စိတ်နှစ်ခွနဲ့
အိပ်မရတဲ့ ညတွေ…
စိတ်နှစ်မျိုးနဲ့
တိတ်တစ်ခိုး လွမ်းမောခဲ့ရတာတွေ…
ဘယ်သူသိသလဲ…
ဘယ်သူခံစား နားလည်ပေးမလဲ…
မာယာကျော့ကွင်း
အတင်း အလျော့…
ကျွမ်းကျင်တယ်ထင်ပြီး ဆော့ခဲ့ပေမယ့်
ခုတော့…ငါ
လက်လျှော့ရမလား…ရှေ့ဆက်တိုးရမလား…
ထိုးထွင်းတဲ့ဉာဏ်လည်း ပျောက်ခဲ့ပြီ……။
သြော်…တစ်ခါတစ်ရံ
သဒ္ဓါလျှံထွက်
မောဟဖက်က
လောဘတွေ တက်တက်ပြီး
အခံခက်တဲ့ ရတက်ပွေရတာဟာ
စိတ်၏မာယာပါတကား……..။
စေတနာ
21.06.2009(12း26)
1 comment:
သဒ္ဓါတရားလေးတွေ နည်းနည်းလျော့လိုက်ပါဗျာ.... အဆင်ပြေသွားမှာပါ။
တခါတလေ ကိုယ်ကပေးတတ်ဖို့ လဲလိုသေးတယ်ဗျ...
ဘာပဲပြောပြော အရမ်းကောင်းတဲ့ ရင်တွင်းဖြစ်ကဗျာလေး တပုဒ်ဖတ်သွားပါတယ်။
Post a Comment