Sunday, June 14, 2009

DMA တွင် ပူးပေါင်းပါဝင် ကူညီပေးကြပါ

သမုဒ္ဒရာ ဝမ်းတစ်ထွာလို့ ဆိုထားခဲ့ကြတယ် ။ ဟုတ်ကဲ့ …ဝမ်းတစ်ထွာအတွက်လာရောက် လုပ်ကိုင်ကြသူတွေလည်း ရှိကြတယ် ။ တစ်ထွာ ၊နှစ်ထွာ ၊သုံးထွာ မက တာဝန်ကြီးများ နှင့် လာရောက်လုပ်ကိုင်ကြသူတွေလည်း ရှိကြပါတယ် ။ ဘဝဆိုတာ ရုန်းကန်ခြင်းလို့ ဆိုထားခဲ့ တဲ့အတိုင်း တစ်မြေရပ်ခြားလာရောက် လုပ်ကိုင်ကြရပေမယ့် လူချင်းတူတူ သူချင်းမျှမျှ အဆင်ပြေ စွာ လုပ်ကိုင်နေထိုင်စားသောက် လိုကြတာ လူ့သဘာဝပေပဲ မဟုတ်လားဗျာ ။ နွေးထွေးတဲ့ ဝန်းကျင်လေးနဲ့ လုပ်ကိုင်လိုကြတာလည်း စေတနာအပါအဝင် UAE ရောက် ရွှေညီအ ကိုမောင်နှမ အားလုံးရဲ့ တူညီတဲ့ ဆန္ဒလေးများပဲ ဖြစ်ပါတယ် ။

D.M.A ဆိုတာ ဘာပါလဲ…?

နွေးထွေးတဲ့ ဝန်းကျင်ကလေးတည်ဆောက် ၊တတ်နိုင်သလောက် ရွှေညီအကိုမောင်နှမအား လုံးတို့ရဲ့ အခက်အခဲကိုဖြေရှင်း ၊ ပုပုကွကွ၊ နုနုရွရွမရွေး ဒူဘိုင်းမှာ အလုပ်လုပ်နေသမျှ သင့်တင့် တဲ့ ပျော်ရွှင်ကျေနပ်ခြင်းများ ဖန်တီးမယ်ဆိုတဲ့ အကိုအမများရဲ့ ရင်တွင်းမှ ကြင်နာခြင်းများ ၊ တာဝန်သိတတ်ခြင်းများဖြင့် စတင်ပေါက်ဖွားလာသော ဒူဘိုင်းရောက် မြန်မာအသင်း ပါပဲ ။

D.M.A ဘယ်လဲ… ?

ဒူဘိုင်းရောက် မြန်မာအသင်းရဲ့ ရည်ရွယ်ချက်များကို စေတနာလေ့လာမိသလောက်ကတော့ အောက်ပါခေါင်းစဉ်လေးတွေကို တွေ့မြင်ရပါတယ် ။
၁။ နေရေးထိုင်ရေး အဆင်ပြေစေရေး
၂။ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးခြင်း
၃။ ဘာသာရေးပွဲများ နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း


၁။ နေရေးထိုင်ရေး အဆင်ပြေစေရေး

ဒီခေါင်းစဉ်နဲ့ ပါတ်သက်လို့ အကိုမိုးဇော်လွင်က ပြည့်ပြည့်စုံစုံ ရှင်းပြထားပြီးဖြစ်လို့ သူ့ရဲ့အာ ဘော်လေးကိုပဲ ပြန်ကော်ပီ လိုက်ပါတယ်ဗျာ ။

