အလုပ်ကနေအပြန် လမ်းဘေးက ပိုစတာကြီးတွေကို ငေးကြည့်လာမိတယ် ။ မထင်မှတ်ဘဲ တွေ့လိုက်ရတာက သီချင်းကြော်ငြာ ။ သီးချင်းကြော်ငြာများဘာ မထင်မှတ်ဘဲတွေ့တာလဲလို့တော့ မလုပ်ပါနဲ့ ။ ကျွန်တော် အားပေးတဲ့ အဆိုတော် ရဲ့ အခွေဖြစ်နေလို့ပါ။ ကိုကြီး အငဲလေ ။ ခွေအသစ်ထွက်မှာမို့ ကြိုတင်ကြော်ငြာထားတာ ။ 9. 9 . 09 မှာ စရောင်းမယ်ဆိုတော့ အမှတ်တရလေးဖြစ်သွားတာပေါ့။ ခွေနာမည်က လည်း ကိုးတဲ့ဗျ ။
ကျွန်တော် က ဒီကိုးရက်နေရရောက်ရင်ဘာလုပ်ရကောင်းမလဲ လို့စဉ်းစားနေတာ ။ လုပ်ငန်းတခု လုပ်ဖို့ ကျတော့လည်း ဒီနေ့က ပြဿဒါးနေ့ကြီးဖြစ်နေတာကိုးဗျ။ ကျွန်တော်ကတော့ အယုံအကြည် တယ်ရှိလှတယ်မဟုတ်ပါဘူး။ သို့သော် .. အထွေထွေ အကြောင်းရင်းများကြောင့်ပေါ့ဗျာ။ မလုပ်ဖြစ်တော့ပါဘူး။ ပြဿဒါးကို ကြောက်ပြီး မလုပ်တာမဟုတ်ပါဘူး စောပြီးလုပ်လိုက်လို့ အလုပ်ပြီးသွားတာပါ။
လမ်းကြောင်းတောင်လွဲတော့မယ်။ ကိုအငဲ ရဲ့ ထွက်လာမယ့်စီးရီးကို မျှော်လင့်နေတာပေါ့ဗျာ ။ တဖက်မှာလည်းစဉ်းစားမိတယ် ကို အငဲ က ဂဏန်းတွေကိုတော်တော် ကြိုက်တာပဲဗျ။ ကျွန်တော်ထင်တာတွေကိုပြောတာပါ။ ဂဏန်းတွေကြိုက်တယ်ဆိုလို့ ပင်လယ် ဂဏန်းမဟုတ်သလို လောင်ကစားလုပ်တဲ့ ဂဏန်းတွေကိုပြောတာလည်းမဟုတ်ပါဘူး။
ကြည့်ပါဦးဗျာ သူ့ ရဲ့ အောင်မြင်နေတဲ့ စီးရီးတွေကို ဆဋ္ဌမ အာရုံ ၊ ခုနှစ်ထွေအက ၊ ဇစ်မြစ် ၊ တဲ့ဗျာ ဇစ်မြစ်ဆိုတာ ဘယ်မှာ ဂဏန်းပါလို့လဲ ဆိုရင်တော့ လူရွှင်တော် တွေလို ကျွန်တော်လည်း ကြံဖန်ဖြေရမှာပဲ ရှေ့ က ၆ နဲ့ ၇ က ရှော့မရှိဘူးလေ ၈ ဂဏန်းကျတော့ ကျွန်တော်တို့ဆီမှာ နည်းနည်း ရှော့ရှိတယ်မဟုတ်လား ။ ဒါကြောင့် ဇစ်မြစ်မှာ ဇ က ၃ နဲ့ မ က ၅ နှစ်ခုပေါင်း ၈ ဖြစ်တယ်လို့ ဗေဒင်နည်းလေးနဲ့တွက်ပြီး ကိုယ်လိုရာကို ဆွဲလိုက်ပါတယ်ခင်ဗျ။ ဒါကြောင့် အခု လာမယ့် ကိုး ဟာ ဆိုရင်လည်း ဂဏန်းလေးတစ်လုံးဖြစ်နေပြန်ရော။
ကို အငဲ ကတော့ဘယ်လိုရည်ရွယ်ချက်တွေနဲ့စီးရီးနာမည်တွေပေးနေတာလဲမသိဘူး။
ကျွန်တော်က ဗရုတ်သုက္ခလျှောက်တွေးပြန်ပြီ
ဘာရယ်မဟုတ်ပါဘူးဗျာ ပိုစ့်တစ်ခု ညှစ်ထုတ်လိုက်တဲ့သဘောပါ. ကိုးရက်ကိုးလ နှစ်ထောင့်ကိုးမှာ အမှတ်တရ ပို့စ်လေးနဲ့ ကိုးန၀င်းချေမယ်စိတ်ကူးလို့ပါ။
ကဲ
ကိုး ရက်
ကိုး လ
နှစ်ထောင့် ကိုး
ကိုးနာရီတိတိမှာ
ကိုအငဲရဲ့ ကိုးခုမြောက် စီးရီးဖြစ်တဲ့
ကိုးဆိုတဲ့ စီးရီးထဲကသီချင်းတွေထဲက
ကိုးပုဒ်မြောက်သီချင်းကို
ကိုးခေါက်နားထောင်ပြီး
ဂျွမ်း ကိုးခေါက်ထိုးပါ က
အသင်မျှော်လင့်သော ကိုးန၀င်းအောင်ပြီဟုမှတ်ပါလေ ....
