နိုင်ငံခြား နိုင်ငံတစ်ခု ကို ရောက် ကတည်းက စိတ် ထဲမှာ စဉ်း စား ဖြစ် တာ က ငါ ဘယ်တော့ ပြန်မလဲဆိုတာ ဖြစ်ပါတယ် ။
ဒီမှာ မမြင်ဖူး တာတွေ မြင်ရ၊ မစား ဖူးတာတွေ စား ရ နဲ့ နေတတ်ရင်တော့ ကျေနပ် စရာ ကြီး ပါ။
ဒါပေမယ့် ကျွန်တော်က တော့ ရောက် တဲ့ နေ့ကနေစပြီး တော့ မပျော် ဘူး ။ မိသား စု အတွက် ပိုက် ဆံ လာ ရှာတာ ပဲ ဆိုတဲ့ စိတ်နဲ့ ပေတေနေလိုက်တယ် ။
ခု လည်း ပြန်ဖို့ စိတ်ကူး ထား တာ ကြာ ပြီဖြစ် ပေမယ့်  ဒီလောက် ကြီး မြန်မြန် ဆန် ဆန် ပြန်ဖြစ်မယ်လို့ တော့ မထင် ထား ဘူး ။
ကမ္ဘာမှာ စီးပွား ပျက် ကပ် ကြောင့် နိုင် ငံပေါင်း စုံ မှာ အလုပ်သမား တွေ ဒုက္ခရောက် ကြ ရတယ် ။ ဘယ်နိုင် ငံက တော့ နိုင် ငံ ခြား သား အလုပ်သမားတွေကို ဌာနေ ပြန်ပို့ တယ် ။ ဘယ်နိုင် ငံမှာတော့ အလုပ်ပြုတ်တဲ့ လူဦးရေ ဘယ်လောက် ရှိသွားပြီ ဆို တဲ့ သတင်း မျိုး တွေက နေ့တိုင်း ကြား နေရတာပါ။
ခုကျွန်တော်ပြောပြချင်တာက ဒီစီးပွား ပျက် ကပ်က ဘယ် လို ဘယ်လို ကျွန်တော့် ရဲ့ အလုပ် ကို ထိခိုက် လာတယ် ဆိုတာကို ပါ။ ကျွန်တော် အလုပ်လုပ်နေတဲ့ ကုမ္ပဏီ မှာ က အရင် နှစ် ကတည်း က လူ အရေအတွက် ကို လျှော့ထား တာဆိုတော့ လူထပ်လျှော့လို့ မရတော့ဘူး ။ အလုပ်ချိန် လျှော့လို့ လည်း မဖြစ် ဘူး ။ အလုပ် ချိန် လျှော့ လိုက် ရင် အလုပ် က ပြီး မှာ မဟုတ်တော့ဘူး ။
ဒီတော့ အလုပ် ကျွန်တော်အလုပ်လုပ်တဲ့ ဌာန ( Supply Chain ) က အလုပ်သမားတွေရဲ့ လစာ ၁ နာရီ စာကို ဖြတ် ဖို့ ပြောတယ် ။ သဘောတူလား မတူလား ပေါ့ ။ လူ ၂၀၀ ကျော်မှာ သဘော မတူဘူးလို့ ပြောတာ က ကျွန်တော် နဲ့ ကျွန်တော့် သူငယ် ချင်း ၂ ယောက်တည်း ။ ရှိတာလည်း ဗမာ က ဒိ ၂ ယောက်ပဲ ရှိတာ။ မန်နေဂျာကို တွေ့ရမယ်ပြောတယ် ။
သူတို့ ပြောတာက ၁၂ နာရီ အလုပ်ချိန် ၁၁ နာရီလစာပေါ့ ။
ကျွန်တော်ပြောတာ က အလကား လစာ မရင်ရင် မလုပ်နိုင် ဘူးလို့ ။ အလကား လုပ်ပေးရ အောင် ကုမ္ပဏီက ပရဟိတ လုပ်နေတဲ့ ကုမ္ပဏီ မှမဟုတ်တာ လို့ သူ့ စီးပွား ရေး သူလုပ် လို့ ရှူံးတာပဲ ငါလည်း ဒီကို စီးပွား ရေး လာလုပ်တာ လို့ ။ ဘာမှ အလကား လုပ်ပေး စရာ အကြောင်း မရှိဘူး လို့ ။ ကုမ္ပ ဏီ အကျိုး အမြတ် ရနေတုန်း က ငါတို့ ကို ဘာပေးလဲလို့ ။
