သူငယ်ချင်းတွေက မေးလ်တွေပို့တယ် နှစ်သစ်မှာပျော်ပါစေ ဘာညာသရကာပေါ့ဗျာ ။ အမှန်တိုင်းပြောပြမယ် ဖွင့်မကြည့်ဖြစ်ပါဘူး။ မကြည့်ချင်လို့မကြည့်တာတော့မဟုတ်ဘူးပေါ့ဗျာ။ လူဆိုတာကလည်း ကိုယ်မသိတဲ့ အရာ လေးတွေကိုသာ အထူးအဆန်းအဖြစ် လေ့လာချင်ကြတာမို့လား ။ အခုတော့ ကျွန်တော်က သူငယ်ချင်းတွေ ကျွန်တော့်ကိုပျော်စေချင်တယ်ဆိုတဲ့ဆန္ဒကလေးကို ခံစားလို့ရနေတာဆိုတော့ မေးလ် ကိုဖွင့်မကြည့်လည်း သိပ်တော့ပြဿနာမရှိပါဘူး။
နှစ်သစ်မှာပျော်ပါစေ ဆိုပြီးကျွန်တော်တို့ ပြောနေကြတယ်။ တကယ်တော့ လူတစ်ယောက်ကို တစ်နှစ်လုံးပျော်စေချင်တဲ့ဆန္ဒက ရာနှုန်းပြည့်မရှိဘူးဆိုတာ ကျွန်တော်အလိုလိုသိနေတယ်။ တမျိုးကြီးပဲနော်။
နှစ်တစ်နှစ်လုံးအတွက်ကို ဒီတစ်ရက်တည်းဆုတောင်းနေယုံနဲ့ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုကိုပြောင်းလဲနိုင်လောက်အောင် အစွမ်းများရှိမယ်ဆိုရင် ရဲတွေလဲ အလုပ်မရှိ ၊ အင်းစိန်ထောင်ကြီးလည်း ခါလီဖြစ်နေရောပေါ့ဗျာ။ ဒါကတော့ ကျွန်တော့် ရဲ့ ဗရုတ်သုက္ခ အတွေးပေါ့ဗျာ ။
အရင်နှစ်ကူးမှာ ကျွန်တော် က သူငယ်ချင်းတွေကို မေတ္တာပို့တယ်။ တစ်နှစ်စာ သုံးသပ်ကြည့်တယ်။ မအောင်မြင်တာတွေများနေတာပေါ့ဗျာ။
အရင်နှစ်နဲ့ဒီနှစ်ဘာကွာလဲဆိုတော့ ...
အရင်နှစ်က မလုပ်ဖြစ်ခဲ့တာကို ဒီနှစ်လုပ်ဖြစ်အောင်လုပ်မယ် လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ် . . ဒါကတော့
မြန်မာပြည်ကိုပြန်လာတာပါပဲ .. လုပ်ချင်တာတွေကိုတော့ ဘာမဟုတ်တိပတ်တိ အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး ။ ဒါကတော့ ကျွန်တော့် ရဲ့ ညံ့ဖျင်းမှုသက်သက်ပါ။
မြန်မာပြည်ကိုပြန်လာတာပါပဲ .. လုပ်ချင်တာတွေကိုတော့ ဘာမဟုတ်တိပတ်တိ အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး ။ ဒါကတော့ ကျွန်တော့် ရဲ့ ညံ့ဖျင်းမှုသက်သက်ပါ။
နှစ်သစ်ကူးအတွက်ကျွန်တော်တို့ဆုတွေအမျိုးမျိုးတောင်းနေကြတာလည်း ကောင်းမွန်တဲ့ဓလေ့တခုပါ။ ဒီလိုနှစ်တစ်နှစ် ကူးသွားတယ်ဆိုရင် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ကြည့်တတ်တဲ့ အကျင့်ကလေးတစ်ခုကိုလုပ်ထားစေချင်တယ်ဗျာ ။ တကယ်ထိရောက်တဲ့ အကျင့်မို့ပြောတာပါ။ ကျွန်တော် ဒီပိုစ့်ကို ရေးဖို့ အတော်ကို စဉ်းစားခဲ့ပါတယ် ။ မရေးရင်ကောင်းမလား ၊ ရေးရင်ကောင်းမလား ဆိုတဲ့ ဒွိဟ အတွေးတွေကြောင့်ပါ။
မရေးချင်တာကတော့ ကိုယ်ရည်သွေးပြိး လျှောက်ရေးနေတယ်လို့ ထင်မှာစိုးလို့ပါ။ ရေးချင်တာကလည်း ပြန်လည်သုံးသပ်ထားရင် ရလာတဲ့ ထိရောက်မှုကိုသိနေတာကြောင့်ပါ။
အရင်နှစ်ဟောင်းမှာ အောင်မြင်အောင်မလုပ်ဖြစ်ခဲ့တဲ့စိတ်ကူးများကို နောင်နှစ်သစ်မှာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါစေ။
အရင်နှစ်ဟောင်းမှာ ကျရှုံးခဲ့သမျှ ကို နှစ်သစ်အတွက် အတွေ့ကြုံကောင်းအဖြစ်အသုံးချနိုင်ပါစေ
မှတ်ချက် ... နေစိုးနိုင်ဘီယာမူးနေသည်
လေးစားစွာဖြင့်
နေစိုးနိုင်
5 comments:
မြန်မာနှစ်ကူးလည်း ကူးလိုက်တာပဲ။ ကုလားဖြူနှစ်ကူးလည်း ဟေးလားဝါးလားနဲ့ ကူးလိုက်တာပဲ။ တခြားတိုင်းရင်းသားနှစ်ကူးတွေ ဆိုတာလည်း တပြုံတမကြီး ၀င်ကူးလိုက်တာပဲ။ အင်း... ဆက်ပြောရရင်... ခင်ဗျားစိတ်ထဲကအတိုင်းပဲ ကိုနေစိုးနိုင်ရေ။ ကျုပ် သဘောပေါက်တယ် ဟား ဟား။
(စာရေးသူမူးသလို ကိုယ်လည်း မူးနေသည်။)
ဟာဂျာ...ခင်ညားတယောက်တည်း beer သောက်တာဂလား။။ ကျွန်တော်တို့ ၊ 60NE: ၊ ဖိုးချိုတို့နဲ့ သောက်ဖို့လည်းချန်အုံးနော်။ ဟီးး
မင်္ဂလာပါ..
ကိုမျိုး တို့ အခုထိ ခေါင်းကိုက်နေတုန်းဘဲ။ နှစ်သစ်ကူးရင် ဘာပဲလုပ်ဖြစ်ဖြစ်... အဲဒီ ဘီယာလေးတော့ နှစ်တိုင်းမလွတ်။
ကိုမျိုး ခေါင်းကိုက်နေသည်။ ဖြေနေသည်။ :) ::)
ခင်မင်စွာဖြင့်
ကိုမျိုး
ဟား၂ နှစ်သစ်မှမဟုတ်ပါဘူး အချိန်ကာလရွေ့သွားတာနဲ့ အမျှ ကိုယ်လုပ်ခဲ့သမျှ အရာတွေကို သုံးသပ်ရမှာပါ
အားလုံးကတော့ အမြဲ ပျော်စေချင်ပေမယ့် လူ့ဘ၀ဆိုတာ အကောင်းအဆိုးဒွန်တွဲနေတာပါ ပဲ
ကြိုးစားကြည့်ပါမယ်။ အလက်ဂျစ်ဖြစ်သေးလား။ အခုလည်းကျနော် မေးလ်ထဲမှာ delete လုပ်နေတယ်
Post a Comment