ပင်လယ်ကမ်းခြေတစ်လျှောက်
အလည်ရောက်တဲ့အခါတိုင်းဆို
ရေချိုတွင်းကလေးတွေကို အမှတ်ရနေတတ်ပါတယ်။
တကယ်အပြောကျယ်တဲ့
ပင်လယ်ကြီးရှိနေလျက်
ရေချိုတစ်စက် ရဖို့ကတော့ ခက်ခဲလို့ နေတတ်ပါတယ်။
ဆားငံရည်ပြင်ကျယ်ကြီးဘေးတစ်လျှောက်
ရေချိုတစ်ပေါက်ပေးစွမ်းနိုင်တဲ့ ရေချိုတွင်းကလေးတွေ
များများပေါစမ်းပါစေလို့ ဆုတောင်းခဲ့ဖူးပါရဲ့။
ဗြဟ္မစိုရ်တရားတို့ ပါးရှားချိန်
မေတ္တာတရားတို့ ခမ်းခြောက်ချိန်
လိမ်နိုင်မှ သမာဓိ ညာနိုင်မှ ပညာရှိလို့
အစွန်းရောက်တို့ ရှေ့တန်းရောက်ချိန်မှာ
ခင်မင်စရာကောင်းတဲ့ မိတ်ဆွေတစ်ယောက်တိုးလာတာကို
ကမ်းခြေမှာ......
ရေချိုတစ်တွင်း တိုးလာသလို အားတက်ရပါတယ်။ ။
အောင်စည်ဟိန်း
2 comments:
ဟုတ်တယ် ကိုအောင်စည်ဟိန်းရေ...လောကကြီးမှာ စိတ်ပျက် စိတ်ဓါတ်ကျစရာတွေ ရှိသလို....စိတ်အားတက်စရာလေးတွေလည်း ရှိနေပါသေးတယ်...ရေချိုတွင်းလေးတွေ ပေါများလာပါစေဗျာ...
ရေချိုတွင်းတွေ ပေါများပါစေရှင်
Post a Comment