သွေးသားလည်း မစပ်ပေမယ့်
တစ်ယောက်နဲ့တစ်ယောက် အလေးထားတတ်မယ်ဆိုရင်….
လူချင်းမတွေ့ပေမယ့်
ဘယ်တော့မှ မမေ့ဖူးဆိုရင်…
နေ့တိုင်းမမြင်ရပေမယ့်
တွေ့ကြုံတိုင်း ပျော်ရွှင်တတ်မယ်ဆိုရင်….
အသိ၊စကားမကြွယ်ကြပေမယ့်
တစ်ယောက်နဲ့တစ်ယောက်နားလည်တတ်မယ်ဆိုရင်…
တစ်ယောက်နဲ့တစ်ယောက်နေရာမတူပေမယ့်
ပြဿနာတစ်ခုကိုအဖြေရှာတာချင်းတူကြမယ်ဆိုရင်…
ခင်ရာဆွေမျိုးမို့
တန်ဖိုးထားလို့ချစ်ကြမယ်….
စေတနာ
03.10.2009(22း24)
--
Nay Soe Naing
www.naysoenaing.com
8 comments:
ငြိမ်းချမ်းရေး ကဗျာလေးနဲ့  ပြန်လာခြင်းကောင်းတဲ့ စေတနာကို ကြိုဆိုပါတယ်
ခင်မင်စွာဖြင့်
လွင်မင်းခန့် 
လူတိုင်း နားလည်မှုတွေနဲ့ မေတ္တာ ထားကြမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ အရမ်းလှမှာပဲ
မမြင်ဘူး မတွေ့ဘူးကြပေမယ့်လဲ ရင်ဘတ်တူလို့ကတော့ စေတနာအရင်ခံနဲ့ မေတ္တာထားနိုင်ကြပါတယ်။ပျော်ရွှင်ပါစေဗျာ။
ကောင်းတယ်ဗျာ...
နားလည်မှုက အရေးကြီးဆုံးပဲ
ခင်ရာ ဆွေမျိုး ..မြိန်ရာ ဟင်းကောင်းပေါ့ဗျာ..စားလုံးပေါင်းမှားရင်တော့သီခံပါ..ဟိ..
ခင်ရာဆွေမျိုးပေါ့ရှင်...
လက်တို့ပြီးတော့ ပြောရဦးမယ်
ကျွန်တော်ညီ ကိုစေတနာကဗျာ
တကယ်ကိုကောင်းတာပါ
အောင်စည်ဟိန်း
အော်........... ကောင်းလိုက်တဲ့ကဗျာ....
ရှုမ၀ အကို လို့ မပြောရဘူး။ အဟက်...
Post a Comment