသက်အန္တရာယ် စိုးရိမ် ရမယ်

မန္တလေးမြို့ အတွင်း ရှိ ဆေးခန်း တခု မှ ဆရာဝန် တစ်ယောက် ရဲ့ နှုတ်ဖျားမှ ရှေ့မှာ ကျုံ့ကျုံ့လေး ထိုင်နေသော မျက်နှာငယ်လေးနှင့် လူနာ ၏ ဆေးမှတ် တမ်း ကို ကြည့်၍ တခွန်း ချင်း ပြောလိုက်သော စကားများ ဖြစ်ပါသည်။ သို့သော် လူနာမှာ မတုန်မလှုပ်။

အကောင်း ဆုံးက တော့ ခင်ဗျား ဇာတိ ကို ပြန် မိသားစု နှင့်တိုင်ပင် ပြီး ခွဲစိတ် ကုသဖို့ အတွက် အမြန် ဆုံး ပြန်လာပါ။ တဲ့

လူနာကတော့ ဘာကို မှ မကြားသလို မတုန်မလှုပ်ပါပဲ ...

လူနာရဲ့ ဘ၀ ကို နောက် ပြန်ရစ် ကြည့်လိုက်ရင် .

လူ့ဘ၀ ထဲ ကို အမွှာ ညီအစ်ကို အနေနဲ့ ရောက်လာတယ် သူနဲ့ သူ့ အစ်ကို ။. အရွယ်ရောက်တဲ့ အခါ သူ က ရဟန်း ၀တ်နေတယ် ။ သူ့ အစ်ကို က တော့ စိုး ပေ တေ မိုက် ဆို တဲ့ လူမျိုးပါ ။ အရက် ၊ မိန်းမ ၊ လောင်းကစား ၊ အမျိုးစုံအောင်လုပ်ပါတယ်။ သူက တော့ ရဟန်းဘ၀ မှာ တော်တော် ကြာပါသေးတယ် ။

နောက်တော့ သူလည်း လူဝတ် လဲ လိုက် ပါတယ် ။ သိပ်မကြာပါဘူး ။ အိမ်ထောင် ကျပါတယ် ။ ဘုန်း ကြီး လူထွက် အိမ်ထောင် ကျ ရင် အရမ်း ဒုက္ခ ရောက်တယ် ဆို တာ ကို ကြားဖူးပေမယ့် တကယ့် လက်တွေ့မှာ တကယ် ဒုက္ခ ရောက် ရတာပါ ။

တောဓလေ့ တောင်သူလုပ်ငန်းကို သူများတွေလုပ်သလို မလုပ်တတ်တော့ဘူး ။ လုပ်ရင်လည်း အားလုံး အစီအစဉ် မကျ တော့ လူရယ် (ရီ) စရာဖြစ်တာပေါ့ ။ ဥပမာ ။ ။ လယ် ကွင်းထဲ ပိုးကျ လို့ သူများတွေ ပိုးသတ်ဆေး ဖျန်း တယ် ဆို ရင် သူက မဖြန်း ချင်တော့ ဘူး ။ လယ် ကြား မှာ ပရိတ်ရွတ် တာ တို့ ဘာတို့ လျှောက်လုပ်တာ။

သူဒါမျိုးတွေလုပ်တာများ လာတော့ ရွာဦး ကျောင်း က ကျောင်း ထိုင် ဆရာတော်ကြိး ကတောင် သူ့ကို မလွန် အောင် သတိပေး ရတယ်လို့ ကြားပါတယ်။ ဆရာတော်ကြီး မိန့်တာက လူ့ စိတ်နဲ့ ရဟန်း ဘ၀ ဟာ မကောင်း သလို လူ့ (လောကီ) ဘ၀ နှင့် ရဟန်း စိတ်ပေါက်နေရင် လည်း သိပ် အဆင်မပြေနိုင် ဘူး လို့ မိန့်ပါတယ်

ရဟန်း ဖြစ် ပြီး လူမှူ ကိစ္စတွေကို လိုက် စိတ်ဝင် စားနေရင် လည်း မကောင်းပါဘူး
လူ ဖြစ်ပြီး ရဟန်း စိတ် ပေါက်နေရင် လည်း မိသားစု ရဲ့ စား နေ ၀တ် ၃ မျိုး တာဝန် မကျေ နိုင် ဘူး

