ကျွန်တော်ဟာ မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ ။ မိရိုးဖလာဗုဒ္ဓဘာသာဆိုတာ မိဘ က ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာကို ကိုးကွယ် တဲ့လူ ပေါ့ ။ အရွယ် ရောက်လာတော့ ဗုဒ္ဓဘာသာ ဆိုင်ရာစာပေ ၊ ဆရာတော်ကြီးများ ၏ တရား များ ကို လေ့လာမိရာမှ ထေရ၀ါဒဗုဒ္ဓဘာသာ ၀င် တစ်ယောက်အဖြစ် ခံယူ ထားတာပါ ။ အရင်တုန်းက ဆို ရင် ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုတာ ဘာကို ခေါ်မှန်းမသိပါ ဘူး ။ ဆရာတော် အရှင် ဥာဏိဿရ ၏ တရားတော် ထဲမှာတော့ ထေရ၀ါဒ ဆိုတာ ၀ိဘဇ္ဇ ဝေဖန်ပိုင်းခြားနိုင်သောဝါဒ ကို ခေါ်ကြောင်းမှတ်သားဖူးပါတယ်.. ကျွန်တော်နားလည်ထားတဲ့ထေရ၀ါဒ ကို အနည်းငယ် ပြောပါရစေ...
အတ္တာဟိအတ္တနောနာထော ဆိုတဲ့ပါဠိစကားကတော့လူတိုင်းရင်းနှီးပြီးသားပါ မြန်မာလိုတော့ မိမိကိုယ်သာကိုးကွယ်ရာပေါ့ဗျာ..
ကျွန်တော်ကဗုဒ္ဓဘာသာအကြောင်းကို သိလွန်းတတ်လွန်းလှလို့တော့မဟုတ်ပါဘူး ဒါပေမယ့် သိသလောက် ဆွေးနွေးတဲ့သဘောပါ ကျွန်တော်ပြောတဲ့အကြောင်းအရာတွေထဲမှာ ခင်ဗျားတို့မကြိုက်တာတွေလည်းပါမှာပဲ..
ဗုဒ္ဓ၀ါဒ ဟာဖန်ဆင်းရှင်ကို လက်မခံ့ပါဘူး ... သတ္တ၀ါမှန်သမျှမိမိတို့ပြုခဲ့ဖူးသော အတိတ်၏ကံအလျှောက်သံသရာမှာကျင်လည်နေကြရတယ်လို့ယုံကြည်ပါတယ်...
ဗုဒ္ဓ၀ါဒဟာဖန်ဆင်းရှင်ကိုလက်မခံပါဘူး ဒါပေမယ့် ကျွန်တော်တို့တွေဟာ ရောင်ဝါးဝါးဖြစ်နေပါတယ်...ဒါဘာကိုအခြေခံပြီးပြောတာလဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ဟိန္ဒူ ဘာသာဝင်တွေဟာ သူတို့ကိုယ်သူတို့ ဟိန္ဒူဗုဒ္ဓဘာသာ ဆိုပြီးပြောတတ်ပါတယ် ဒါကို ကျွန်တော်တို့ဗုဒ္ဓဘာသာ ၀င်တွေကလည်းလက်ခံထားကြပါတယ် . ကျွန်တော်ဆိုအရင်တုန်းက ဂရုမစိုက်မိခဲ့ပါဘူး .. နောက်မှ သိလာတော့ တော်တော်လေးကို ခံပျင်းပါတယ် ... ကျွန်တော်နည်းနည်းထပ်ရှင်းပြပါရစေ... ဟိန္ဒူဝါဒဟာဖန်ဆင်းရှင်ကိုယုံကြည်ပါတယ် နောက်ပြီးနတ်ဘုရားပေါင်းသောင်းချီပြီးကိုးကွယ်ပါတယ် ဒါခုမှမဟုတ်ပါဘူး ဗုဒ္ဓဘုရားပွင့်တော်မမူခင်ကတည်းက ကိုးကွယ်ခဲ့ကြတာပါ.. စဉ်းစားကြည့်ကြရအောင်.....