အခု ဒူဘိုင်းမှာ မြန်မာအလုပ်သမားအများစု ခံစားနေကြရတာက နေရေးထိုင်ရေး ဆင်းရဲပါ။ ရတဲ့လခလေးနဲ့  အဆင်ပြေအောင် ကြံဖန်စီစဉ်ရတာဆိုတော့ ရွေးချယ်စရာလည်း သိပ်မရှိကြပါဘူး။ အများနဲ့  စုပြီးနေစရာ အခန်းတစ်ခုကို ဝေငှ သုံးစွဲနေကြရတာဟာ ဒီမှာတော့ ယေဘူယျ ကျနေပါပြီ။ ဒီအခါမျိုးမှာ ဂျီးများနေလို့ မရပဲ မိန်းခလေး တွေနဲ့  ယောကျားလေးတွေ ရောနှောနေရတာတွေလည်း ရှိလာပါတယ်။ မြန်မာမဟုတ်တဲ့  တစ်ခြားလူမျိုးတွေလည်း စုနေကြတဲ့အထဲမှာ ပါလာတာပါပဲ။ ပိုဆိုးတာက အဲဒီထဲမှာ လင်မယား မကျတစ်ကျ အတွဲတွေပါ ပါလာတတ် တာပါ။ အဲဒီအခါ မြန်မာမိန်းခလေးတွေအနေနဲ့  နဂိုလ်ကမှ အနေအထိုင်ကြုံ့ ကြရတဲ့အထဲ စိတ်ဆင်းရဲဒုက္ခပါ ထပ်ရောက်ကြရရှာပါတယ်။ မြန်မာ မိန်းခလေးတွေချည်း ဒါမှမဟုတ် မြန်မာတွေချည်းထားတဲ့ နေရာမျိုး ရှာနေကြဖို့ ဆိုတာကလည်း ခုချိန်ထိ စိတ်ကူးယဉ် ဆန်နေဆဲ ပါပဲ။ အဲဒီလို အခန်းကြော်ညာတွေထဲမှာ Indian Only တို့  Philipna Only တို့ သာတွေ့  ရများပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာ Except Myanmar ဆိုတာမျိုးတွေပါ ဒေါသဖြစ်စရာ တွေ့  ရတတ် ပါတယ်။ ဒီတော့ ဒီကိစ္စဟာ DMA မှာ လူမှုရေး ဆိုင်ရာ ကူညီရေး အဖွဲ့  ပေါ်ပေါက်လာခဲ့ရင် ပထမဆုံး ကိုင်တွယ်ဖြေရှင်းသင့်တဲ့ ကိစ္စလို့  ကျွန်တော်တို့  ထင်ပါတယ်။

ဟုတ်ပြီ ဘယ်လို ဖြေရှင်းကြမလဲ။ လောလောဆယ် ကျွန်တော်တို့  ဥာဏ်မီသလောက် စဉ်းစားမိတာကတော့ ဒီလိုပါ။ အသင်းရန်ပုံငွေနဲ့  ဒီလိုစုနေလို့ ရတဲ့  အခန်းတွေ ငှါးမယ်ဗျာ။ အခန်းလိုအပ်နေတဲ့ မြန်မာမိန်းခလေး တွေ အတွက် မိန်းခလေးသီးသန့်  အခန်းတွေ စီစဉ်ပေးမယ်။ လစဉ် ကျသလောက် အချိုးကျ အရင်း အတိုင်းလခကို အဲဒီအခန်းနေ ကိုယ်စားလှယ် မိန်းခလေးတစ်ယောက်က တာဝန်ယူ ကောက်ခံပေးပြီး အဖွဲ့ ကို ပြန်အပ်မယ်။ အခန်းနေ မိန်းခလေးတွေရဲ့  စည်းကမ်းပိုင်းနဲ့  အခန်းပိုင်ရှင်နဲ့  deal လုပ်ရတဲ့ အပိုင်းတွေကို အသင်းက တာဝန်ယူ ကြီးကြပ်ပေးမယ်။ ဒါပါပဲ။