ဝိဇ္ဖာ အပေါင်း ... ညောင်းလိုရာညောင်း .. မညောင်းပါက .. ကားနင့် အောင်းမည် ...
သြောင်း စရာသြောင်း ... ရောင်းစရာရောင်း ... ပြောင်း စရာ ရှိသည်ကို ပြောင်း ကြပါကုန်လော့...
ပုံ
ဆြာကြီး ဆရာလေး
( ဒီပို့စ်လေးကို ၉.၉.၀၉ မနက် ၉ နာရီတိတိမှာ တင်လိုက်ပါတယ် .. ကိုးကြိမ်မြောက်လာဖတ်တဲ့ လူဟာ ကိုးန၀င်းကျေတဲ့လူဖြစ်ပြီး ရည်းစားစာကိုးစောင် တစ်ပြိုင်တည်းရခြင်း ၊ ရည်းစားကိုးယောက်နဲ့ အတူ ရုပ်ရှင်ကြည့်ရခြင်းဆိုတဲ့ အကျိုးများရကြပါစေဗျာ )
လေးစားစွာဖြင့်
နေစိုးနိုင်
15 comments:
ကိုးခေါက်ဖတ်ချင်သော်လည်း ကွန်နက်ရှင်က ခွင့်မပြု :P
တစ်ကြိမ်
နှစ်ကြိမ်
သုံးကြိမ်
လေးကြိမ်
ငါးကြိမ်
ခြောက်ကြိမ်
ခုနှစ်ကြိမ်
ရှစ်ကြိမ်
ကိုးကြိမ်မြောက် လာဖတ်သွားပါတယ်။ဆန္ဒလေး ပြည့်မြောက်ပါစေဗျာ။
ဟုတ်တယ်ဗျ။ ကိုအငဲကို ဆဌမအာရုံမှာကတည်းက အဲလိုလေးတွေပေးတာ သတိထားမိတယ်။ ကျွန်တော်လည်း ကိုးန၀င်းကြေအောင် လုပ်ဦးမှ။
ကိုးန၀င်းကြေအောင်ကိုးရီးယားကားကြည့်ပါ
ကိုးန၀င်းကြေအောင်ကိုးရီးယားကားကြည့်ပါ
ကိုးန၀င်းကျေအောင် ၉၉၉၉၉၉၉၉၉ ဂဏန်းတွေ ရေးသွားတယ်။ အဟတ်
ခင်မင်စွာဖြင့်
ကိုးန၀င်းကြေအောင် ကိုးကြိမ်ကျွမ်းထိုးသွားတယ်နော်။ ဟိဟိ.....
ကိုးနာရီကိုးမိနစ်အချိန်မှာ ကိုးစီးရီးရဲ့ ကိုးပုဒ်မြောက်ကို ကိုးကြိမ်တိတိ နားထောင်ပါတယ်။
ပြောထားတဲ့အတိုင်း မဟုတ်လို့ ကတော့နော်။
တွေ့ မယ် ဟိဟိ။။ဘာလဲတော့မသိဘူး။
Post a Comment