ဟယ်..လို.....
ခင်ဗျာ . . .
မန်ယူ... ချယ်ဆီး.... ဘာစီ
သြော် . . . ပြီးတော့ . . .
မြန်မာ့လိဂ် ပရိုအလှည့်အပြောင်း
ဟုတ်ကဲ့ . . . ဟုတ်ကဲ့
အခုတလော ရင်ခုန်သံတွေ မကောင်းသေးလို့ပါ။
သြော် . . . ဘယ်လို
ချိုင်းနဲ့ အတိတ်စိမ်းတွေချည်းအားမကိုးနဲ့
ဟုတ်ကဲ့ . . . ဟုတ်ကဲ့
သြော် . . . မနက်ပိုင်း ထမင်းစားဂဏန်းတဲ့လား
ခင်ဗျာ . . . ဟုတ်ကဲ့ပါ . . . ဟုတ်ကဲ့ပါ..
ပြောရရင် ကျွန်တော်
ဂဏန်းတွေထဲမှာ မပျော်ဝင်နိုင်တာ ကြာလှပေါ့။
ခင်ဗျာ . . .
ကမ္ဘာငွေကြေး . . .ဗျာ . . . ဘယ်လို
မြောက်ကိုရီးယားအရေး . . .
ဝက်တုပ်ကွေး၊ ပြီးတော့
သြော် . . . လက်ဖက်နဲ့ ငါးပိ ဆိုးဆေးတွေအထိ
အဲ . . . ရေးတေးတေးတော့ သိလိုက်တယ်ခင်ဗျ။
ဗျာ . . . ကျွန်တော်
ဟုတ်ကဲ့ . . . တစ်ခြား ကမ္ဘာက ဂြိုလ်သားမဟုတ်ပါဘူး။
ကျွန်တော်အပါအ၀င် ဘု စု ခရု ၀မ်းသမုဒ္ဒရာအစင်းအစင်းအတွက်
လောကဓံနဲ့ စီးချင်းထိုးနေရ
လက်ပန်းကျလုလု သူလို ကိုယ်လို လူပါ။ ။
အောင်စည်ဟိန်း
3 comments:
လက်ပန်းကျလုလု လောကဓံနဲ့ စီးချင်းထိုးနေရလို့ 
အခုတလော ဂဏန်းတွေထဲမှာ မပျော်ဝင်နိုင်ပဲ
ရင်ခုန်သံတွေ မကောင်းသေးပေမယ့် အဲဒီ သတင်းတွေကို ရေးတေးတေးလေး သိလိုက်ဖို့ 
incoming call လက်ခံစရာ ဖုန်းတစ်လုံး ရှိနေသေးတာမို့  သူလို ကိုယ်လိုလူတော့ ဟုတ်ပါဘူးဗျာ။
ကဗျာလေးကောင်းတယ်ဗျာ သဘောကျတယ်။
အကိုခံစားမိသလို ခံစားမိပါကြောင်း
မြန်မာပြည်မှာတုန်းက ချဲတွက်ခဲ့တာကိုလည်း
ရှိုးတိုးရှန်းတန်း အမှတ်ရမိပါကြောင်းဗျာ...
လေးစားစွာဖြင့်
စေတနာ
ထိထိမိမိ ကိုရေးချလိုက်တာပဲ အားကျတယ်ဗျာ
ရေးတတ်ချင်တယ် ဒီခေါင်းက အဲ့လောက်မကောင်းဘူး။
Post a Comment