ဒါဆို အရင်က ကျွန်တော်တို့ ကို အရှက်ရစေခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ သတင်းမျိုးတွေ လျော့နဲ ပပျောက် လာမယ်ဗျာ။ ကျွန်တော်တို့ ကိုဒေါသဖြစ်စေခဲ့တဲ့ အခန်းကြော်ညာကပ်ရာ နေရာ တွေ မှာ Myanmar Ladies Only ဆိုတဲ့ ကြော်ညာလှလှလေးတွေ စိတ်ချမ်းသာ စရာ တွေ့ လာရ မယ် ဗျာ။ တကယ်တော့ ဒီကိစ္စဟာ DMA ပေါ်ပေါက်လာတဲ့အထိတောင် စောင့်ဆိုင်းမနေပဲ စိတ် စေတနာ နဲ့  ခံယူချက်တူညီရာ မြန်မာတွေစုပေါင်းပြီး အစောတလျင် လုပ်ဆောင်သင့်တဲ့ လုပ်လည်း လုပ်ဆောင်နိုင်တဲ့ ကိစ္စတစ်ခုလို့  ကျွန်တော်တို့  ယူဆမိပါတယ်။ အားလုံးက အပြုသဘောနဲ့  ပေးလာမယ့် အကြံဥာဏ်တွေကို ကြိုဆို စောင်းဆိုင်းလျက်ပါ။

ကိုယ့်နံဘေးက လုပ်သင့်တဲ့အရာတွေကို မသိချင်ယောင် မမြင်ချင်ယောင် ဆောင်နေရတာ ပင်ပန်း လှပါတယ်ဗျာ။ တစ်ယောက်ချင်းလည်း လုပ်နိုင်မယ့် ကိစ္စ မဟုတ်လေတော့ ကျွန်တော်တို့  လက်တွဲကြပါစို့ ။

လေးစားစွာဖြင့်
မိုးဇော်လွင်

၂။ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးခြင်း

ပြီးခဲ့တဲ့ တရားပွဲမှာ အကိုဇော်ကြီးက ရှင်းပြခဲ့ပြီးဖြစ်ပါတယ် ။ မသိသေးတဲ့သူများကို ကိုဇော် ကြီးရဲ့ အတွေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အလုပ်အကိုင်ကောင်း တစ်ခု ရဖို့ ဆိုတာက ဘာသာစကားကျွမ်းကျင်မှု ( အထူးသဖြင့် )
အင်္ဂလိပ်စာ ကျွမ်းကျင်မှု ၊ အလုပ်နဲ့ ပက်သက်တဲ့ ကျွမ်းကျင်မှုအပြင် information ဆိုတဲ့ သတင်းအချက်ကလည်း အင်မတန်မှ အရေးကြီးလှပါ တယ် ။ တစ်မြေရပ်ခြား ဆိုတော့ ပိုလို့ခက်ခဲတဲ့ လိုအပ်ချက်ဆိုပါတော့ဗျာ ။ မိမိတို့လုပ်ကိုင်ရာ ကုမ္ပဏီ ၊ စက်ရုံစသည်များမှာ
အလုပ်သမားလိုအပ်ချက်(vacancies) များဖြစ်ပေါ်ခဲ့ပါလျှင် အသင်းကြီးကို အကြောင်းကြား ပေးခြင်းဖြင့် အသင်းကြီးမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ကြောင်း မှတ် သားခဲ့ရပါတယ် ။

၃။ ဘာသာရေးပွဲများ နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း

မွတ်ဆလင် ၊ခရစ်ယာန် ၊ ဟိန္ဒူစတဲ့ ဘာသာဝင်ရွှေမြန်မာတို့ အတွက် ဘာသာရေးပွဲများ ဆင် နွှဲဖို့ ဆိုတာ ဒီနိုင်ငံမှာ အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ် ။ ဒါတောင်မှ အဲလိုဘာသာဝင် ရွှေ မြန်မာတွေဟာ တစ်ကွဲတစ်ပြားနဲ့မို့ အသည်းယားစရာ ကောင်းနေကြမှာပါ ။ ဗုဒ္ဓဘာသာဝင် ရွှေမြန်မာတို့အတွက်ကတော့ အင်မတန်မှ ဖြစ်နိုင်ခဲတဲ့ အခက်အခဲတစ်ခုပေါ့ ။ဟော..ခုတော့ ဒီအခက်အခဲမျိုးကို စုပေါင်းဖြေရှင်းနိုင်ကြောင်း ကျွန်တော်တို့ ရဲ့ အစ်ကိုအစ်မများက မီးမောင်း ထိုးပြခဲ့တာ ခုဆို သုံးကြိမ်တိုင်တိုင် ရှိခဲ့ပြီပေါ့ဗျာ ။

