Saturday, May 30, 2009

တိတ်တဆိတ်

စေ့ရုံစေ့ထားတဲ့
တံခါးဟဟကိုမှ
တွန်းမဖွင့်ရဲတဲ့ ဘ၀ . . .။

ကိုင်းလုံးတောင်မဟုတ်
ပင်လုံးညွတ်မျှ
ပန်းတွေပွင့်ပြနေတာလည်း
ခူးမယူရဲတဲ့ ဘ၀ . . . ။

စီးကျလာမည့် ရေအလျဉ်က
မြောင်းတောင် မဟုတ်
ချောင်းလောက် ကျယ်မှာသိထားပေမယ့်
စကားဟဟ မဆိုဝံ့တဲ့ ကောင် . . . ။

အဲသည်ကောင်ရဲ့ ရင်ဘတ်ကြီးထဲမှာ...
အိပ်မောကျနေတဲ့ မြားနတ်မောင်ရှိမယ် . . .
ပြီးတော့ . . .
ပခုံးထက်က နေလနှစ်စင်း . . .
မျှော်လင့်ခြင်း မျက်ဝန်းအစုံအစုံအတွက်
သံပတ်အထပ်ထပ်ပေးထားရတဲ့ ဦးနှောက် အစုံရယ်
ရင်ခုန်သံ မမှန်တော့တဲ့ နှလုံးသားတစ်စုံမှာ
သော့တွေ အထပ်ထပ်ပါလား . . .။

ဟုတ်ကဲ့
သည်လူရဲ့
ချစ်ခြင်းဆိုတဲ့ အဘိဓမ္မာ
ဘာတဲ့ . . . ဟုတ်ကဲ့
“အချစ်တဲ့လား သူဖျားနေတယ်...“။ ။


အောင်စည်ဟိန်း

7 comments:

ရေတမာ said...

အကိုရဲ့ စိတ်ဓါတ်ကိုလေးစားပါတယ်။ ချစ်သူတိုင်းဆုံစည်းနိုင်ကြပါစေ။

flowerpoem said...

ကိုယ်အမှန်တကယ်ချစ်တဲ့သူနဲ့ ဆုံဆည်းနိုင်ပါစေ..

Anonymous said...

အချစ်က ဖျားနေတာပဲ ကောင်းပါတယ်....နို့ မို့ ဆို...တယ်...မလွယ်ဘူး...။

မိုးစက်

Anonymous said...

ညောင်စေ့ လေးက သေးသလောက်၊ ညောင်ပင်ကျတော့ ကြီးမားတယ်။ ပြီးတော့ သင့်သင့် မသင့်သင့် အစေ့ကျတဲ့နေရာမှာ အလွယ်တကူ အပင်ပေါက်တတ်တယ်။ နဲနဲလေး ကြီးလာတာနဲ့  နှုတ်ပစ်ဖို့  မလွယ်တော့ဘူး။ သံယောဇဉ်..ဆိုတာလည်း ညောင်ပင်လိုပဲ။

Anonymous said...

ကောင်းလွန်းလို့ ကွန်မန့် ကို
ဘယ်လိုမန့်ရမှန်းတောင် မသိပါဘူးဗျာ

လေးစားစွာဖြင့်
စေတနာ

နေစိုးနိုင် said...

ဖျားရင်ဆေးသောက် .. ပျောက်

Unknown said...

ကျွန်တော်တို့ချင်း မသိလို.ကျွန်တော့ကိုရေးတာ မဟုတ်ဘူးလို့ ထင်ပါတယ်ခင်ဗျာ။.....ချစ်သူတိုင်း ဆုံဆည်းနိုင်ကြပါစေ။