Flower Poem တဂ်ထားတာလေးကို စိတ်ကူးရသလိုချရေးကြည့်လိုက်ပါတယ် ။ ခေါင်းစဉ်ကတော့ ခုတလောအဖြစ်အပျက်တွေ ဖြစ်ပါတယ်။ လွတ်လပ်စွာကွဲလွဲကြပါကုန်
လတ်တလောအတွေး
လိုအပ်ချက်တွေစုနေတာ ကို မပြည့်စုံခြင်း လို့ခေါ်မယ်ဆိုရင် ..
မပြည့်စုံခြင်းတွေစုနေတာ ကို ဘ၀ လို့ခေါ်မယ်ထင်တယ်
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ဘာဆိုဘာမှကိုမဟုတ်သေးဘူး .. လိုတာမှ .. အကုန် .. အကုန်
လက်ရှိကျန်းမာရေးအခြေအနေ
ကောင်းခြင်းနှင့်ဆိုးခြင်းကြားထဲမှာ လွတ်နေတယ်
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကိုယ်ပိုင်လုပ်ငန်းနှင့်ကြီးပွားမည့်ပုဂ္ဂိုလ် (ဖေမြင့်)
ဦးပုည တေးထပ်များ
လက်ရှိ(ပုံမှန်)ရောက်နေဖြစ်တဲ့နေရာက
အိမ်သာ နှင့် အိပ်ယာ
ကျန်တဲ့ ဟာတွေက ဒါလောက်ပုံမှန်မရောက်ဖြစ်ဘူးလေ
ဘာတွေရေးနေလဲ ဆိုတော့
ဒီတဂ်ပိုစ့် တခု ၊ နဲ့ စာရွက်စာတမ်းအချို့ ( အိမ်ဂရန်ပေါင်မလို့)
ဖတ်ဖြစ်တဲ့ကဗျာများမှ အနှစ်သက်ဆုံး တစ်ခု
ကလိမ်တွင် လိမ်တင်ရ ၊ လိမ်ပင်က ဘုရင် ၊ လိမ်ချင်လှသခင်ရယ် ၊ အလိမ်တွင်ခေါင်ဆုံး။ လိမ်ရှုပ်လို့ လိမ်ရုပ်ဖော်သည် ၊ လိမ်နုတ်တော်စွဲသည့်နှလုံး ၊ လိမ်ဟန်နှင့် လိမ်ဉာဏ်ဆင် ၊ လိမ်စံသွင်တနှုန်း ။ လိမ်ပြန်လျှင်တဖုံးက ၊ လိမ်အသုံးခက်အောင်။ လိမ်သလေ လိမ်နေကျ ၊ လိမ်မေက ၀မ်းနံပါတ်ဆောင် ၊ လိမ်လွန်းလှ လိမ်ကွန်းဆောင်မှာ ၊ လိမ်မွှန်းရောင်ချိန်သစ်လို့ ၊ ကလိမ်ပြစ် အမျိုးဝင် ၊ တိုးလို့လိမ်ချင်၊ ကြိုးရစ်လိမ် ဆံတိုးခင်ရယ် ၊ တစ်မျိုးပင်လိမ်အုန်းကွဲ့လေး ။ ။
ဆိုတဲ့ဦးပုည ရဲ့ အလိမ်ဖွဲ့ ကလေးပါ လိမ်လိုက်တာမှ ပက်ပက်စက်စက် ကိုလိမ်တယ် ။ လိမ်ချင်စိတ်ပေါက်သွားပြီလား ။
နားထောင်ဖြစ်နေတာက
ငါလည်း ပုရွက်ဆိတ်ပါ.. တော်သလိုသာ နေကြပါ .. ငါ့ကို လာမနှောက်ယှက်ကြပါနဲ့….