ဆိုပြီး ထွက် စာကို ပေးပါတယ်။ နောက်ပြီး ကျွန်တော် ရဲ့ ဒီဘလော့ မှာ ဘာလို့ ကျွန်တော် အလုပ်ထွက်ဖို့ ဆုံးဖြတ်တယ် ဆိုတာကို အင်္ဂလိပ်လို တင်ပါတယ် ။ နောက် ထွက် စာ ထဲ မှာ ကျွန်တော့် ဘလော့ ကို လာလည်ဖို့ ထည့်ရေးပေးလိုက်တယ်။ နောက် နေ့ရောက်တော့ ကုမ္ပဏီ က လုပ်ဖော်ကိုင်ဖက် တွေ ကို ကျွန်တော့် လိပ်စာ ပေးပြီး လာလည်ခိုင်းတယ် ။ ကုမ္ပဏီမှာ ကျွန်တော့် ဘလော့ ကတော်တော် နာမည် ကြီးသွား တာ။ သူတို့ အစီစဉ်အတိုင်း လုပ်ခ ဖြတ် တာကို ၂ ရက် ပဲလုပ်ပါတယ်။ ဒိနှစ်ရက် မှာ ကျွန်တော် လုံးဝ အပို ချိန် မဆင်း ပါဘူး ။ နောက် မန်နေဂျာ က ခေါ်တွေ့ပါတယ် ။ မန်နေဂျာ က ဟော်လန်နိုင်ငံသားပါ။
သူမေးပါတယ် ။ မင်း ဘာလို့ အချိန်ပို မဆင်းတာလဲတဲ့ ။ ကျွန်တော်ပြောလိုက်တယ် ။ ငါမင်းရဲ့ အချိန်ပို နဲ့ ပတ်သက် ပြီးလုပ်ထားတဲ့ အစီအစဉ် ကို သဘောမကျလို့ ပါလို့ ပြောတယ် ။ သူကပြောတယ် ခု ငါတို့ အစီအစဉ် ပြောင်း သွားပြီ တဲ့ ။၁၁ နာရီ အလုပ်ချိန် ၁၁ နာရီလုပ်အားခ လို့ ပြောတယ် ။ ကျွန်တော့် ထွက် စာကို ရုတ်သိမ်း ချင်ရင် ပြန်ယူလာရုံပါပဲ ။ သူ့စားပွဲပေါ်မှာ ။ ကျွန်တော် ထွက်စာကို ကုမ္ပဏီ ထုံးစံ နဲ့ အညီ ဆက် လက် ဆောင်ရွက်ပေးဖို့ ပြောခဲ့ပါတယ်။
ကုမ္ပဏီ မှာ ကျွန်တော့် ဘလော့ နဲ့ ကျွန်တော် တို့ ဗမာ ၂ ယောက် ရဲ့ သတင်း က ပြန့်သွားပါတယ်။ ကုမ္ပဏီ ကလည်း ကြောက်လာတယ် ထင်တယ် ။ ကျွန်တော့် ဘလော့ကို ပိတ်ပေးဖို့ Block Request လုပ်ပါတယ်။ ဒီနိုင်ငံက ISP ကို ။ ကျွန်တော် အလုပ်က ပြန်လာတော့ SITE BLOCKED ဖြစ်နေတယ် ။ နောက် ကြိုးစားကြည့်တယ် ။ အားလုံး BLOCKED ဒါနဲ့ ကျွန်တော်လည်း မျက်လှည့်ပြလိုက်တယ်။ ကုမ္ပဏီ နဲ့ ပတ်သက် ပြီး ရေးထားတဲ့ စာတွေကို သိမ်းထား လိုက်တယ် ။ နောက် Thanks Mum ဆို ပြီး လျှောက်ရေးပြီး ISP ကို မေးတယ် ငါ့ဘလော့ ကို ဘာကြောင့် BANNED တာလဲလို့ ငါ အကျိုး အကြောင်း သိချင်တယ် လို့ ။ ဘယ်လိုအကြောင်းပြချက်ကြောင့် ငါ့ ဘလော့ ကို ဘန်း.. တယ် ဆိုတာ ပြောပြပါလို့ လျှောက်ပြောတာပေါ့ဗျာ။ ၁၀ မိနစ်လောက် နေတော့ ပြန်ဖွင့် ပေးတယ် ။
ခုထွက်စာတင်ပြီးပြီဆိုတော့ ကုမ္ပဏီ စည်းကမ်း အရ တလ အလုပ်လုပ်ပေးရဦးမယ် ။ ပြန်တော့မယ် ဆိုမှ ။ သိမ်းထားတဲ့ ပို့စ် လေးတွေကို တစ်ရက် ချင်း Schedule ချ ပြီး ပြန်တင်ထားခဲ့မယ်။
အိမ်ပြန်ရောက်ရင် စာရေးဖြစ်မှာ မဟုတ်လို့ ခုကတည်းက ရေးပြီး schedule ချ ပြီးတင်ဖို့ကြိုးစားနေတာ ။
ပြန်မယ် ဆုံးဖြတ်လိုက်တော့မှ ဒီတလ အလုပ်လုပ် ရတာ အရမ်း ကြာတာပဲဗျာ ..
အိမ်ပြန်ချိန် ရောက်တော့မယ်
ပျော်နေတယ်
နေစိုးနိုင်

1 comment:
ကိုနေစိုးနိုင်
အစ်ကိုရေးထားတဲ့စာသားလေးတွေဖတ်ရတာ သဘောကျတယ်
အယင်ကမသိဘူးလေ ဒီလိုရှိနေတာကို
အခုမှ ဒူဘိုင်းကမြန်မာတစ်ယောက်အကြောင်းဖတ်ကြည့်ရင်းနဲ့ သိရတာပါ
အထွေထွေ ဗဟုသုတသိရတဲ့အတွက် ကျေးဇူးတင်မိပါတယ်
ခင်မင်တဲ့
မျိုး
Post a Comment