လို့ ဆိုလိုတာပါ။

နောက် တော့ သူတို့ မှာ သား ကလေး တစ်ယောက် ၊ သမီး ကလေး တစ်ယောက် ရလာပါတယ်။ အရွယ် လွန် မှ အိမ်ထောင်ပြု ကလေး ယူကြတာဆိုတော့ ကလေးတွေရဲ့အသက် နဲ့ သူ့တို့အသက် အရွယ်ကတော့ အရမ်း ကို ကွာပါတယ်။ သူ့ တုန်း က အချိုးမကျခဲ့ သမျှ သူ့ သား လေးကို တော့ သူ့လိုမဖြစ် အောင် သူပြုစုပျိုး ထောင် ပေးနိုင် ပါတယ်။ ငယ်ဘ၀မှာ ကတည်း က တောင်သူလုပ်ငန်း ကို နားလည်အောင် သင်ခိုင်းထားတယ်။
စာရိတ္တ ပိုင်း မှာ ဆိုရင် လည်း သူ သူ့ သား ကို ဆုံးမတဲ့ စကား က တော့ ရှင်းပါတယ်။

ငါနေသလိုနေ ( ငါ့ကို ကြည့်) တဲ့

သား ကို ဒီလိုပြောပြိး ဆုံးမနိုင် တဲ့ အဖေ က တော့ တော် တော် အရေ အတွက် နည်း မယ် ထင်ပါတယ် ။ အများ စုကတော့
ငါခိုင်း သလိုလုပ် ... ငါလုပ်သလို မလုပ်နဲ့ ဆိုတာ မျိုး ပဲတွေ့ဖူး တာပါ။

တကယ် ပါပဲ
အရက် ၊ လောင်း ကစား ၊ မိန်း မ ... စတဲ့ မကောင်း မှူ မျိုး စုံ ကို ဘာမှ ကို မလုပ် တာပါ ။ ကွမ်း ယာတောင် မစားဘူး ။

သူ တောင်သူ အလုပ်ကို သေချာအောင် မလုပ်တတ်တာကြောင့် စီးပွား ရေး ကလုံး ၀ အဆင်မပြေတော့ဘူး ။
သား က လေးကလည်း တော်တော် ငယ် သေးတယ်
၁၄ နှစ်လောက်ပဲ ရှိဦးမယ် ... သမီးလေးက ၁၂ နှစ် လောက်ပဲရှိမယ်... သူ အသက် က ၆၀ ကျော်နေပြီ။

ဒီကြားထဲမှာ သူကျန်းမာရေး မကောင်းတဲ့ အတွက် ကြောင့် သူများ ဆီမှ ယူထားတဲ့ အကြွေးတွေ ကတောတော် ကို များနေပြီ။ ဒီတခါ ပေါ်တဲ့ စပါး က သူများ ကို ပေးလိုက် ရတာနှင့် ကုန်မှာပဲ ။

လယ်ကွက် အချို့ကို လည်း ပေါင်နှံ တာ ပေါင်နှံ ပြီး အချို့ ကို ရောင်း ချ လာတာ ခု သိပ်မကျန်တော့ဘူး ။ ဒီတစ်ခါ တော့ ရော င်းလို့ မဖြစ်တော့ဘူး ။

သူ့ကျန်းမာရေး ကလည်း ၂ လတစ်ခါ ၃ လ တစ်ခါ ဆိုသလို မန္တလေး မြို့ ကို သွား ပြီး ဆေးခန်း သွား ပြနေရတယ် ။ မန္တလေးမှာ တည်း ခိုစရာ က ဘုန်း ကြီး ကျောင်း မှာ တည်းခို လို့ ရပေမယ့် ။ ခရီး စရိတ်နဲ့ ဆေး ဖိုး က တော့ မနည်း ဘူး ။ တစ်ခေါက် တစ်ခေါက် သွား လိုက် ရရင် ။ အိမ်မှာက လည်း ပိုက်ဆံအပို မရှိတော့ သူများ ဆီက ချေးငှားလာရတယ်။

သားလေးကတော့ သိတတ် ရှာပါတယ် ။ ဖခင် ကြီး ဒိလိုကျန်း မာရေး မကောင်း တာ သိတော့ ကျောင်း ထွက် ပြီး အလုပ် လုပ် ရှာတယ်။ သူလည်း က လေး ဆိုတော့ လုပ်သလောက်တော့ မဖြစ်ရှာဘူးပေါ့ ။ ဒါပေမယ့် ဒီကလေးက ဇွဲရှိပါတယ်။ မညည်းမညူ လုပ် ကိုင်ပါတယ်။ သူ့ အဖေကို သူ ဆေးကုပေးနိုင်အောင်ပေါ့။

