Tuesday, November 11, 2008


လမ်းပျောက်သူ

မရောင်ရာဆီလူး
ကျို့တို့ကျဲတဲ အိပ်မက်တွေ မက်ရင်း
ဟောဒီ .. လူထူထပ်တဲ့မြို့ပြညတွေထဲမှာ
ကျွန်တော်ကလမ်းပျောက်သူ. . . . .

ပိုင်သမျှ သိက္ခာ နဲ့ မာန ကိုစုပုံ
ခပ်ဆွေးဆွေးပေတံနဲ့ ထုတ်ထုတ်ပြီးတိုင်း
ဟောဒီ စကောလောက်မှဇောက်မနက်တဲ့ မြို့ပြညတွေထဲမှာ
ကျွန်တော်ကလမ်းပျောက်သူ. . . . .

နေ့တွေကုန် လတွေပြောင်း
ရာသီနွေမိုးဆောင်းတွေ တဖြုတ်ဖြုတ်ကြွေကျ
ဟောဒီ စံတော်ချိန်မရှိတဲ့မြို့ပြညတွေထဲမှာ
ကျွန်တော်ကလမ်းပျောက်သူ. . . . .

ကကျိုးကကြောင် စိတ်ကူးတွေနဲ့နိုးထ
မျှော်လင့်ချက်ရေးရေးကို မှန်းမှန်းတလဲ
ဟောဒီ အလင်းသစ်မရှိတဲ့မြို့ပြညတွေထဲမှာ
ကျွန်တော်ကလမ်းပျောက်သူ. . . . .

ရှေ့ကိုတိုးဖို့ ရုန်းရုန်းပြီးလျှောက်လည်း
နောက်ကိုပဲတဘုန်းဘုန်းလဲကျ
ဟောဒီ ကောက်ရိုးမျှင် တစတောင်မရှိတဲ့ မြို့ပြညတွေထဲမှာ
ကျွန်တော်ကလမ်းပျောက်သူ. . . . .

အပြာရောင်မြစ်တစ်ခုကိုတွေ့
ခပ်အေးအေးလေး ချိုးကွေ့ဖို့ကြိုးစားလည်း....
ဟောဒီ ညှို့ အားကောင်းတဲ့ မြို့ပြညတွေထဲမှာ
ကျွန်တော်ကလမ်းပျောက်သူ. . . . .

အလဲထိုးခံရတဲ့ ဒဏ်ရာတွေဗလဗွ
ယောင်ယောင်မှားမှားနဲ့ အလင်းစကို တမ်းတလဲ
ဟောဒီ အကြင်နာတရားခေါင်းပါးတဲ့ မြို့ပြညတွေထဲမှာ...
ကျွန်တော်ကလမ်းပျောက်သူ. . . . .

အသစ်မဖြစ်တဲ့ မြို့ပြညရေ . . .
အထီးကျန်တဲ့ မြို့ပြညရေ . . .
မြူဖုံးတဲ့ မြို့ပြညရေ . . .
ခေါင်းပါးတဲ့ မြို့ပြညရေ . . .Align Center
မထီမဲ့မြင် ပြုတဲ့ မြို့ပြညရေ . . .
အမှောင်သန်းတဲ့ မြို့ပြညရေ . . .
ခန္ဓာမဆုံးသေး သရွေ့ . . .
စီးဆင်းနေနိုင်သေး သရွေ့ . . .
ပျံသန်းနေနိုင်သေးသရွေ့ . . .
အလင်းစ ကို မရနိုင်သေးသရွေ့ . . .
ငါကလမ်းပျောက်ကောင်းဆဲ . . .


L.Moon ခံစားရေးဖွဲ့သည်

1 comment:

နေစိုးနိုင် said...

သူငယ်ချင်းရေ
မင်းရဲ့ခံစားချက်ကလေးကလှတယ်
နောက်လည်းရေးပေးပါဦး
လမ်းပျောက်ရင်းလဲ ... လမ်းလျှောက်ကြမယ်လေ
တွေ့နိုးနိုးပေါ့ကွာ