ဘ၀နဲ့ကာရန်
ကာရန်ပါမှ ကဗျာတဲ့လား. . .
ကာရန်ပါမှ လှသတဲ့လား . . .
ဒါဆိုရင် ကာရန်ဆိုတာ
အလှဆင်တဲ့အရာပေါ့. . .
သဘာဝရဲ့အလှက ဘာလဲ
ရှိပြီးသား အလှအတွက်
မိတ်ကပ် ဆိုတာ ဘာလုပ်ဖို့လဲ . . .
သွားစမ်းပါ.........
လွတ်လွတ်လပ်လပ် နေချင်လွန်းလို့ပါ
လွတ်လပ်ခြင်း ဆိုတာနဲ့တောင်
ငါ့ကို လာမချုပ်ကိုင်ပါနဲ့........
ကာရန်ရှိမှကဗျာဆိုရင်....
ငါရေးထားတာ ဘာလဲ
ကာရန်မဲ့ကဗျာလား
ဗရမ်းဗတာကဗျာလား
..
...
..
ခင်ဗျားပဲ ဆုံးဖြတ်ပါ......
ဘာဆိုလိုတာလဲ
သိတယ် မို့လား
....
လိုချင်တာ ဒါပဲ
ဘ၀ဟာ ကဗျာတစ်ပုဒ် ဆိုရင်
ငါ့ဘ၀ရဲ့
ကဗျာဆရာကို သတ်ချင်တယ်
ဘာကာရန်မှမရှိလို့ . . .
ဒါနဲ့
ကာရန် မညီတာကပဲ ဘ၀ လားတော့ မသိ....
No comments:
Post a Comment