Friday, February 20, 2009

အိမ်ပြန်ချိန် ရက်ရွှေ့ခြင်း

အလုပ်မှာ ထွက်စာတင်ပြီး မြန်မာပြည်ကို ပြန်မယ် တကဲကဲ လုပ် နေသော မောင်နေစိုးနိုင်တစ်ယောက် ထွက် စာ ကို ရုပ်သိမ်းလိုက်ပါကြောင်း ။ ထို့ကြောင့် မြန်မာပြည် ကို ပြန် မည့် အစီအစဉ်အား ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပါသည်။

ဖြစ်ပုံမှာ

Sr. Manager နှင့် တွေ့သည်အထိ ဆုံးဖြတ်ချက် ကို မပြင်နိုင် သေးပါ ။ ယမန်နေ့ ည တွင် AVP ( Assistant Vice President) နှင့် တွေ့ရပါသည်။

၎င်း ကမေးပါသည် ။ မင်း ဘာလို့ ထွက်စာ တင်တာ လဲ တဲ့ ။ ကျွန်တော် ခင်ဗျား တို့ လုပ်တဲ့ အချိန်ပို နဲ့ ပတ်သက် တဲ့ ဥပဒေ ကို မကျေနပ်လို့ ထွက် စာတင်တာ ပါလို့ ပြောပါတယ် ။ ဒီအခါ ၄င်း က ဒီ အကြောင်း ပြ ချက် တစ် ခု တည်း နဲ့တော့ မင်း မသွား ပါနဲ့ တဲ့ ။ မင်း ကို ငါ ပြ စရာ ရှိတယ် ငါ့ ရုံး ခန်း ကို လိုက် ခဲ့ ပါဆို လို့ လိုက် သွားပါတယ် ။ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း နဲ့ ပါ ။

ကျွန်တော် တို ကုမ္ပဏီ ရဲ့ ကြို တင်စီမံကိန်း တွေ ကို ၂၀၁၉ အထိ ချ ပြပါတယ် ။ လေယဉ် ဘယ်နှစီးထပ်တိုးဖို့ ရှိကြောင်း ၊ နောက် jun ,july မှာ စ အကောင်အထည် ဖော်မှာ ဖြစ်တဲ့ ကမ္ဘာ့ အကြီး ဆုံး လေဆိပ် ( World Central Airport ,Dubai ) မှာ ကုမ္ပဏီ အနေနဲ့ ကြယ် ငါးပွင့် အဆင့် မှီ အောင် Service ပေးရမှာ ဖြစ်တဲ့ အတွက် ကျွမ်းကျင်လုပ်သား လိုအပ်ကြောင်း ၊ စသည်ဖြင့်ပြောပြပါတယ်။

မင်းကို ငါ ဗမာ လို့ ခေါ်ရမလား မြန်မာလို့ ခေါ်ရမလား တဲ့ ။ ကျွန်တော် ကတော့ ပြောပါတယ် ။ ငါဗမာ ပါလို့။ သူက မေးတယ် ။ တချို့ က ပြောတယ်တဲ့ ခု ဗမာ ဆိုတာ မရှိတော့ဘူး ။မြန်မာ ပဲ ရှိတယ်လို့ပြောတယ်။ ကျွန်တော် ဒါတော့မသိဘူး လို့ ဒါပေမယ့် ကျွန်တော် ဗမာပါလို့ ပြောတယ်။