နောက်…လူမျိုးဘာသာမရွေး ရွှေမြန်မာမှန်သမျှ ပျော်ရွှင်စွာ ဆင်နွှဲနိုင်တဲ့ ဆယ့်နှစ်လရာသီပွဲ များကို အောင်မြင်စွာကျင်းပကြခြင်းဖြင့် ပျော်ရွှင်ခြင်း ၊ နွေးထွေးခြင်း ၊ ဂုဏ်ယူအားတက်ခြင်း စတဲ့ အသီးအပွင့်များကို အတူတကွ စားသုံးလိုကြပါတယ်တဲ့ ခင်ဗျာ ။

D.M.A နဲ့ ဘယ်လိုပူးပေါင်း ပါဝင်ရမှာပါလဲ…?

အဖွဲ့အစည်း၊အသင်း တစ်ခုခုနဲ့ ပူးပေါင်းဖို့ တိုက်တွန်းတိုင်း ပူးပေါင်းသင့်/မသင့် ဆိုတာကို စဉ်စားတတ်ကြတာ လူတိုင်းကိုယ်စီရယ်ပါ ။ ပူးပေါင်းသင့်တယ်ဆိုတဲ့ဖက်မှာ ပျော်ရွှင်ကျေနပ် ခြင်း ၊ အသင်းအဖွဲ့စိတ် ၊ မျိုးချစ်စိတ် စသည်များက အားပေးထောက်ကန်ထားသလို ပူးပေါင်း ရန်မသင့် ဆိုတဲ့ဖက်မှာ မိမိလက်ရှိအခြေအနေတွေအပေါ် သုံးသပ်မှုတွေ ၊ စိုးရိမ်ကြောင့်ကြမှု တွေ ရှိတတ်သေးကြောင်း သတိပြုမိခဲ့ပါတယ် ။တကယ်တော့…D.M.A ဆိုတာ မိမိတို့အလုပ် မိမိတို့လုပ်နေရင်းနဲ့ ဘေးကင်း ရန်ကင်း ၊ပျော်ရွှင်ခြင်းခရီးကိုလျှောက်လှမ်းနိုင်တဲ့ ဆေးမဆိုး အရောင်မခြယ်တဲ့ အဖြူရောင် အသင်း သက်သက်သာဖြစ်ပါတယ် ။

၁။ နေရေးထိုင်ရေး အဆင်ပြေစေရေး

ကဲ…ဒီခေါင်းစဉ်ကို ဘယ်လို ပူးပေါင်းနိုင်မလဲ…?
နေရေးထိုင်ရေးအတွက် အခန်းရှာဖွေနေသူတွေက မိမိတို့ဖာသာ မိမိတို့ အခန်းရှာဖွေနေ သ လို အခန်းလိုအပ်ကြောင်း အသင်းကြီးကို အသိပေးရုံပါ ။ မိမိနေထိုင်ရာ အခန်းမှာ လူလွတ်နေ ခဲ့လျှင်လည်း အသင်းကြီးကို အကြောင်းကြားခြင်းဖြင့် ရွှေမြန်မာအချင်းချင်း နေထိုင်နိုင်ဖို့ပါ ။ အဲ..ဒီလို အခန်းလိုသူတွေ ၊ လူလွတ်နေသူတွေက D.M.A အကြောင်း မသိသေးဘူးဆိုရင် နှုတ်၏ ဆောင်မခြင်းဖြင့် သိအောင်ပြောပြပေးရုံလေးပါ ။ မိမိတို့ကိုယ်တိုင်က နိုင်ငံခြားလူမျိုး နဲ့ အတူတကွနေလိုကြရင်လည်း အသင်းကြီးက အပြစ်မြင်မှာ မဟုတ်လေပါဘူး ။ ဒါ..မိမိ လွတ်လပ်ခွင့်ပါ ။ မြန်မာအချင်းချင်း အတူတကွ နေထိုင်လိုသူတွေရဲ့ အခက်အခဲကို ကူညီဖြေ ရှင်းပေးလိုခြင်း သက်သက်သာဖြစ်ပါတယ် ။

၂။ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်း


မိမိတို့လုပ်ကိုင်ရာ ကုမ္ပဏီ ၊ စက်ရုံစသည်များမှာ အလုပ်သမားလိုအပ်ချက်(vacancies) များဖြစ်ပေါ်ခဲ့ပါလျှင် အသင်းကြီးကို အကြောင်းကြားပေးဖို့ပါ ။ အကြောင်းကြားပေးဖို့ ဆိုတဲ့နေရာမှာ တစ်ချို့မှာ မိမိများတာဝန်ယူရလေမလားဆိုတာလေးကို တွေးတောပူပန် မိကြမှာပါ ။ မဟုတ်ရပါ ။ အခွင့်အလမ်းသတင်း ၊ အရည်အချင်းလိုအပ်ချက် ဒါလေးတွေသိ ရုံနဲ့လုံလောက်ပါတယ် ။ ကူညီလိုသူရဲ့ ခွင့်ပြုချက်မရလေဘဲ အသင်းကြီးက မိတ်ဆက်ပေး ခြင်းမျိုး လုံးဝလုပ်ဆောင်လိမ့်မှာ မဟုတ်ပါလေဘူးဗျာ ။ အဲ..အလုပ်ရှာဖွေနေသူတွေကလည်း မိမိအရည်အချင်း ၊ကျွမ်းကျင်နိုင်နင်းမှု များကို မောင်နှမအရင်းသဖွယ် ပွင့်ပွင့်လင်းလင်း ဆွေး နွေးကြမယ်ဆိုလျှင်ဖြင့် ကျွန်းနှင့်ကိုင်းသဖွယ် နှစ်ဖလှယ် အကျိုးရှိနိုင်ကြောင်းရယ်ပါ ။

၃။ ဘာသာရေးပွဲများ နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း ။

ဘာသာရေးပွဲနဲ့ ပက်သက်လို့ အသင်းကြီးမှာ မိမိကိုးကွယ်ရာဘာသာကို vote လုပ်ထားကြ မယ်ဆိုလျှင် မိမိတို့ သက်ဆိုင်ရာ ဘာသာရေးပွဲများကို ရွှေမြန်မာများ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါတယ် ။ ဗုဒ္ဓဘာသာဝင် စေတနာတို့အနေနဲ့ကတော့ ဒီထက်ပို၍ ကြိုးစားအား ထုတ်ကြရဦးမယ်လို့ ခံစားမိပါတယ် ။ ရွှေမြန်မာအားလုံး နှုတ်၏ဆောင်မခြင်းများ ၊လက်၏ ဆောင်မခြင်းများ လိုအပ်နေသေးတယ်လို့ ခံစားမိပါတယ် ။

လူမျိုးဘာသာမရွေး ပျော်ရွှင်စွာဆင်နွှဲနိုင်တဲ့ပွဲများဆိုတာကလည်း တစ်ယောက်အားနဲ့ကျင်းပ လို့ မရစကောင်း ။စုပေါင်းအားနဲ့ မှသာ အောင်မြင်ပျော်ရွှင်နိုင်တဲ့ သဘာဝ ရှိလေတော့ အသင်း ကြီးနဲ့ နီးနီးကပ်ကပ် ရှိနေမှသာဖြစ်ပါတယ် ။

အသင်းကြီးနဲ့ ပက်သက်ပြီး ဝေဖန် အကြံပေး ပူးပေါင်းလိုပါလျှင်ဖြင့်
http://myanmar-in-dubai.ning.com , http://sarsanayaungchi.blogspot.com နှင့် http://www.naysoenaing.com တို့ သို့  လာရောက် ဖတ်ရှုလေ့လာနိုင်ကြပါတယ် ။
MID Forum က DMA (Pre) group လေးမှာ အဖွဲ့ ဝင်အင်အား အတန်အသင့် တောင့်တင်းလာတာနဲ့  အစည်းအဝေး တစ်ခု စတင်ခေါ်ယူပြီး DMA ကို ဖွဲ့ စည်းမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကောင်းများနဲ့ သက်ဝင်နေသော D.M.A အသင်းကြီး အောင်မြင်စွာ ဖြစ်ပေါ် ပါစေကြောင်း ဆုတောင်းနေမိပါသည် ။

ရွှေမြန်မာအားလုံးကို လေးစားချစ်ခင်သော
စေတနာ
13.06.2009(21း20)

3 comments:

မောင်ကောင်း said...

ဖတ်ရတာ စိတ်ချမ်းသာမိပါတယ်ဗျာ.. ဒီလိုမျိုး အဝေးရောက် မြန်မာလူမျိုးအချင်းချင်း ရိုင်းပင်းကူညီပေးကြတဲ့ စာပေလေး ဖတ်ရတော့ ကြည်နူးမိပါတယ်....
DMA အဖွဲ့ကြီး အောင်မြင်မှုများစွာဖြင့် ဆက်လက် အကျိုးပြု ဆောင်ရွက်နိုင်ပါစေ...

Firedragonhouse said...

ဆိုင်းထီးဆိုင်က ဆိုငြီးခဲ့တယ်..။
တာတိုမှာ ခွန်အား..
တာလတ်မှာ...ဆုံးဖြတ်ချက်..
တာဝေးမှာ စိတ်ဓာတ် တဲ့...။
ငါတို့ ခရီးက တာတိုလား..
တာလတ်လား..
တာဝေးလား...။
သေချာတာကတော့..
ငါတို့တစ်တွေထဲက
အတော်ဆုံးသူတွေသာ
ရှင်သန်ကျန်ရစ်နိုင်မယ်ဆိုတာပဲ..။
ငါတို့...အိပ်မက်တွေကို အတောင်ပံတပ်ပေးမယ်ဆိုပီး..လာခဲ့ကြတာ..
ငါတို့ ..ခမ်းနားထည်ဝါတဲ့..နန်းတော်တွေ တည်ဆောက်ကြမယ်ဆိုပီး..လာခဲ့ကြတာ...
စိန်ခေါ်မူအသစ်တွေကို ..
ငါတို့က လိုက်ရှာခဲ့ကြတာ...
ဟုတ်တယ်...
ငါတို့ တာထွက်ကောင်းခဲ့ကြတယ်...။
နိုင်ရင်လဲ ခမ်းခမ်းနားနား..
ရှုံးရင်လဲ ပိုးစိုးပက်စက်...။
တာထွက်ကောင်းခဲ့ကြသလို..
ပန်းဝင်လှဖို့လဲ...အရေးကြီးတယ်လို့ ကျနော်ထင်တယ်...။
YOU ARE MYANMAR.
I AM MYANMAR.
WE ARE MYANMAR.
WE ARE THE ONE.

Angel Shaper said...

တော်တော်ကောင်းတဲ့ ပိုစ့်လေးပါ...
တို့အဝေးရောက်မြန်မာတွေရဲ့ စည်းလုံးချစ်ခင် လူပီသမှုလေးတွေအတွက် အတိုင်းထက်အလွန် ပျော်ရွှင်ကြည်နူး ဂုဏ်ယူစရာလေးပါ။
" စည်းလုံးခြင်းသည်အင်အား " တဲ့။
်Firedragonhouse ပြောတာ အရမ်းမှန်ပါတယ်။
YOU ARE MYANMAR.
I AM MYANMAR.
WE ARE MYANMAR.
WE ARE THE ONE.
DMA အဖွဲ့ ကြီး အောင်မြင်မှုများစွာနဲ့ အသက်ရှည်ရှင်သန်ပါစေ။