ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ တစ်ဦးနဲ့တစ်ဦးမနာလို စိတ်ထားတဲ့နေရာမှာ နိုင်ငံတကာကလူတွေ အဖေခေါ်ရလောက်အောင်ကိုတော်ပါပေတယ်ဗျာ။ သူများမျက်ချေးပဲမြင်တယ်ကိုယ့်မျက်ချေးကိုယ် မမြင်တတ်သူများလို့ တောင်မပြောချင်တော့ဘူး။ အဲလိုပြောလိုက်ရင် ကျွန်တော်လည်း ကိုယ့်မျက်စိကိုယ် ပြန်ပွတ်ကြည့်မိနေဦးမယ်လေ။
အကြောင်းအရာကတော့ ပြည်တွင်းပေါက်ဖော် အဆွေတော်အချင်းချင်း ပြည်တွင်းပြည်ပ လှမ်းပြီး စကားစစ်ထိုးနေကြတဲ့အကြောင်းပါခင်ဗျာ။
ပြည်တွင်းက ကိုကို၊ မမ တို့ က တိုင်းတပါးမှာ ကာယ ၊ ဉာဏ အားဖြင့်သွားရောက် လုပ်ကိုင်နေကြရရှာတဲ့ ပြည်တွင်းပေါက်ဖော် တွေကို လှမ်းပြီး နိုင်ငံချစ်စိတ်မရှိတဲ့လူတွေ ၊ မြန်မာပြည်က သင်ထားတဲ့ပညာတွေနဲ့ သူများကိုလုပ်ကျွေးနေကြသူတွေ ၊ စာပေတွေထဲမတော့ ဦးနှောက်ယိုစီး တယ်ဆိုလား ဖိတ်လျှံကုန်တယ်ဆိုလားပါပဲဗျာ။ ထားပါတော့ ဝေါဟာရတွေကို ။ ကျွန်တော်ကတော့ လက်တွေ့ကျတဲ့လောက ကိုပဲကြည့်ချင်တယ်။ သီအိုရီ တွေထဲထည့်တာကို သိပ်မကျွမ်းဘူး။
ဝါးလုံးရှည်ကြီးနဲ့သိမ်းပြီး နိုင်ငံ နယ်နမိတ် ကျော်နေတဲ့လူမှန်သမျှကို နိုင်ငံကို မချစ်တဲ့လူ လို့ စွတ်စွဲတာဟာတော့ သီအိုရီ အရမ်းဆန်သွားပြီဗျ။ ကျွန်တော်တို့ ဆီမှာမရနိုင်သေးတဲ့ နည်းပညာများ ၊ အတတ်ပညာ များ ၊ လုပ်ငန်းအတွေ့အကြုံများကို တိုးတက်ပြီး ၊ တိုးတက်ဆဲနိုင်ငံများမှာ သွားရောက် အလုပ်လုပ်ကိုင်ရင်း ကျွန်တော်တို့ ရဲ့ အရည်အချင်းတွေကို မြှင့်တင်နေရပါမယ်။ ဒါအခုမှလုပ်ခဲ့ကြတာလားဆိုတော့ မဟုတ်ရပေါင်ဗျာ ။ ဖတ်ဖူးသလောက် ၊မှတ်ဖူးသလောက်တော့ ဟိုးဘုရင်တွေခေတ်မှာကတည်း က ကိုယ့်ထက်တိုးတက်တဲ့ တိုင်းပြည်တွေမှာ အသိပညာ အတတ်ပညာတွေ လေ့လာဖို့ လူတွေလွှတ်ဆိုပဲ ။ အဲ…လွှတ်လိုက်တဲ့လူတွေအကုန် ပြန်မလာတာလဲ အခုမှမဟုတ်ပါဘူးဗျာ ။ ဒီလိုလူတွေအတွက် ဦးနှောက်အလေးမခံပါနဲ့။
ဒီတော့ ငါတော့ ငါ့နိုင်ငံချစ်လို့ တဖ၀ါးမှမခွာဘူး ဆိုပြီး အသံကောင်းဟစ်နေတဲ့ ကိုကိုများက လည်း နိုင်ငံတွင်းမှာနေပြီး နိုင်ငံအတွက် အကျိုးရှိအောင် ဘာတွေများလုပ်နေကြပါလဲခင်ဗျာ။
အဲနောက်တစ်ဖက်က နိုင်ငံခြားက ကိုကို ၊ မမ များ ထံမှကြားရတဲ့စကားကလေးတွေပါ။ ကျွန်တော်နဲ့တော်တော် ရင်းနှီးတဲ့ သူငယ်ချင်းတွေပါးစပ်ကထွက်တာကို ကြားဖူးတာပါ။ မြန်မာပြည် (ရန်ကုန် ) ကို ပြန်မယ်ဆိုရင် ရွာကို ပြန်မယ်တဲ့ဗျ ။ ရွာကပြန်လာတယ်ဆိုပဲ ရွာကို ဘာမှာ ဦးမှာလဲဆိုပဲ ။ မင်းပြောတဲ့လေသံ ( အင်္ဂလိပ် ) ကလည်း ရွာက ငပိသံမပျောက်ဘူးတဲ့ ။ ကောင်းပါပြီခင်ဗျား ။ ကျွန်တော်တို့ဟာ အဖေဗမာ ၊ အမေ ဗမာ ကမွေးထားတဲ့ အတွက် အင်္ဂလိပ်စကားကို ဗမာ သံနဲ့ပဲပြောတတ်တယ်ထားပါ။ ဒီနေရာမှာ ကျွန်တော်က မျိုးချစ်စိတ်ဆိုတာကြီးကို လက်ကိုင်ထားပြီး တဇွတ်ထိုးပြောနေတာမဟုတ်ပါဘူး။ အင်္ဂလိပ်စကားကိုပြောတတ်ရမယ်။ အင်္ဂလိပ်စကားကို တဖက်လူနားလည်အောင်ပြောတတ်တယ်။ အင်္ဂလိပ်နီးပါးပြောတတ်ရင်တော့အကောင်းဆုံးပေါ့။ ဒါပေမယ့် အင်္ဂလိပ်နီးပါး မပြောတတ်တာ ၊ ဗမာသံပေါက်နေတာကို ရှက်စရာလို့တော့ အချင်းချင်း မရှုံ့ချစေလိုပါ။ ကျွန်တော်တို့ မြေမှာ မွေး ၊ ကျွန်တော်တို့ မြေမှာကြီးပြင်းလာခဲ့တဲ့ ဘွဲ့ရ တရုပ် တစ်ယောက်ဟာ ဗမာစကားကို တရုပ်သံမပါဘဲ ပြောနိုင်တဲ့လူ နည်းပါတယ်။
ပြည်ပ မှာနေပြီး အီး လို ဘွတ်ဘက်ရွှတ်ရှက် လေးပြောပြီး ကိုယ့်ကိုယ်ကို သိပ်အဟုတ်ကြီးတွေတော့မတွေးစေလိုပါ။ နိုင်ငံရပ်ခြားမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးနဲ့ နေထိုင် လုပ်ကိုင်နေကြပြီး ။ အချိန်တန်လို့ အိမ်ပြန်ခဲ့ရင် ငါ့နိုင်ငံအတွက် ဘာတွေတော့ လုပ်ပေးမယ်ဆိုတဲ့စိတ်ကလေးမွေးကြည့်ပေးပါလား။
ဆိုပါဆို့ လူကြီးမင်းနေထိုင်ရာမြို့က ဘတ်စ်ကား ကြီးတွေကောင်းလွန်းနေတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက ဖွတ်ချက်ဖွတ်ချက် ကားစုတ်တွေကို ကဲ့ရဲ့နေမယ့် အစား ဒီကားကြီးမျိုးငါ့နိုင်ငံမှာ စီးနိုင်အောင် ဘယ်လိုလုပ်ရမလဲ လို့စိတ်ကူးဖူးရဲ့လား ။
သေချာပါတယ် ပြန်ပြောမယ့်စကား ဘာလဲဆိုတော့ အစိုးရကို ပုတ်ခတ်ပြီးပြောတော့မပေါ့။ ဒါကျွန်တော်ကိုယ်တိုင်လည်း ပြောခဲ့ဖူးပါတယ်။ နောက်မှတွေးကြည့်တာ ဒါနည်းလမ်းမဟုတ်ဘူး။ ခုချိန်ထိဗျာ လမ်းမကောင်းတာ ခဲတလုံးတောင် ကျွန်တော် လမ်းပြင်တဲ့ထဲကူမထည့်ဖူးဘူး။ ဒီလိုပြောလိုက်လို့ ဒီကောင်က တော်တော်ကြည်ညိုနေတယ်လို့တော့မထင်ပါနဲ့ ။ လေးဖြူသီချင်းလေးဆိုပြလိုက်မယ် … လာမညှိ နဲ့ဆိုလားဘာလားပဲ။
ခင်ဗျားတို့အိမ်ရှေ့ ကရေမြောင်းပိတ်နေတာ ၊ လမ်း မှာ ညစ်ပတ်နေတာ စည်းကမ်းမဲ့ အမှိုက်ပစ် တာ ..စတဲ့ ပြဿနာတွေအတွက် ဘာကြောင့်များ သူများကိုစောင့်နေကြတာလဲ။ခင်ဗျားတို့ကျွန်တော်တို့ထွေးတဲ့ကွမ်းတံတွေးတွေကြောင့်ညစ်ပတ်နေတာကို သန့်ရှင်းရေးမလုပ်တဲ့လူကို ဆဲမှာလား ကွမ်းတံတွေးမထွေးဖို့ နားလည်အောင်ပညာပေးစည်းရုံးမှာလား။ မျဉ်းကြားကမဟုတ်ရင် လမ်းမကူး တတ် တဲ့လူတန်းစား ထဲမှာ ခင်ဗျားတို့ပါလား ။ ကျွန်တော်ကတော့မပါသေးဘူး။ ဒါပေမယ့် ကြိုးစားကြည့်နေတယ်။
ကျွန်တော့် အဖေ ပြောပြောနေတာလေးပဲ ပြန်ဖောက်သည်ချပေးလိုက်တော့မယ်ဗျာ ကျွန်တော်တို့ကို အဖေက ပြောဖူးတယ် ။ အဖေတို့ငယ်တုန်းက ကျေးလက်ဒေသတွေက ခုလိုဘယ်ဟုတ်ဦးမှာလဲဗျာ။ အဖေတို့ခေတ်က ကျွန်တော်တို့ ရွာမှာ စာသင်ကျောင်းတောင်မရှိသေးဘူး။ ဘုန်းကြီးကျောင်းပဲရှိတာ ၊ ဘက ပညာရေးလို့ခေါ်တယ်လေ။ အဲ ......သူတို့ ငယ်တုန်းက တရွာလုံးမှ အိမ်သာရှိတဲ့အိမ်ဆိုတာ လက်ချိုးရေလို့ရတဲ့အချိန်ပေါ့။ လက်ချိုးရေလို့ရတယ်ဆိုတာ လျှော့ပြောတာ (ကိုယ့်ရွာမို့) တကယ်ဆို ဘုန်းကြီးကျောင်းလောက်ရှိတယ်ထင်တယ်။ ကျွန်တော့် အဖေက လည်း သူငယ်ချင်းတွေနဲ့ ကျွဲကျောင်း ၊ နွားကျောင်းလုပ်ရတာပေါ့ဗျာ ။ သိတဲ့ အတိုင်း ကျင်ကြီး ၊ ကျင်ငယ်ကိစ္စ က ခြုံကြားမှာပြီးတာများမှာပေါ့။
ခေတ်တွေပြောင်း ၊ စနစ်တွေဟောင်း လာပြီး လူနေမှုပုံစံတွေ အဆင့်ဆင့်ပြောင်းလာတော့ ကျွန်တော်တို့ဆီမှာလည်း ယင်လုံတွေဘာတွေဖြစ်ရောပေါ့။ ကျွန်တော့်အဖေတို့ လူပျို အချိန်လောက်ပေါ့။ အဲဒီအချိန်ကနေခုအချိန်ထိ ဆိုပါတော့ ။
တနေ့တော့ ကျွန်တော့် အဖေ ကောလင်းဘက် ကို ခရီးထွက်ပါတယ်။ လမ်းမှာ ကားပျက်ပါလေရော ။ဘယ်သူမှလည်းမပါဘူး ။ ဒါနဲ့လမ်းမှာ ညအိပ်ပေါ့ ။ အဲဒီမှာ အဖေပြောပြတာ လမ်းဘေးမှာ ဘယ်လိုမှ ကိစ္စကိုဖြေရှင်းလို့မရတော့ဘူးတဲ့ ။ စိတ်ထဲမှာ သွားချင်စိတ်ဖြစ်လာလို့ သွားလိုက် ထိုင်ခါနီး စိတ်ကပျောက်သွားလိုက်နဲ့ပဲ မိုးလင်းပြီး သူများ အကူညီနဲ့ မြို့ပြန်ရောက်လာတာဆိုပဲ ။
လူစိတ်များပြောပါတယ် ။ ငယ်ဘ၀ တစ်လျှောက်လုံး ဒီလိုခြုံတိုးနေခဲ့ရာက ဒီထက် သာတဲ့ ဘ၀မှာ နှစ်တွေနည်းနည်းကြာသွားတာနဲ့ မူလဘ၀ ကို လုံးဝ ပြန်လို့မရတော့ဘူးလေ။
ဒီလိုပါပဲ ကိုကို ၊ မမ တို့ရေ ကျွန်တော်တို့တွေနိုင်ငံခြားမှာ အလုပ်လုပ် ပိုက်ဆံရှာနေတယ်ဆိုတာ တချိန်မှာ ခင်ဗျားတို့ ခေါ်နေတဲ့ ရွာ ကြီး အတွက် ပဲဖြစ်ပါစေဗျာ။ အချိန်တန်လို့မှ အိမ်မပြန်ချင်တော့ဘူးဆိုရင်တော့လည်း ဘာတတ်နိုင်မှာလဲ။
ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံလိုတာကတော့ အရှိတရားတစ်ခုကို မြင်အောင်ကြည့်ပါ လက်ခံပေးပါ။ အရှိတရားကို လက်မခံနိုင်ရင် ရလဒ်က နောင်တတွေဖြစ်နေလိမ့်မယ် ။ ဆိုးနေတာကိုသိရင် ကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာကို ၀ိုင်းဝန်းကြံဆပါ။ အပြစ်ထိုင်ဖို့နေရင်တော့ အပြစ်တွေပို့ ( မောက်တက် ) လာတာပဲရှိမယ်။
ကျွန်တော်တို့ နိုင်ငံဆင်းရဲနေတယ်။ လက်ခံလိုက်ပါ။ မိသားစုစားဝတ်နေရေးအတွက် ပိုက်ဆံရှာရမယ်။ လက်ခံလိုက်ပါ။ ပြည်တွင်းမှာ ရှာနေရင် တစ်ယောက်အတွက်တောင်အနိုင်နိုင် ။ လက်ခံလိုက်ပါ ။ ပြည်ပထွက်ပြီး ပိုက်ဆံရှာမယ် ။ ဒါပေမယ့် ငါပိုက်ဆံရှာနေတာ ငါ့မိသားစုအတွက် ၊ ငါ့နယ် ….. စသဖြင့်ပေါ့ဗျာ။
မြန်မာပြည်ကြီး နိမ့်ကျနေတာကို သိရင် မြှင့်တင်နိုင်အောင်ကြိုးစားပါ
မြန်မာ တွေ ပြည်တော်ပြန်မလာချင်တာကို သိရင် ပြန်လာချင်အောင်လုပ်ပါ
မြန်မာတွေမှ မြန်မာပြည် ကိုမချစ်ရင် . .
ခွေးဖြစ်တာမှကောင်းသေးတယ် . . .( ခွေးတွေမှာတော့ နိုင်ငံချစ်စိတ်မလိုဘူးလေ)
ဒီလောက်ဆိုရင် ကျွန်တော်သဘောပေါက်ပြီ ခုစာဖတ်တဲ့လူမေးချင်နေတာကို
ဟုတ်တယ်မို့လား … ။ ရိုးသားစွာပြန်ဖြေပေးလိုက်ပါသည်။
နေစိုးနိုင်တစ်ယောက် သူများမျက်ချေးလိုက်စုနေပါသည်။ တချိန်ဈေးကောင်းရလျှင် နိုင်ငံခြားသွားရောင်းဖို့ ရည်ရွယ်ထားပါသည်။
ကျွန်တော်တို့မြန်မာတွေ သူများမျက်ချေး မြင်တဲ့နေရာကမ္ဘာက အဖေခေါ်ယူရလောက်တယ်လို့ ကျွန်တော် အစမှရေးပြခဲ့တယ်နော်…
လေးစားစွာဖြင့်
နေစိုးနိုင်
11 comments:
အရမ်းကောင်းတဲ့ ပို့စ်ပဲ... ထိမိပါပေ့..
ဟုတ်တယ်..အရမ်းကောင်းတဲ့ ပို့ စ် ပါပဲ ညီ.. ကြုံတုန်း..ခု..မင်းစွန့် ခွါသွားခဲ့တဲ့  ဒူဘိုင်းမှာ .. မြန်မာတစ်ချို့  လုပ်နေကြတဲ့ ကောင်းမှုလေးတွေ ပြောပြချင်တယ်.. ဒူဘိုင်းလို နေရာမှာ မြန်မာဗုဒ္ဓဘာသာ တရားပွဲတွေ ဖြစ်မြောက်အောင် လုပ်နေကြတယ်.. အလုပ်ထဲမှာလည်း.. မြန်မာတွေရဲ့ impression ကောင်းအောင် ဆိုင်ရာဆိုင်ရာတွေမှာ ရိုးသားကြိုးစားပြီး ရာထူးအဆင့်ဆင့် တက်လှမ်းနေကြတယ်။ မြန်မာအချင်းချင်း အခန်းရှာရာ၊ အလုပ်ရှာရာ၊ ကျန်းမာရေးကိစ္စ လူမှုရေးကိစ္စ စတာတွေမှာ တတ်နိုင်သလောက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြတယ်၊ ကိုယ့် ချွေးနည်းစာလေးတွေထဲက လစဉ် စုဆောင်းပြီး မြန်မာပြည်က လိုအပ်နေတဲ့ နေရာလေးတွေကို နိုင်သလောက် လှူဒါန်းနေကြတယ်။ အခါအားလျော်စွာ တွေ့ ဆုံကြပြီး ဒူဘိုင်းက မြန်မာတွေ တိုးတက်ဖို့ ၊ မြန်မာပြည် တိုးတက်ဖို့  လောလောဆယ် ဘာတွေလုပ်ပေးနိုင်ကြမလဲ ဆွေးနွေးကြတယ်။ ပြီးတော့ တက်ညီလက်ညီ လုပ်ဆောင်ကြတယ်။ မြန်မာတွေရဲ့ moral ပိုင်း motivation ပိုင်းတွေကို မြှင့်တင်ဖို့  ဘလော့တွေရေးကြတယ်။ စာစောင်တွေ ထုတ်ကြတယ်။ တကယ်တော့ နိုင်ငံခြားထွက် လုပ်တာမလုပ်တာနဲ့  နိုင်ငံနဲ့  လူမျိုးကို ချစ်တာမချစ်တာ တစ်ခြားဆီပါပဲ။ ရောကိုမရောထွေးလိုက်သင့်တဲ့  ကိစ္စ တွေပါ။ ဆက်ပြောရရင်တော့ အများကြီးကို ဖြစ်ကုန်တော့မှာပါပဲ။ နိုင်ငံကို လူပီပီ တကယ်ချစ်ကြောင်းကို ဘယ်နေရာကိုပဲရောက်ရောက် အလုပ်နဲ့ ပဲ သက်သေပြကြတာပေါ့ ကွာ။
လွင်မင်းခန့် 
အစ်ကို လွင်မင်းခန့် ရဲ့
ကွန်းမန့်ကြောင့် အားရှိမိပါတယ်။
ဒူဘိုင်းအပါအ၀င် ကျန် တဲ့ အဝေးရောက်မြန်မာတွေမှာလဲ ဒီထက်မလျှော့တဲ့မျိုးချစ်စိတ် တွေရှိနေမယ်ဆိုတာယုံကြည်ပါတယ်
ကိုယ်တိုင်ဒီက အကျင့်ကောင်းတွေကို ဟိုမှာ တတ်နိုင်သလောက် ဖြန့်ဖြူးမယ် လုပ်ဆောင်မယ်။ တိုက်တွန်းမယ်
တို့လူမျိုးတွေရဲ့ အကျင့်ဆိုးတွေကို ပြင်သင့်နေပြီ။နောင်ကလေးတွေမှာလဲ အကျင့်ကောင်းလေးတွေရှိလာအောင် အသိတရားတွေရနေကြမယ့် တိုလူကြီးတွေရဲ့ လမ်းပြမှုပဲလိုတယ်။တိုတွေမိဘတွေ့ရဲ့ ခေတ်ဆိုးကြီးက ဘာလိုလိုနဲ့ ပြီးတော့မယ်။သူတိုခေတ်မှာ တို့အရွယ်တွေလို ဘာမှဟုတ်တိပတ်တိမလုပ်ကြတော့ တို့တတွေကျတော့ ကိုယ်ဘာသာကိုယ်မနဲကို ထောင်မတ်ရတယ်။ကောင်းတယ်ဗျို့။တဲ့တဲ့ကြီးကို ထိသွားတယ်။
ဒီအတိုင်း အေးအေးဆေးဆေး ဖတ်ပြီး ပြန်သွားပါတယ်။ ဘယ်သူ့ကိုမှ ဘာမှ မပြောချင်ဘူးဗျာ။
ကိုနေစိုးနိုင်..ပေါက်ကွဲသံစဉ်တွေက ကောင်းတယ်ဗျာ...ဒါပေမဲ့ ဒေါသမာန် ပါနေသလားလို့... ဖတ်ရင်း နဲ့ အားနဲ့ မာန်နဲ့ ပြောနေသလိုခံစားရတယ်။
ဂရုဏာဒေါသပဲဖြစ်မှာပါစေဗျာ။
အမြင်မှားနေကြတာလို့ပဲ ပြောပါရစေ။
ကိုနေစိုးနိုင်ရေ..လူတိုင်း အမိနိုင်ငံကို ချစ်ကြပါတယ်ဗျာ။။။ အနည်းနဲ့ အများပဲ ခြားနား မှာ ပါ။
အနည်းဆုံးကတော့ တခြားနိုင်ငံ မှာ ရောက်နေတဲ့လူတိုင်းဟာ တွေးခွင့်ရတဲ့အချိန်တိုင်း အမိနိုင်ငံ ကိုယ့်ဌာနေကို သတိ မရတဲ့လူ မရှိပါဘူးဗျာ။
ရွာ လို့ခေါ်တာတော့ မကြိုက်ဖူးဗျာ... ဘာလို့လဲဆိုတော့ နှိမ်တဲ့သဘော နဲ့ ပြောလို့ပါ။။။
ရိုးတဲ့သဘောနဲ့ ပြောတာဆို ရင် အနေသာကြီးပါ။
ကမ္ဘာကိုတောင် ရွာ လို့ခေါ်ကြသေးတာပဲဗျာ။
ကျွန်တော် တော့ ကို့နိုင်ငံကိုယ် ရွာလို့ မခေါ်ဖူးဘူးဗျ။
ရှက်သလို ခံစားရလို့။ ခေါ်ရဲ တဲ့ ကောင်တွေကို လည်း အံ့သြတယ်။
ဘာ ပဲပြောပြောဗျာ..အားလုံးဟာ နိုင်ငံကို ချစ်ကြပါတယ်။ မချစ်တတ် ကြတာဖြစ်မှာပါဗျာ။။
ွှအင်္ဂလိပ်စာ အားနည်းတာတော့ ဟုတ်တယ်ဗျ... အတော်များတယ်... အီး လို ဘွတ်ဘက်ရွှတ်ရှက် လို့တော့ မပြောတတ်ကြတာများတယ်။။..
အဲလို ပြောတတ်ရင် လည်း အဲလို မျိုး ဘ၀င် ကိုင် မှာ မဟုတ်ဘူးဗျ။
နားလည်နိုင်ပါစေ...
ဘာမှ မပြောတတ်တော့ပါဘူး။
သိပ်မှန်ပါတယ်။
အခြေအနေအကြောင်းကြောင်းကြောင့် ရုန်းကန်နေရသူတွေ ကြီးပါ။
လေလုံးထွားသူတွေကို သနားမိပါတယ်။ ကိုလွင်မင်းခန့်ပြောသလိုပဲ မြန်မာတွေရဲ့ စည်းလုံးမှု၊ ကြိုးပမ်းမှုတွေ နိုင်ငံတကာမှာ မထင်ပေါ်နိုင်သေးပေမယ့် ခြေလှမ်းလေးတွေ စလှမ်းနေကြပါပြီ ဆိုတာပါပဲ။ ဘယ်နေရာရောက်ရောက် မြန်မာဆိုရင် ချစ်ပြီးသားပဲ။ တစ်ချို့ တော့ မပါဘူး။ ဘယ်သူတွေလဲ မေးနဲ့နော်။
သိပ်ကောင်းတဲ့ ပိုစ့်ပါအကိုရေ...
Leo ပြောသလိုပါပဲ
ဒေါသတွေပါနေတယ်ဆိုရင်တောင်းပန်ပါတယ်
ကျွန်တော်ဆိုလိုချင်တာက အချင်းချင်း အတွင်းအပြင် စည်းလုံးမယ်စိတ်မကူးဘဲ အတွင်းက လူက အပြင်ကို အင်ြကလူကလည်း အတွင်းကို လှမ်းခွပ်နေတာကိုဆိုလိုတာပါ ရွာခေါ်တဲ့ကိစ္စကတော့ ကျွန်တော်တို့ တွေ ပြောဆိုနေကြတဲ့ ရွာဆိုတာ ကမ္ဘာရွာဆိုတဲ့ အဓိပ္ပါယ်နဲ့ပြောနေတာ မဟုတ်ဘူးဆိုတာကိုတော့သေချာပါတယ်
အရင်ကသမိုင်းမှာ မြန်မာတွေ စိတ်ဓာတ်မြင့်အောင် သခင်လို့ ခေါ်ရမယ်ဆိုတာကို ကန့်ကွက် တယ်ပေါ့ဗျာ နာမည်ကအရေးမကြီးပါဘူးပေါ့ .. အဲဒီမှာ ပြန်မေးပါတယ် .. ဒါဆိုရင် ခင်ဗျားကို ခွေါ်... လို့ခေါ်ရင်ကြိုက်လား ဆိုပြီးတော့လေ ။ ဒါလေးတွေကို ပ်ြသတိရစေချင်တယ်ဗျာ
ကမ္ဘာကိုရွာခေါ်တာနဲ့ မြန်မာပြည်ကိုရွာခေါ်တာဟာ အဓိပ့ချင်းတူနိုင်မတူနိုင်ကတော့ စဉ်းစားကြပေါ့့ဗျာ ..
Good day !.
might , probably curious to know how one can collect a huge starting capital .
There is no need to invest much at first. You may begin earning with as small sum of money as 20-100 dollars.
AimTrust is what you haven`t ever dreamt of such a chance to become rich
AimTrust incorporates an offshore structure with advanced asset management technologies in production and delivery of pipes for oil and gas.
Its head office is in Panama with offices everywhere: In USA, Canada, Cyprus.
Do you want to become an affluent person?
That`s your chance That`s what you really need!
I feel good, I started to take up real money with the help of this company,
and I invite you to do the same. If it gets down to select a correct partner utilizes your funds in a right way - that`s it!.
I take now up to 2G every day, and my first investment was 500 dollars only!
It`s easy to start , just click this link http://ravehimo.ibnsites.com/nigufaty.html
and go! Let`s take our chance together to feel the smell of real money
Good day, sun shines!
There have been times of hardship when I didn't know about opportunities of getting high yields on investments. I was a dump and downright stupid person.
I have never imagined that there weren't any need in big initial investment.
Now, I'm happy and lucky , I begin to get real money.
It gets down to select a correct partner who uses your funds in a right way - that is incorporate it in real business, and shares the income with me.
You can get interested, if there are such firms? I'm obliged to tell the truth, YES, there are. Please get to know about one of them:
http://theinvestblog.com [url=http://theinvestblog.com]Online Investment Blog[/url]
Post a Comment