ဖြစ်ချင်နေတာက
ဘ၀ ကို ဘ ၀ လို့ မရေးရ ၊ ၀ ဘ လို့ ရေးမှမှန်တယ် ဆိုတဲ့ အဆိုကို သက်သေပြပြီး ဘ၀ ကို ပြောင်းပြန်လှန် နိုင်တဲ့လူဖြစ်ချင်တယ် ( ဟဲ .. ဟဲ .. ဒါအသစ် .. အသစ် .. ဘယ်မှာမှမရနိုင်ဘူး ပေးဆပ်သူက ပဲ ရမယ် )
ခဏခဏစားဖြစ်နေတာက
လုပ်ဖော်ကိုင်ဖက်တွေရဲ့ဦးနှောက် ( သူတို့ပြောလို့သိတာပါ ဒီကောင်သိပ်ဦးနှောက်စားတဲ့ကောင်တဲ့ )
သနားနေမိတာက
ဒါနင်တို့အဖေလို့ အသေအချာ ပြောမပြနိုင်ရှာမယ့် လမ်းဘေးက ကိုယ်ဝန်ဆောင် ခွေးမကြီး နှင့် အဖေ့မသိမယ့် ဗိုက်ထဲမှခွေးကလေးများ
ဘာကိုလွမ်းနေမိတာလဲဆိုတော့
ဖိုးစွံ ၊ စန္ဒာမေ နှင့် မန္တလေး က နေ့ညများ
ခါးသက်နေမိတာက
နားကိုလက်နဲ့ကလော်ပြီးမှ သွားချီး ချူတဲ့အခါ ဒီဖီလင်မျိုး ဖြစ်တယ် ( မကြာခဏ) မယုံစမ်းကြည့်လို့ရပါတယ်
မုန်းနေမိတာကတော့
မုန်းတယ်ပြောလို့ ထောင်ထဲပို့မယ့်သူမှန်သမျှကို မုန်းပါတယ်
အမြဲတမ်းတမ်းတနေမိတာက
အိပ်နေတုန်း ခိုးနမ်းလို့ အဖေ့နုတ်ခမ်းမွေးစူးတဲ့အရသာ. .
ငါ့သားက မိဘစိတ်ချမ်းသာအောင်ထားတယ် ဆိုတဲ့စကား
ချီးကျူးနေမိတာက
၂ နှစ်သမီးမပြည့်ခင်မှာ တူ နဲ့ ခေါက်ဆွဲစားတတ်တဲ့ တူမ အငယ်လေး
အထင်သေးမိတာကတော့
ကိုယ့်အမှား ကို သူများ အပေါ်ပုံချတတ်တဲ့သူ
အနိုင်ကျင့်တတ်တဲ့ ( ဗိုလ်ကျချင်စိတ်ရှိတဲ့သူများဟုသာ ရိုးသားစွာ မှတ်ကြပါကုန် )
ဆန္ဒမရှိတဲ့နေရာ
ဘုရား ၊ တရား ၊ သံဃာ ၏ အရိပ်မှ ကင်းဝေးရာနေရာ
လောလောဆယ်ဆန္ဒရှိနေတာက
လူတွေကို လူစိတ်မြန်မြန်ရှိစေချင်တယ်
ချစ်နေတာက
ကျွန်တော့် ရဲ့ ကိုယ်ပိုင်အတ္တကိုပါ
စိတ်ပျက်နေမိတာက
မီးပျက်တာ စိတ်ပျက်တာလောက် မဆိုးပါဘူး ဆိုတဲ့ အဆိုကို ထောက်ခံသူများသည် လျှပ်စစ်မီး မပျက်ဘူးသော တိုင်းပြည် (သို့) လျှပ်စစ်မီးကို မသိသော တိုင်းပြည်မှ လူသားများသာဖြစ်ပါလိမ့်မည်
တကယ်တမ်း စိတ်ပျက်စရာအကောင်းဆုံးမှာ လျှပ်စစ်မီး ပျက်ခြင်း ၊ ကော်နက်ရှင်ကျခြင်းနှင့် ၊ ၀ဘ်ဆိုက် အပိတ်ခံရခြင်းတို့ဖြစ်ကြောင်း ခံစားဖူးသူတိုင်း က သက်သေခံကြပါလိမ့်မည်
