Monday, December 1, 2008

ဦးမင်းလူနုတ်ထွက်သွားခြင်း


ယောက်ျားပီသတယ် ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာ ဆိုရင် …

ရိုးသားတယ် ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်း ကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာ ဆိုရင်...
ကြိုးစားတယ် ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာ ဆိုရင် …

ဂုဏ်သရေရှိတယ် ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာ ဆိုရင် …

အားကိုးရတယ် ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ် ဆိုတာကို ပြောတာ ဆိုရင် …

မင်းရဲ့
ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။

မင်းလူ

ဆရာ မင်းလူ ရဲ့ကဗျာလေးတွေကျွန်တော် အရမ်းကြိုက်တာမို့
မျှဝေပေးတာပါ ။ ဆရာကိုတော့ ဒီစာလေးနဲ့ပဲ ခွင့်ပြုပေးဖို့တောင်းပန်ပါတယ် ... အရမ်းကြိုက်တဲ့ကဗျာ လေးတွေမို့ သူငယ်ချင်းတွေကို ပြန်ပြောပြတဲ့သဘောပါ ဆရာ... ဆရာခွင့်ပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်
သူငယ်ချင်းတွေလည်းကြိုက်ကြမှာသေချာတယ်

2 comments:

Anonymous said...

အရမ်းကောင်းပါတယ်.. I like sa yar min lu books. Do u have any more poems like that. I want to read more...
Thanks

Anonymous said...

where is your poems? i hope your own poem ;-)