သူက ပြောတယ် ။ငါမင်းတို့ ဗမာတွေ အကြောင်းသိပါတယ် တဲ့ ။ စိတ်ဓာတ်ကို လည်း နားလည်တယ်တဲ့ ။ ခု မင်း တို့နေရာမှာ တခြား လူမျိုး ဆို ငါပေးသွား လိုက်မှာ တဲ့ ။ (မယုံပါ)
သူက ပြောသေးတယ် ။ ငါစီစဉ်ထားတဲ့ အစီ အစဉ်ကို ကန့်ကွက်မည့် သူ ရှိမယ်လို့ ထင်မထား ဘူးတဲ့ ။ မင်း တို့ မပြန်ပါနဲ့တဲ့ ငါက သတ္တိရှိတဲ့ လူ ကို နှစ်သက်တယ်တဲ့ ။
မင်း တို့ အတွက် ဂုဏ်ယူ ပါတယ်လို့တောင်ပြောသေးတယ်။ ဘာကို ဂုဏ်ယူတာလည်း တော့ မသိဘူး ။ မြှောက်ပြောနေမှန်း သိပေမယ့်လည်း ကိုယ့် ကောင်း ကြောင်း ပြောနေတာဆိုတော့ နားထောင်လို့တော့ အကောင်းသား ဗျ။
သူဘာပြောပြောပါ ။ အကုန်တော့မယုံဘူး ။ ကျွန်တော်ထင်တာက သူ အရူးကွက်နင်း တယ်လို့ ထင်တယ် ။ ဒါကြောင့် ကျွန်တော်လည်း အရူဆိုင်း ပဲတီးလာခဲ့တယ် ။ စတီးတဲ့ ပွဲဦးထွက် တီးလုံးက တော့ ဘီလူးဆိုင်း ဗျ ။ ဒါပေမယ့် သူက အရူးက က နေတော့ ကျွန်တော် လည်း အရူးဆိုင်းပဲ တီးရတော့တာပေါ့။

ကောင်း ပြီ လို့ ငါ့ ရဲ့ထွက်စာ ကို ငါပြန်ရုတ်သိမ်း တယ် လို့ ပြောလာခဲ့ တယ် ။
သူက ကျေးဇူးတွေဘာတွေတင်လို့

ဒီကောင်တွေတော့ ငါပြောလိုက်တာ ဆုံးဖြတ်ချက်ပြောင်းသွားတယ်လို့သူ ထင်သွားလိမ့်မယ်။ ဘယ်ဟုတ်မလဲ ဒီကောင်က ဒူဘိုင်း မှာ လုပ်ချင်တဲ့ အလုပ်ကလေးတွေ က တိုးလိုးတန်းလန်း ဖြစ်နေလို့ ချော်လဲရောထိုင်လိုက် တာ ။ ကိုယ့် အတ္တနဲ့ကိုယ်ပါ။

ဘာပဲပြောပြော လူ ၆၀၀၀ လောက်ရှိတဲ့ ကုမ္ပဏီ အတွင်း က ဌာနတစ်ခု လုံး မှာ လူ ၄၀၀ လောက် သဘောတူထားတဲ့ မတရားတဲ့ ဥပဒေ ကြီး ကို ကျွန်တော်တို့ ဗမာ ၂ ယောက်တည်း နဲ့ ရိုက်ချိုးလိုက်နိုင်တာကို တော့ ကျေနပ်တယ်ဗျ။ ဘ၀မှာ အမှန်တရား ( ကိုယ်မှန်တယ်ထင်တာ ) အတွက် ရဲရဲရင့်ရင့် နဲ့ ရပ်တည်ဖူးတာ ဒီတခါပဲ ရှိသေးတယ်ဗျ။

တရားကို နတ်စောင့်တယ်ဆိုတာ ဟုတ်မယ်ဗျ

ပြောချင်တာက နေစိုးနိုင် တစ်ယောက် စိတ်ရူးပေါက်ပြီး မြန်မာပြည်ပြန်မယ် တကဲကဲ လုပ်နေတာ ခုတော့ မပြန်ဖြစ်တော့ဘူး ဗျ။ အချိန်အတိုင်းအတာ တခု ထိတော့ အောင့် အီး သီးခံ ပြီး နေလိုက်ဦးမယ်ဗျာ။
လုပ်ချင်တာတွေ ၊ ဖြစ်ချင်တာတွေ မဖြစ်သမျှပေါ့။

ခုတော့ ပျော်အောင်နေလိုက်ဦးမယ်...

နေစိုးနိုင်

1 comment:

Unknown said...

ကောင်းတာပေါ့
အားလုံးအတွက်လည်းကောင်းတယ်
အစ်ကို့အတွက်လည်းကောင်းတယ်လေ
ဒီမှာက ခဏပဲပြန်လာတာကောင်းပါတယ်
အလုပ်တွေက မကောင်းကျဘူးလေ