စွဲလမ်းနေမိတာက
မော်တော်ပီကယ် လိုက်တာကို လွတ်အောင်ပြေးနိုင်တဲ့ အရသာ
လိုအပ်နေတာက
နားလည်မှု
တောင်းနေတဲ့ဆု
အလှည့် ဆိုတာ ရောက်ပါစေ
ထပ်ပြန်တလဲလဲအောဟစ်နေမိတာ
ဟဲ လို .. ဟလို . . ကြား လား .. ကြား ရလားခင်ဗျာ
ဝန်ခံချင်တာက
ကျွန်တော်သည် မြန်မာပြည်နှင့် မြန်မာလူမျိုးကို ချစ်သော သာမန် ပြည်သူ ပြည်သား တစ်ယောက်သာ
4 comments:
ကိုနေစိုးနိုင် ရေးပေးတာကျေးဇူးတင်ပါတယ်. အလိမ်ကဗျာကိုကြိုက်တယ်. . ခဏ၂ ခါးသက်အောင် မလုပ်ပါနဲ့ :P
ဘနဲ့ဝ ဆိုတဲ့ ဘ၀ကြီးမှာဘုရား၊တရား၊သံဃာ အရိပ်အောက်မှာ အေးချမ်းစွာ နေပြီး မိဘကို အမြဲ လုပ်ကျွေးနိုင်ပါစေဗျာ . .
မီးပျက်တာ ၊ နက်ကျတာ၊ ပိတ်တာတွေက တော့ ရှူး :P ထုံးစံဖြစ်နေလို့ပါ :))
ကိုနိုင်ကြီးရဲ့ ခုတလော လာဖတ်ပြီး မူးနောက်သွားတယ်။
မပြည့်စုံခြင်းကို စုပြီး ပြည့်စုံခြင်းသို့ အမြန်ကူးပြောင်းနိုင်ပါစေခင်ည။။။
ဖတ်ဖြစ်တဲ့ ကဗျာလေးကြောင့် လိမ်ချင်လာတယ်။
နားရွက်ကို ဟဲဟဲ။။။
အနိုင်ကျင့်တတ်တာ ဘယ်သူလဲ မသိဘူးနော်။
ဟဟားးးးးစွဲလန်းနေမိတာလေးက သမီးလဲ လုပ်ဖူးတယ်။ ဟိဟိ အရသာ သိပ်ရှိတာနော်။
ဝန်ခံတာလေးကို သဘောကျတယ်။
ဘာပဲဖြစ်ဖြစ် ဘ၀ကို ၀ဘလို့ အမြန်ပြောင်းနိုင်ပါစေဗျာ။။။။
သူငယ်ချင်းတို့ရေ
အခုလာမည့် တနင်္ဂနွေ ၂၃.၀၈.၂၀၀၉ မှာ ကျွန်တော်ရဲ့ မွေးနေ့ပွဲကလေးကို ညီအကိုမောင်နှမများအစုံအလင်နှင့် ပျော်ရွှင်စွာ ဆင်နွဲလိုပါသဖြင့် ဒယ်ရားရှိ ဟော့ပေါဒ်ဆိုင်ကလေးတွင်ကျင်းပပြီး တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
ချမ်းလင်းနေ
၀၅၀ ၂၈၇၉၃၃၆
နေရာ-Hot Pot NearRolex TowerDeria
အချိန်- ညနေ ၆း၀၀မှညနေ၁၁း၀၀
ရက်- တနင်္ဂနွေ (၂၃.၀၈.၂၀၀၉)
ပွဲကြီးတစ်ပွဲလွတ်သွားပြီပေါ့ကွာ
ငါမရှိနေတာနာတယ် ဟင်း ဟင်း
Post a Comment