ဗုဒ္ဓဘုရားရဲ့တစ်ဆွေလုံးတစ်မျိုးလုံးက ဟိန္ဒူဘာသာဝင်တွေပါ ဒါကို သူတို့ဝါဒကို အတ္တ၀ါဒ လို့ ခေါ်ပါတယ် .. အမြဲတမ်းတည်ရှိနေတယ် ( ဗြဟ္မာ ကြီး) ကိုယုံကြည်တာပါ .. ဒါကို ဗုဒ္ဓက လောကမှာ ဘယ် အရာမှတည်မြဲတယ်ဆိုတာ မရှိဘူး ဆို တဲ့ (အနတ္တ)အယူဝါဒကို တင် ပြခဲ့သူ ပါ အားလုံးနဲ့ ဆန့်ကျင်ဘက် ကြီးပါ တကယ်လို့သာဟိန္ဒူဝါဒနှင့်ဗုဒ္ဓ၀ါဒဟာ အတူတူသာဆိုရင် ဗုဒ္ဓဘာသာဆိုတာပေါ်လာစရာအကြောင်းမရှိပါ..
ဒါကိုကျွန်တော်တို့ကဟိန္ဒူဗုဒ္ဓဘာသာဆိုတာမျိုးကိုလက်ခံနေရင် ကျွန်တော်တို့ကိုးကွယ်ရာ ဖြစ်တဲ့ဗုဒ္ဓဘုရားရှင် ၏ကျေးဇူးတော်များ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက်နေပါတယ်။ ကျွန်တော်ဒီစာကိုရေးတာ ဘာသာရေးပဋိပက္ခဖြစ်အောင်လုပ်တာမဟုတ်ပါ ဗုဒ္ဓဘာသာမဟုတ်သော အခြားသောဘာသာဝင်များလည်းမိမိတို့သက်ဆိုင်ရာဘာသာကိုလွတ်လပ်စွာ
ကိုးကွယ်နိုင်ကြပါတယ် ဒါပေမယ့် မိမိဘာသာမှမိမိဘာသာ တခြားဘာသာများကို စော်ကားတာမျိုး ချိုးနှိမ်တာမျိုးမလုပ်ကြစေချင်ပါ .. အကြောင်းရှိပါသည် ... အခြားသောဘာသာဝင်များ သည် ဗုဒ္ဓဘာသာဝင်များကို အမျိုးမျိုး ဆွဲဆောင်ကြပါတယ်
ဟိန္ဒူ ဘာသာက တော့ ဒီလိုဗြောင်ကျကျ ဆွဲဆောင်တာမျိုးမရှိပါ သို့သော် ဗုဒ္ဓစာပေ ယဉ်ကျေးမှူများမှာ ဖြတ်ညှပ်ကပ်လုပ်ပြီး ဗုဒ္ဓဘာသာကို ပူးပြီးသတ်နေပါတယ် ဒါကို ကျွန်တော်တို့ သတိထားရပါမယ် .. ဘယ်လောက်တောင်ဆိုးနေပြီလည်းဆိုရင် မြန်မာပြည်ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံပါ လို့ ပြော မယ် ဆိုရင် ဈေးကွက်မှာ အရောင်းအကောင်းဆုံးဖြစ်နေတဲ့ ယတြာ မဂ္ဂဇင်း ၊ဂျာနယ်များ ၊ ဘုရားရင်ပြင်တော်ပေါ်က ဂြိုလ်ပြေနံပြေ ရုပ်တုများ .. ပြဿဒါး၊ ရက်ရာဇာများ ....စတာတွေပြန်တွေးပြီး နုတ်ဆွံ့နေမိတယ် ဒါတွေဟာပူးပြီးသတ်ခံရတာတွေဆိုတာကို သတိရစေချင်တယ် ....
သတိ .... ဗုဒ္ဓဘာသာစတင်အခြေခံရာ ... ဗုဒ္ဓဘုရားမွေးဖွားရာ နီပေါနိုင်ငံ ၊ အိန္ဒိယ နိုင်ငံတို့ဟာ ခုဆို ဟိန္ဒူနိုင်ငံ တွေဖြစ်နေပြီ သူတို့တွေပူးသတ်ခံခဲ့ရတာ
မြန်မာပြည်ကိုဒီဘေးမှကယ်တင်ပါ
2 comments:
သာဓု သာဓု သာဓု
ခုလို သတိပေးတဲ့အတွက် ကျေးဇူး ပါ
i haven't thought about that.thank u bro....
Post a Comment