Monday, December 1, 2008

ငါမသိတဲ့ငါ

အိပ်မက်ကရှည် ညတာကတို
ခန္ဒီပါရမီ နည်းသူမို့
အဆိုအမိန့်တွေ ခ၀ါချ
ဘ၀ အစ မလှခဲ့သူပါ . . .

မြေနိမ့်ရာမှာ နေမိလို့
ကံကြမ္မာ ပလီပလာ လုပ်ပုံများ
စုတ်ချက်ကြမ်းကြမ်းတွေ မှ အားမနာ
နေရာတကာ လှံစိုက်ခံခဲ့ရသူပါ . . .

အရယ်အပြုံးတွေ လှိုင်လှိုင်ပွင့်
နှလုံးခုတ်သံ နားစွင့်ရင်း
လှေနံနှစ်ဖက် ကြား
ဗျာများခဲ့ရသူပါ . . .

ကောင်းကင်ရယ် . . .
ပင်လယ်ရယ် . . .
လေတဝှေ့မှာတင်
စေလိုရာစေ
သည်းသည်းမည်းမည်း သာ ရွာလိုက်ပါတော့ . .

.....................

..............

................

............

သြော် . . . ပြောရဦးမယ်
မူးလဲသွားတဲ့ လမ်းမတွေတောင်
တစ်ညလုံး မိုးလင်းသွားတာ
ဘယ်သူမှမသိလိုက်ဘူးဆိုပဲ.........

11:37 မျှော်တော်ယောင်

No comments: