လက်ခြေကတုန်၊ မျက်မှုန်သီဝေ
ဆံဖြူသွားကြွေ၊ ပါးရေလည်းတွန့်၊
နှုတ်လည်းဆွံ့ဆွံ့၊ ဇရာလှိုင်းလွန့်တော့…
နံရိုးကပြိုင်း၊ ခါးကကိုင်း၊ နားကထိုင်းနဲ့…..
အိုချင်တိုင်းအိုနေတဲ့…………အမေ။
ဒါပေမယ့် အမေရယ်…….
အမေရဲ့ အကြင်နာမျက်လုံးတွေဟာ သောက်ရှူးကြယ်တောင်ရှုံးပါတယ်
အမေရဲ့ မုဒိတာအပြုံးတစ်ချက်အဝင့်မှာ လောကတံခါးတွေ အကုန်ပွင့်ပါတယ်
အမေရဲ့ ပြုံးရောင်သန်းတဲ့နှုတ်ခမ်းပေါ်မှာ အလှဆုံးနှင်းဆီပန်းတွေ လန်းနေပါတယ်
အမေရဲ့ သစ္စာစကားသံဟာ သားသမီးတွေအတွက်တော့ နပိုလီယန်ရဲ့ အဘိဓါန်ပါပဲ
အမေရဲ့ ကရုဏာနှလုံးသားကြောင့် တလောကလုံးက အမုန်းတရားတွေ သေဆုံးကုန်ပါတယ်
အမေရဲ့ ကိုယ်ကျင့်သိက္ခာဟာ သားသမီးတွေအတွက် လောကအဘိဓမ္မာရဲ့သင်ခန်းစာသစ်ပါအမေ…။
လောကရဲ့အကျည်းတန်ခြင်းတွေကို စွမ်းနိုင်သလောက်အားအင်နဲ့ အမေပယ်ဖျောက်လို့…
သားသမီးတွေအတွက် သာယာပြီးအားမာန်ပြည့်တဲ့လောကကို အမေတည်ဆောက်ပေးနိုင်ခဲ့ပါတယ်…
တောက်ပတဲ့အမေ့မေတ္တာရောင်လျှံဟာ တဖန်သူငါကူးသော်လဲ့ မြဲထိန်သာလျက်ပါပဲ…….
သားသမီးတွေရဲ့ မီးရှူးတန်ဆောင်အမေ…သက်တော်ရာကျော်ရှည်ပါစေ။ ။
လောကရှိအမေများအားလုံးကို ဒီကဗျာလေးနဲ့ မွေးနေ့အမှတ်တရ ကန်တော့ပါရစေ…အမေ
နှင်း
3 comments:
အမေ .. အမေ
အမေ အသက်ရာကျော်ရှည်ပါစေ
အမေကျန်းမာပါစေ
ဘယ်ကမ္ဘာဘယ်လိုပြောင်းပေမယ့်
အမေ ဆိုတဲ့ မီးရှူးတဆောင် ကလေး
ထွန်းလင်းမြဲ .. တောက်ပမြဲ ...
တောက်ပဆဲ ... ထွန်းလင်းဆဲ .. .သာဖြစ်ပါစေသတည်း
အမေ .. အသက်ရာကျော်ရှည်ပါစေ...
အမေ့သားသမီးများ ကြီးပွားတိုးတက်ပါစေ
မွေးနေ့မှာပျော်ရွှင်ပါစေဗျာ
မွေးနေ့မှာ ပျော်ရွှင်ပါစေ နှင်းရေ
အမေများအားလုံး ချမ်းမြေ့ပါစေ။
Post a Comment