(၁)
အခက်အခဲတွေရင်ဆိုင်
ရှုံးပွဲတွေဆက်တိုက်
အောင်မြင်မှုလမ်းမမြင်
ကမ်းမမြင် တဲ့ ဘ၀မှာ
အခါခါမော့ကြည့်
ကောင်းကင်တစ်ခုသို့ 
တမ်းတမိတယ်
အမေသာရှိခဲ့မယ် ဆိုရင်လေ...
ပေးတုန်းက ဂရုမစိုက်
ဝေးလိုက်တော့ မှ သိလာခဲ့
နွေးထွေးတဲ့ မေတ္တာ
အေးမြချမ်းသာတဲ့ အရိပ်
ခိုလုံရာ ဆိတ်သုဉ်းခဲ့ပြီ
ဩော်.......ဒီကမ္ဘာမှာ......
အမေမှ မရှိတော့တာ...
(၂)
သောက ဝေဖြာ
အပူပင်လယ်မှာကူးဖြတ်
လှော်ခတ် လှုပ်ရှားရုန်းကန်ရင်း
ဘ၀အမောတွေ
ချွေးသိပ်နိုင်ပြီလား အမေ...
ဘ၀တွေ အလီလီ ပြောင်း လည်း
ဆပ်မကုန်ကောင်းနိုင်တဲ့အရာ
အမေ့စေတနာ
အမေ့ မေတ္တာမဟာ...
ပေးဆပ်ဖို့သာ
စိတ်ထက်သန်စွာနဲ့ 
ရယူခြင်းလည်း အလျဉ်းမရှိခဲ့...
ဒီမေတ္တာ ကျေးဇူးတွေ
ဘယ်လိုဆပ်လို့  ကုန်နိုင်မှာလဲအမေ......
နွေဦး
2 comments:
ဆပ်လို့မကုန်နိုင်တဲ့ အမေ့မေတ္တာတွေ.....ဆပ်ခွင့်ရရှိနေသေးတဲ့ တို့လိုလူတွေအတွက် အဖိုးတန်တဲ့ သတိပေးကဗျာလေးတစ်ပုဒ်ပါ နွေဦးရေ....
ကျေးဇူးလည်းတင်မိပါတယ်။
သားသမီးများ မိဘကျေးဇူးဆပ်ချင်သော၊ ဆပ်နိုင်သောသူများ ဖြစ်ကြပါစေလို့ ဆုမွန်ခြွေရင်း
အမေများအားလုံးချမ်းမြေ့ပါစေလို့ ။
အမေသို့တမ်းချင်းများကို လာဖတ်သွားပါတယ် ရှင်
Post a Comment