လူသားတယောက် လူ့လောကထဲရောက်လာတာကို မွေးဖွားတယ် လို့ခေါ်တယ်ထင်ပါသည်။ လူရယ်လို့ဖြစ်လာခဲ့လျှင် မွေးဖွားသည့်ရက် တခု မလွဲမသွေရှိကြပါသည်။ လူသားတို့သည် မိမိတို့မွေးဖွားသည့် ရက်ကို ရက် ထူး (သာမန် နှင့် မတူသော ) တရက် အဖြစ်သတ်မှတ်ခါ မွေးနေ့ပွဲများကို ကျင်းပလေ့ရှိကြပါသည်။
ငယ်ရွယ်စဉ် ကလေးဘ၀မှာ မွေးနေ့ရောက်လျှင် မိဘများမှ မွေးနေ့ပွဲကလေးများကို ကျင်းပပေးပါသည်။ မွေးနေ့ပွဲဆိုရာတွင် ကိုးကွယ်ရာဘာသာ ၊ နေထိုင်ရာ ဒေသ ၊ နီးစပ်ရာ ပတ်ဝန်းကျင် အလိုက် ကွဲပြားမှူ ရှိနိုင်ပါသည် ။
အထက်ပါ ပုံများမှာ ကျွန်တော်၏ နှမငယ် များ နှင့် ၄င်း တို့ ၏ မွေးနေ့များကို ကျင်းပ ကြပုံဖြစ်ပါသည်။
နှမငယ်များအားလုံးအတွက် ဒီနေရာက နေပဲ မွေးနေ့ဆုတောင်းတောင်းပေးလိုက်ပါတယ်. . .
နှမ တို့ရဲ့ အခု ရောက်ရှိလာတဲ့ မွေးနေ့မှသည် .. နောင်နှစ် .. နောင် နှစ် တွေမှာ .. ဒီ ထက် ... ဒီထက် ပို ပြီး ပျှော်ရွှင် စရာကောင်းတဲ့ မွေးနေ့ပေါင်း များစွာကို နှမလေးတို့က ချစ်သော ၊ နှမ လေးတို့ကို ချစ် သော မိသားစု ၊ သူငယ်ချင်း ၊မိတ်ဆွေ အပေါင်းအသင်းများနှင့် ပျော်ရွှင်စွာ ကျင်းပနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒါက ဆုတောင်းပေးတာသက်သက် ပါ
မွေးနေ့အတွက် စကားလက်ဆောင်က တော့
နှမ လေးတို့ အားလုံးရဲ့ ကိုယ်စီ ဘ၀တွေကို နှမလေးတို့ ကိုယ်တိုင် ကြိုးစား တည်ဆောက်ရမှာ ဖြစ်လို့ ဒီဆုတောင်းလေးတွေဟာ နှမလေး တို့အတွက် စိတ်ခွန်အား အသစ်များကို ဖြစ်ပေါ်ဖို့ အထောက်အပံ့လေးတွေ အဖြစ်သာ ရှိနေပါစေ

နေစိုးနိုင်
No comments:
Post a Comment