Sunday, May 24, 2009

ယောက်ျားမျက်ရည်

ဆုတောင်းများ မှားခဲ့လေသလား
ဒါမှမဟုတ်…
အတိတ်ဘဝ တစ်ခုခုမှာ
အဘယ်မျှသေးသိမ်တဲ့အမှုတွေ ပြုမိခဲ့ပါသလဲ…

အချစ်ပေးလို့ အချစ်ပြန်မရတာ
ဖြေသာတတ်ခဲ့ပါတယ်
ကိုယ်က အချစ်ကိုကိုးကွယ်တတ်တဲ့
သူတစ်ယောက်မှ မဟုတ်တာလေ…

အချစ်ကို တန်ဖိုးထား
အချစ်အတွက်အားဖြစ်မယ်ဆိုရင်
ဟိုကမ္ဘာအပြင်ဖက်
လှမ်းထွက်ဆို လှမ်းထွက်ပေးမယ့်ကောင်ပါ်…

ငါ့မိသားစု ငါ့ဆွေငါ့မျိုး
ငါ့အပေါင်းအသင်း ငါ့မြို့ငါ့ရွာ
ငါ့နိုင်ငံအား တတ်အားသရွေ့
ငါလေ..
မေတ္တာတွေ ရှေ့မှာထားခဲ့တယ်..

ငါ့ဘဝခရီးကြမ်း
ငါလှမ်းခဲ့သမျှ တမ်းတမ်းတတ
ပြန်ရခဲ့တဲ့ မေတ္တာ
ငါရှာလို့မတွေ့ ခဲ့ပါလား….

မေတ္တာပေးလို့မှ မေတ္တာပြန်မရ
အခံရခက်လွန်းလို့
ငါဘယ်လိုဖြေဖြေ ဝေဒနာတက်တက်ပြီး
ယောက်ျားမျက်ရည် တစ်စက်ခခဲ့ပြီလေ…

ဒီဘဝမှာ
ဒါတွေပြီးဆုံး နိဂုံးသတ်ဖို့
တို့လေ.. သတိညဏ်အားနဲ့
အမှားပြင်ဆင်ခွင့် ရချင်မိပါတယ်…

ဒါမှမဟုတ်
ဆုတောင်းတိုင်း ပြည့်မယ်ဆိုရင်
မေတ္တာမပါ အကာသက်သက်
ချစ်တတ် ခင်တတ် ဆက်ဆံတတ်တဲ့သူတစ်ယောက်
ဘဝတိုင်း ဘဝတိုင်း ဖြစ်ရပါစေသား …

စေတနာ21.05.2009(00း11)

3 comments:

Anonymous said...

ဆုတောင်းတော့ မမှားစေနဲ့ နော်...

LMK

flowerpoem said...

စိတ်မကောင်းမဖြစ်ပါနဲ့ တစ်နေ့တော့ ဒီအကျိုးတွေက ကိုယ့်ကို အကျိုးပြုပါလိမ့်မယ် ကိုစေတနာ

Anonymous said...

ငိုစရာရှိလာလို့ကတော့ ငိုသာငို ယောက်ျားတွေ မိန်းမတွေ လုပ်မနေနဲ. အားပေးတယ်


မေဆုနိုင်