ဒီလို အခြေအနေ မျိုး မှာ ဖခင်ကြီး ရဲ့ကျန်း မာရေးက အရမ်း ကို စိုးရွား လာတယ်။ ပထမ တော့ ခါး နာတယ် ပေါ့ နောက် ပို ဆိုးလာတယ် ။ ခုနောက်ပိုင်း ဆီးသွားလို့ မရလောက်အောင် ကို ဖြစ်လာတယ် ။ ဆီးသွားရင် အရမ်း ကို နာတယ် လို့ ပြောတယ်။ သွားတဲ့ ဆီးတွေကလည်း အရမ်း ကို နံတာပဲ ။

ဒီတခေါက် မန္တလေး ကို လာတော့ သေချာ ဆေး စစ် ဖို့ အတွက် ပါ ။

ခင်ဗျား ကျောက်ကပ် ကို ထုတ်ပစ် ရမယ် မဟုတ်ရင် အသက်အန္တရာယ် စိုးရိမ် ရမယ်

ဆိုတဲ့ ဆရာဝန်ရဲ့စကားကို သူမ ကြားတာမဟုတ်ပါဘူး ကြားပါတယ် ။ ဆရာဝန် ရဲ့ စကား ကို ကြားလိုက် ရတဲ့ အချိန် မှာ သူ့မျက် စိထဲမှာ ပေါ်လာတာက သား လေး ရဲ့ မျက်နှာ ၊ အရွယ်မရောက် သေးတဲ့ သမီးလေးရဲ့ မျက် နှာ ။ သူ့ဦးနှောက် ထဲမှာ တော့ သူများဆီက ယူထားတဲ့ အကြွေး စာရင်း ။ ဒါကြောင့် ဆရာဝန် ကို သူဘာမှ ပြန်မပြောဖြစ်တော့တာပါ။

သူ ရောဂါကို ကုသ ဖို့ အတွက် ဆို ရင် နောက် ဆုံး ကျန်နေတဲ့ လယ် ကွက် ကလေး တွေကို ရောင်း ရတော့မယ်။ သူ့ လယ် ကွက် ကို ရောင်းလိုက်မယ်ဆိုရင် သူမသေဘူးပဲထား သူက အလုပ်ကို ကောင်း ကောင်း လုပ်နိုင်တော့မှာ မဟုတ်ဘူး ။ သူ့ သား ကလေးကတော့ အရွယ်မရောက် ခင်မှာပဲ သူများ အိမ် မှာ စာရင်းငှား ( အလုပ်သမား) လုပ်ရတော့မယ်။ သူ့သမီးလေးကရော.......

ဆရာဝန်ကို ကျေးဇူးတင်စကား ပြောပြီး ဇာတိရွာကို ပြန်လာခဲ့ပါတော့တယ်။
ပြန်ရောက်တာနဲ့ မိန်းမကို ပြောပြတယ်။ မိန်းမ ကတော့ ငိုတာပေါ့ ။ သားကို နားလည်အောင်ရှင်းပြတယ်။ အမေနဲ့ နှမလေး အပေါ်မှာ တာဝန်ကျေဖို့ ။

သူအသေခံဖို့ ဆုံးဖြတ်လိုက်တာပါ။( သေခြင်တရားကို ရင်ဆိုင်ဖို့ ဆုံး ဖြတ်လိုက်တာပါ ) သူဆေးမကုရင် သေမယ်ဆိုတာ သူလည်း သိပါတယ်။ ဒါပေမယ့် သူဆေးကုလိုက် ရင် ပြန်ကောင်း ပြီပဲထား သား သမီး လေးတွေ ဒုက္ခရောက်ကျ ရတော့မယ်။ နောက် ပြီး သူလည်း မသေမှာလည်း မဟုတ် ဘူး တနေ့တော့ သေရမှာပဲ။
ဒါကြောင့် သူ့ ဇနီး ၊ သား ၊ သမီး တွေ အပေါ်မှာ သူ အကြီး မားဆုံး ပေးဆပ်သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ သူမရှိတော့ ပေမယ့် ကိုယ့် လယ် ၊ ကိုယ့်နွား နဲ့ ဆိုတော့ သား လေးလည်း တောင်သူ လုပ်နိုင်တာပေါ့ ။

