Sunday, May 24, 2009

မုန်းတေးသီမည်

ချစ်တုန်းမှာလည်း
မုန်းစကားတွေ ပြောဖြစ်ပါလိမ့်မည်...။

ဆိုစကားတွေ မချိုမြပေမယ့်
မနောအလှကိုတော့ဖြင့်
သိစေ မြင်စေ ချင်လှသည်။

ဘယ်လိုမှ မချိုမြနိုင်သည့်
မုန်းတေးတို့ သီမိသည်မှာ
ချစ်စကို ရှည်စေလို၍သာ ဖြစ်ပါသည်။

အောင်စည်ဟိန်း

3 comments:

လွင်မင်းခန့်  said...

အပြောမလှပေမယ့်
မနောအလှဆိုတာ ကြည့်တတ်ရင်မြင်ပါတယ်...
တစ်ခါတစ်လေတော့လည်း မုန်းဟန်ဆောင်ရတာပေါ့ ကိုအောင်စည်ဟိန်း.. ဒါပေမယ့် အမှန်တရားဆိုတာ အကြာကြီး ဖုံးကွယ်ထားလို့  မရပါဘူး...

LMK

Anonymous said...

ဟန်ဆောင်တာ မကောင်းပေမယ့် ဟန်ဆောင်ကောင်းဖို့တော့ လိုတယ်နော်

မေဆုနိုင်

may16 said...

မုန်းတေးတော့မသီပါနဲ့ဦး ချစ်စကိုရှည်စေက ကောင်းပါတယ် မုန်းစကိုတိုစေတာ က ပိုကောင်းတယ်..