HM က စီဘောက်စ် မှာ အော်သွားတယ် .. သူ့ ကွန်းမန့်မပေါ်လို့တဲ့ .. ဘာဖြစ်တာလဲပေါ့.. ကျွန်တော်တို့ ကလည်း ဘယ်လိုကွန်းမန့်ကို မှ ဖျက်ရိုးထုံး စံ မရှိဘူး လေ။ ကိုယ့်ကိုဆဲသွားတဲ့ ကွန်းမန့်တောင် အေးဆေးစွာ ခံယူခဲ့တာပါ...
အခုတော့ သိလိုက်ပြီအဖြေက သူက မေးက တဆင့် ကွန်းမန့်ပေးတယ် .. သူမန့်တာ က ရှည် နေလို့ဖြစ်မယ်လို့ ယူဆရပါတယ်။ အောက်မှာဖော်ပြထားတာလေးကတော့ .. ကိုဇေယျာဦး ရေးတဲ့ ကျွန်တော်မြန်မာပါ ပိုစ့် အတွက် HM ပေးတဲ့ ကွန်းမန့်ပါခင်ဗျာ...
ဗမာတွေ ကိုယ်တွင်းက မကောင်းဆိုးဝါး ဆိုတဲ့ ဆောင်းပါးလခ်လေးချိတ်ပေးလို့ရမလားအစ်ကို....
တိုင်းရင်းသားတွေပေါ်မှာ မြင်တဲ့ ကျမတို့ အမြင်ကတော့ရှင်းပါတယ်
ကျမတို့ငယ်ငယ်က အတန်းထဲမှာ ရှမ်းမလေးတွေသို့ ကချင်မလေးတွေ မန်းလေးမှာကျောင်းလာတတ်ရင် သူ့တို့တွေက ပါရဲရဲ စကားဝဲ၀ဲလေးတွေနဲ့ တိုင်းရင်သား၊သူ ဆိုရင် ချစ်စရာ ကောင်းတယ်လို့ ဘဲ မြင်မိပါတယ် နှိမ်ချတာမျိုးခွဲခြားဆက်ဆံတာမျ
ိုးလုပ်လေ့မရှိပါဘူးသူတို့တွေကို ဆရာ ဆ၇ာမ တော်တော်များများကလည်း အေ၇းပေးလေ့ရှိပါတယ် ။ ကျမ တို့ တွေ ပြည်ပကို ထွက်လာတဲ့အခါမှသာ "ဗမာတွေက တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတယ် နှိမ်ချတယ်ဆိုတာမျိုး" အသံကို ကြားရတာပါ အဲဒီအတွက် အံ့သြမိသလို စိတ်မကောင်းဖြစ်မိပါတယ် ။ တစုံတယောက် ကိုပြောချင်ရင် ပုဂ္ဂိုလ်ရေးခံစားချက်နဲ့လူမျိုးကို ခွဲခြားပြောဆိုသင့်ပါတယ် အစိုးရက ဗမာလူမျိုးဆိုတာနဲ့ ဗမာလူမျိုးမကောင်းဘူး ငါ့တို့ကိုနှိမ်တယ်ဆိုတာမျိုးကို ကျမ လက်မခံပါဘူး။ နောက်တစ်ခုက ကျမဆိုရင် ရှမ်းတစ်ဝက်စပ်ပါတယ် ဒါပေမယ့် ရှမ်းစကားမတတ်တဲ့အတွက် ရှမ်းအသိုင်းဝိုင်းက လက်မခံသလို ရှမ်းအမျိုးတွေဘက်သွားရင် ဗမာမ ဆိုပြီး ပြောခံရသလို ဗမာအမျိုးတွေဘက်သွားရင်လဲ ရှမ်းမဆိုပြီး ပြောပြန်ပါတယ်ကျမလို လူမျိုးတွေ အများကြီးပါ အဲတော့ နောက်ဆုံးတော့ ကျမ ဗမာ တစ်ယောက် အဖြစ်ဘဲ ခံယူပြီးရှမ်းတစ်ဝက်စပ်တယ်ဆိုတာ ကို ထည့်ပြောလေ့မရှိတော့ပါဘူး ။ အဲဒီတော့ ဗမာလူမျိုးစစ်စစ်ကြီးဆိုတာ ရှိတော့ရှိပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ လျော့နည်းနေပါတယ် ၇၀ရာခိုင်နှုံးက တိုင်းရင်းသားစပ်ကြပါတယ်။
သူများနိုင်ငံမှာ အခြေချချင်တာ အပြစ်မပြောပါဘူး "မြိုပေါ်နေလူတန်းစားဗမာတွေက တိုင်းရင်းသားတွေကို နှိမ်တယ် နှိပ်စက်တယ်" ဆိုတဲ့စကားမျိုးကိုတော့ ၀ါးလုံးသိမ်းရမ်းတာမျိုးကို လက်မခံပါ ကြုံရင်လဲ ကြုံသလို ပြောပါတယ်ကျမရှေ့လာပြောရင်လဲ ပြန်ပြောတတ်ပါတယ်။ မြို့ ပေါ်မှာနေပြီး ဘက်ပေါင်းစုံ က နှိပ်စက်ခံ အနှိမ်ခံနေရတဲ့လူတန်းစားတွေ တစ်ပုံတစ်ပင်ပါ ကျမတို့ အိမ်တွေကို အချိန်မရွေးတံခါးခေါက်ပြီး အချိန်မရွေးလာဖမ်းလို့ရပါတယ် (အဲဒါ ကတော့ မြို့ပေါ်က လူတွေရဲ့ အားသာချက်ပေါ့:P)
ကွန်မန့်က အတော်ရှည်သွားလို့ ဒီမှာဘဲရက်လိုက်ပါတော့မယ်
လူအချင်းချင်း အပုတ်ချခြင်း လူမျိုးရေးသွေးကွဲအောင်လုပ်ခြင်းမှ ကင်းဝေးကြပါစေ
ခင်မင်လျက်
ံHM

--
1 comment:
i am not undestand mith your massage
Post a Comment