သေလူဖြစ်တဲ့ သူ့ အတွက် မစဉ်း စား တော့ ဘဲ လောကထဲမှာ ကျန်နေရစ် မယ့် မိသား စုအတွက် စဉ်း စား ပေးသွားတဲ့ လူတစ်ယောက်ပါ။
လင်တစ်ယောက်ရဲ့တာဝန်တွေကို မယားအပေါ်မှာ ကျေပွန် သွားသလို
ဖခင်တယောက် ရဲ့ တာဝန်တွေကို သား နဲ့ သမီး အပေါ်မှာ ကျေပွန် အောင် ဆုံးဖြတ် သွားနိုင် ပါတယ်။

၎ လလောက် ရောဂါဝေဒနာ ကို အပြင်းထန်ဆုံး ခံစား ပြီး သေချင်းတရား ကို ရဲရဲရင့်ရင့် ရင် ဆိုင် သွား ခဲ့ပါတော့တယ်။

( လောကကြီကထူးဆန်းတယ်နော် .... အမွှာ ညီအကို တရက် တည်း မွေး ထား တဲ့ သူ့ အစ်ကို ကတော့ အရက် ၊ မိန်းမ၊ လောင်း ကစား .... စတဲ့ မဟုတ်တာ မှန် သမျှ အကုန် လုပ် နေပြီး ခုထိ ဘာမှ မဖြစ် ပါဘူး ။ ဆေးလိပ် ၊ ကွမ်း ယာ အစ အရက် မိန်း မ ၊ လောင်း ကစား ဘာမှ မလုပ်တဲ့ လူရိုး လူအေး လို့ သူများ သမုတ် ခံ ရတဲ့ လူ ကတော့ လောက ကြီးကနေ လစ် သွား ပြီ ။
စကားမစပ် .. ဒါကို ဗေဒင် ဆရာတွေ ဘယ်လိုပြောမလဲ မသိဘူး နော် )

ပေးဆပ်ခြင်း ဆိုတဲ့ ခေါင်း စဉ် အောက် မှာ
တချို့ က ကိုယ့်ဘ၀ အတွက်
တချို့ က မိသား စု အတွက်
တချို့ က အများ အတွက်
တချို့ က နိုင်ငံတွက်

...
..

သင် ရော?


ပေးဆပ်ခြင်း ဆိုတဲ့ ခေါင်း စဉ်အောက် ကို နာမည် စာရင်း ထည့်သင့်တယ် လို့ထင်တဲ့ လူတစ်ယောက် အကြောင်း ပါ။ အဖြစ်မှန် ဖြစ်ပါတယ်။
သူမှန်သွားပါတယ် ။ သူ့သား လေး ဟာ သူဆုံး ပါး သွား ပြီး နောက် ကျောင်း ထွက် ပြီး ရှိတဲ့ လယ် ကွက် ကလေး တွေ ကို ကြိုး စား လုပ် ကိုင်ပါတယ် ။ ပတ်ဝန်း ကျင်နဲ့ လည်း အစဉ်ပြေအောင် နေတတ်တော့ အမေ မုဆိုးမကြီး နဲ့ နှမလေး ကို ကောင်း မွန်စွာ ၀မ်း ကျောင်း ပေးနိုင်ပါတယ်။

ဒီလူကြီး ကို ကျွန်တော် လေး စား တယ်ဗျ။ ကျွန်တော် ငယ်ငယ် ကတည်း က သူက ကျွန်တော့် ကိုလည်း တော်တော် ချစ် ပါတယ်။ ကျွန်တော် ကို ရင် ၀တ်တုန်း က ဗေဒင် အခြေခံတွေ ဘာတွေ သင်ပေးလိုက်သေးတယ်။ သူသေသွား တာတောင် ပညာ ပေးသွားတယ် လို့ထင်ပါတယ် ။ သေခြင်းတရား ကို ရင် ဆိုင် သွား တဲ့ ပုံစံ ကို လေး စား တယ်။

မိသားစုအတွက် ပေးဆပ်သွားသော သူ ကောင်း ရာသုဂတိ လား ပါစေဗျာ ။ ။


ကျွန်တော့် ဇာတိ မှ မိသား စု တစ်ခု၏ ဖြစ်ရပ်မှန် ဖြစ်ပါသည်။

ကျွန်တော်လည်း မသေခင်မှာ ကျန်ရစ် မယ့် သူတွေ အတွက် တခုခု ချန်ထား ခဲ့ နိုင်ကောင်း ပါရဲ့။ ကြိုး စားရမှာ ပေါ့လေ။

နေစိုးနိုင်

No comments: